Hi, what are you looking for?
အခမ်းအနားသို့ ကြာအင်းဆိပ်ကြီးမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်၊ KNU/KNLA တပ်ရင်း(၁၇) ၊တပ်ခွဲ - ၂ မှ ဒုတိယတပ်ခွဲမှူး၊ နဂါးနီစစ်ကြောင်းမှူးနှင့် စစ်ကြောင်းတပ်ခွဲမှူးများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ရဲဘော်များနှင့် ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပ.အ.ဖ)အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်သည်။
ကော်သူးလေတပ်မတော်နေ့တွင် ကရင်အမျိုးသား ပြည်သူများ၏ ဂုဏ်သိက္ခာနှင့် အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရင်း အသက်နှင့်ခန္ဓာကို စွန့်လွှတ်ပေးလှူခဲ့သော ကရင့်သူရဲကောင်းအာဇာနည်များ၊ ကရင်ပြည်သူများအားလုံးကို လေးနက်စွာ အောက်မေ့ဦးညွှတ် ဂုဏ်ပြုကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ သဝဏ်လွှာ ၌ ဖော်ပြထားသည်။