Connect with us

Hi, what are you looking for?

News

မန္တလေး-ရွှေဘိုလမ်း၊ မန္တလေး-မုံရွာလမ်းများတွင် စစ်​ကောင်စီတပ်ကပုံမှားရိုက်​နေ၍ ပြည်သူများသုံးဘီးဆိုင်ကယ်အသုံးမပြုရန် PDF အဖွဲ့များသတိ​ပေး

မန္တလေး-ရွှေဘိုလမ်း၊ မန္တလေး-မုံရွာလမ်းများတွင် အကြမ်းဖက်စစ်ကောင်စီအား ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်များက မကြာခဏခုခံတိုက်ခိုက်နေကြသည်။

(၂၀၂၁ နှစ်ကုန်ပိုင်းတွင် ပစ်ခတ်မှုများရှိနေ၍ မန္တလေး-မုံရွာလမ်းပိုင်းတစ်နေရာတွင်ယာဥ်များရပ်တန့်စောင့်ဆိုင်းနေကြစဥ်။ ဓါတ်ပုံ- CJ)

အကြမ်းဖက်စစ်ကောင်စီက သုံးဘီးဆိုင်ကယ်ဖြင့် ပြည်သူပုံစံ ပုံမှားရိုက်သွားလာနေ၍ မန္တလေး-ရွှေဘိုလမ်း၊ မန္တလေး-မုံရွာလမ်းများတွင် ပြည်သူများ မလိုအပ်ဘဲ သုံးဘီးဆိုင်ကယ်များအသုံးပြု၍ ခရီးသွားလာခြင်းရှောင်ရှားကြရန် ငါးမြို့နယ်မဟာမိတ်တပ်ပေါင်းစုကသတိပေးကြေညာသည်။

စစ်ကိုင်းတိုင်း၊ အရာတော်၊ မြင်းမူ၊ စစ်ကိုင်း၊ မုံရွာ၊ ဝက်လက် ၅ မြို့နယ် မဟာမိတ်တပ်ပေါင်းစုက ယနေ့ (မတ်လ ၉ ရက်နေ့)တွင် ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ရာအဆို
ပါကြေညာချက်တွင်အကြမ်းဖက်စစ်ကောင်စီအနေဖြင့်စစ်ကိုင်းတိုင်းကို နောက်ဆုံးအနေဖြင့် နည်းမျိုးစုံအသုံးပြုပြီး တိုက်ခိုက်ချေမှုန်းရန် ကြိုးစားလာနေကြောင်း၊စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်ယခင်ကသွားလာရာတွင် စစ်တပ်သုံးကားများဖြင့် ယူနီဖောင်းအပြည့်အစုံဝတ်ဆင်၍ ပေါ်ပေါ်တင်တင်သွားလာသော်လည်း ယခုအခါတွင် PDF၊ LPDF၊ ပ.က.ဖတို့၏ ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်မှုများကြောင့် စစ်သုံးကားများ အသုံးမပြုရဲခြင်း၊ စစ်ယူနီဖောင်းများ ဝတ်ဆင်ရဲခြင်းမရှိတော့ကြောင်း၊ ပြည်သူအယောင်ဆောင်ကာ အိမ်စီးကားများ၊ ဘုန်းကြီးကားများ၊ နာရေးကူညီမှုကားများ၊ ကျန်းမာရေးကူညီမှုကားများ၊ အသုံးပြုသွားလာနေကြသည်ကို တွေ့ရှိရကြောင်း အသိပေးရှင်းလင်းထားသည်။

Public Service Announcement

ယခုအခါ နောက်ဆုံးအဆင့်အနေဖြင့် သုံးဘီးဆိုင်ကယ်များအသုံးပြုပြီး မန္တလေး-ရွှေဘိုလမ်း၊ မန္တလေး-မုံရွာလမ်းများကို သွားလာလှုပ်ရှားမည်ဟုသိရကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် မန္တလေး-ရွှေဘိုလမ်း၊ မန္တလေး-မုံရွာလမ်းများကို မလိုအပ်ဘဲ သုံးဘီးဆိုင်ကယ်များအသုံးပြု၍ ခရီးသွားလာခြင်းရှောင်ရှားကြရန်သတိပေးကြောင်း၊ မန္တလေး-ရွှေဘိုလမ်း၊ မန္တလေး-မုံရွာလမ်းများကို သုံးဘီးဆိုင်ကယ်များ အသုံးပြုသွားလာနေသည်ကို တွေ့ရှိရပါက ထိထိရောက်ရောက်တိုက်ခိုက်နှိမ်နင်းသွားမည်ဖြစ်ကြောင်း၊ကြေညာချက်တစ်စုံတစ်ရာ မထုတ်ပြန်မချင်း ပြည်သူများအနေဖြင့် ၎င်းလမ်းများကို သုံးဘီးဆိုင်ကယ်အသုံးပြုသွားလာခြင်းမပြုရန် သတိပေးထုတ်ပြန်သည်။

မန္တလေး-ရွှေဘိုလမ်း၊ မန္တလေး-မုံရွာလမ်းများတွင် အကြမ်းဖက်စစ်ကောင်စီအား ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်များက မကြာခဏခုခံတိုက်ခိုက်နေကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။