Connect with us

Hi, what are you looking for?

News

စစ်​ဘေး​ရှောင်များခိုလှုံ​နေ​သောနတ်​မြောင်း​ရွာဘုန်းကြီး​ကျောင်းကို စစ်​တပ်လက်နက်ကြီးဖြင့်ပစ် ပြည်သူ၅ ဦးဒဏ်ရာရ ၊ ဗုံးခိုကျင်းအတွင်းပုန်း​နေသူကိုလည်းပစ်သတ်

မြောက်သို့ဦးတည်နေပြီး ထောက်ကြန့်အင်ခုံဖက်သို့ဝင်လာနိုင်သည်ဖြစ်၍ ပြည်သူများအထူးသတိဝိရိယထားနေထိုင်ကြရန် Local Kalay PDF က သတိပေးသည်။

(နတ်မြောင်းနှင့်နတ်ချောင်းကျေးရွာစစ်ဘေးရှောင်များ။ ဓါတ်ပုံ-CJ)

စစ်ဘေးရှောင်များရှိနေသည့် ကလေးမြို့နယ် နတ်မြောင်းကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ စစ်ဘေးရှောင် ငါးဦးဒဏ်ရာရခဲ့ပြီး ရွာအပြင်ဖက်မှ ဗုံးခိုကျင်းတွင်ပုန်းနေသည့်အရပ်သားတစ်ဦးကိုလည်းသတ်ဖြတ်သွားသည်ဟု ​​ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ များက​ပြောသည်။

နတ်မြောင်းကျေးရွာ အောင်မြေရာပြည့်ဘုန်းတော်ကြီးကျောင်းကို မတ်လ ၈ရက် နေ့လယ်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်။

Public Service Announcement

“အရပ်သားတွေက ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေကြရတာ။ အဲ့ဒါကို သိသိကြီးနဲ့ ပစ်တာ။ ငါးယောက်ထိတယ်။ နှစ်ယောက်က စိုးရိမ်ရတယ်”ဟုကလေးမြို့ခံတစ်ဦကPeople’s Spring သို့ပြောသည်။

ထို့အပြင်နတ်မြောင်းကျေးရွာ သုသာန်အနီးတွင်ပုန်းခိုကျင်းတူး၍ စစ်ရှောင်နေသည့် အရပ်သားတစ်ဦးကိုလည်းအကြမ်းဖက်စစ်ကောင်စီက သတ်ဖြတ်သွားသည်ဟု ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သောLocal Kalay PDFကသတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်များသည်ယနေ့(မတ်လ၉ရက်)နံနက်တွင် အင်စိန်ရွာဟောင်းလမ်းဖက်မှမြောက်သို့ဦးတည်နေပြီး ထောက်ကြန့်အင်ခုံဖက်သို့ဝင်လာနိုင်သည်ဖြစ်၍ ပြည်သူများအထူးသတိဝိရိယထားနေထိုင်ကြရန် Local Kalay PDF က သတိပေးသည်။

အိမ်ခြေ သုံးထောင်နီးပါးရှိသည့်နတ်မြောင်းနှင့် နတ်ချောင်းကျေးရွာသည် တစ်ဆက်တည်း ရှိနေပြီး ဒေသခံအရပ်သားများသည် အကြမ်းဖက်စစ်ကောင်စီရန်မှ ရှောင်ရှားနိုင်ရန် ၂၀၂၁ ဒီဇင်ဘာလကတည်းက ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ(၂၅၆)တပ်ရင်း က လက်နက်ကြီးတွေ နေ့စဥ် ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်ရဲ့ ခလရ(၂၅၆)တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ၁ဦးအပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။