Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အား အသုံးချပြီး သွေးခွဲသပ်လျှိုလာဟု NUG ကာကွယ်ရေးဝန်ကြီးဌာန သတိပေး

ပြည်သူလူထုများအား နွေဦးအောင်ပွဲသတင်းများကို ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည့် ဦးမောင်မောင်ဆွေက ရှင်းလင်းတင်ပြခဲ့သည့်ရုပ်သံမှတ်တမ်းကို ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

(၂၀၁၆ အတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်လေဆိပ်တွင် ခရီးဦးကြိုပြုနေသည့် မင်းအောင်လှိုင်။ ဓာတ်ပုံ-EPA)
(၂၀၁၆ အတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်လေဆိပ်တွင် ခရီးဦးကြိုပြုနေသည့် မင်းအောင်လှိုင်။ ဓာတ်ပုံ-EPA)

“ပြည်သူဦးဆောင်သည့် တော်လှန်ရေးမှာ ပြည်သူ့ရဲ့ဆန္ဒသည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ဆန္ဒ” – ကာကွယ်ရေးပြောရေးဆိုခွင့်ရှိသူ

ပြည်သူလူထုခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အသုံးချပြီး သွေးခွဲသပ်လျှိုမှု ပြုလုပ်လာသည့်အထိ စစ်ကောင်စီအနေဖြင့် ကြံရာမရ ဖြစ်နေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ ဒုတိယအတွင်းဝန်ဦးမောင်မောင်ဆွေက ယနေ့ ပြောကြားလိုက်သည်။

ပြည်သူလူထုများအား နွေဦးအောင်ပွဲသတင်းများကို ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည့် ဦးမောင်မောင်ဆွေက ရှင်းလင်းတင်ပြခဲ့သည့်ရုပ်သံမှတ်တမ်းကို ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် စကစရဲ့ အဓိကထောက်ပို့လမ်းကြောင်းများ၊ ဆက်သွယ်ရေးလမ်းကြောင်းများအား စိုးမိုးမှု လုပ်ဆောင်အင်အားရာချီပါသည့် စစ်ကောင်စီ စစ်ကြောင်းများအား ဖြတ်တောက်တိုက်ခိုက်ခြင်း၊ စစ်ကောင်စီအထိုင်စခန်းများအား ချေမှုန်းတိုက်ခိုက်ခြင်းများအား ခပ်စိပ်စိပ်အောင်ပွဲယူနိုင်ပြီဖြစ်သည်ဟု ဦးမောင်မောင်ဆွေက ပြောကြားပြီး စစ်ကောင်စီတပ် စိတ်ဓာတ်ရေးရာအရ ပျက်ပြားပြီး ထွက်ပြေးလာခြင်း၊ ဘက်ပြောင်းခိုလှုံလာခြင်းများလည်း အမြောက်အများ ပေါ်ပေါက်လာနေကြောင်း အသိပေးသည်။

မြေပြင်၌ စစ်ရေးအရရှုံးနိမ့်နေသည့် စစ်ကောင်စီတပ်သည် တိုင်းရင်းသား ပြည်သူလူထုနှင့် တော်လှန်ရေးအင်အားစုများအကြား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တော်လှန်ရေးအင်အားစုများ၊ ပြည်သူလူထုများအကြား သဘောထား ကွဲလွဲအောင် ပြုလုပ်လာသည်ကိုလည်း တွေ့ရကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

အာဏာရှင်များ၏ လမ်းဟောင်းအတိုင်း လုပ်နေကျအတိုင်း သွေးခွဲသပ်လျှိုမှုများ စစ်ကောင်စီကလုပ်ဆောင်နေသည်ကို ပြသူများအားတင်ပြလိုသည်ဟု ဦးမောင်မောင်ဆွေက ပြောသည်။ စစ်ကောင်စီကပြီးခဲ့သည့် ရက်ပိုင်းအတွင်း PDFများကို ဒေါ်အောင်ဆန်းစုကြည်က မထောက်ခံဟု နည်းမျိုးစုံဖြင့် ဝါဒဖြန့်မှုများ ပြုလုပ်လာသည့်အပေါ် ဦးမောင်မောင်ဆွေကရှင်းပြခြင်းဖြစ်သည်။

“နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်က ရှင်းပါတယ်။ ဒီမိုကရေစီ အစိုးရရဲ့အင်အားသည် ပြည်သူပါ။ ပြည်သူ့ရဲ့အင်အားသည်လည်း ဒီမိုကရေစီ အစိုးရဖြစ်ပါတယ်။ ပြည်သူ့ဆန္ဒနှင့်အညီလုပ်ကိုင်ဆောင်ရွက်ခြင်းသည်သာလျင် ဒီမိုကရေစီ အစိုးရ မည်ပါတယ်။ ကျနော်တို့ ခေါင်းဆောင်ကလည်း အမြဲတမ်းပြောခဲ့တဲ့ စကားရှိပါတယ်။ ပြည်သူသာ အဓိကပါလို့။ ဒါ ကျနော်တို့ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ လွှတ်တော်ကိုယ်စားလှယ်အားလုံးကိုလည်း ဆုံးမပြီး ကိုယ်တိုင် ကျင့်ကြံအားထုတ်နေတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ပါတယ်”ဟု ဦးမောင်မောင်ဆွေက ပြောသည်။

နွေဦးတော်လှန်ရေးအစ အာဏာစသိမ်းသည့် အချိန်၌ပြည်သူလူထုဆီသို့ဖြန့်ဝေခဲ့သည့် ပြည်သူသို့ ပန်ကြားစာမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ ညွှန်ကြားချက်အရ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ အာဘော်များကိုဖြန့်ဝေခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“အဲဒီစာထဲမှာဆိုရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ အာဏာသိမ်းတာနဲ့ပတ်သက်တဲ့ သဘောထားကို ရှင်းရှင်းလင်းလင်းကို မြင်နိုင်ပါတယ်။ တပ်မတော်မှ အာဏာသိမ်းခြင်းကို ပြည်သူလူထု တစ်ရပ်လုံးအနေဖြင့် လုံး၀ လက်မခံဘဲ တခဲနက် ဆန့်ကျင်တုန့်ပြန်ကြပါရန် တိုက်တွန်းလိုက်ပါသည် ။ ပြည်သူသာလျင် အဓိကပါ။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူသို့ ပန်ကြားစာမှာ အဲဒီလို ရေးသားပြီးတော့ ပန်ကြားခဲ့ပါတယ်”ဟု ဦးမောင်မောင်ဆွေက ပြောသည်။

နွေဦးတော်လှန်ရေးသည် ပြည်သူလူထုအားလုံး၏ အခွင့်အရေးများကို မတရားသိမ်းပိုက်သွားသည့် လက်နက်အားကိုးဖြင့် အနိုင်ကျင့်ယူသွားသည့် ကြံရာမရ စကစကို တွန်းလှန်နေသည့် တော်လှန်ရေးဖြစ်ကြောင်း ၊ ပြည်သူဦးဆောင်နေသည့် တော်လှန်ရေးဖြစ်ကြောင်း ၎င်းကဆိုသည်။

“ပြည်သူဦးဆောင်သည့် တော်လှန်ရေးမှာ ပြည်သူ့ရဲ့ဆန္ဒသည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ဆန္ဒ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဆန္ဒသည် ပြည်သူ့ဆန္ဒဖြစ်တဲ့အတွက် တော်လှန်ရေးအင်အားစုတွေအကြား ကျနော်တို့ညီအကိုမောင်နှမတွေအကြားမှာ သွေးကွဲစရာ လုံး၀မရှိပါဘူး”ဟု ဦးမောင်မောင်ဆွေက ပြောသည်။

ကြံရာမရသည့် စစ်ကောင်စီသည် မတရားထောင်ချထားသည့် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချရလောက်သည်အထိ သွေးပျက်နေခြင်းကိုလည်း ကာကွယ်ရေး ဒုအတွင်းဝန်က မေးခွန်းထုတ်ခဲ့သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒီစာက မွေးနေ့ရှင်အတွက် ရေးတဲ့စာပါ။ အခြားမွေးနေ့တွေထက် ဒီနှစ်မွေးနေ့က ထူးခြားတဲ့မွေးနေ့အခါမို့ ရေးဖြစ်တာဆိုရင်လည်း မမှားပါဘူး။

သတင်း

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှောက်ပင်ကျေးရွာက စစ်တပ်စခန်းတိုက်ခိုက်ရာ ၃ ဦး သေဆုံးပြီး သေနတ် ၅လက် သိမ်းဆည်းရရှိတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို ပြည်လုံးကျွတ်လှုပ်ရှားမှာဖြစ်ပြီး ပြည်သူအားလုံး ​ဘေးကင်းတဲ့နည်းလမ်း​တွေနဲ့ပါဝင်ကြဖို့ သပိတ်​ခေါင်း​ဆောင်​တွေ ၊​သပိတ်အဖွဲ့နဲ့​တော်လှန်​​ရေးအင်အားစု​တွေက နှိုး​ဆော်​ပါတယ်။