Connect with us

Hi, what are you looking for?

သတင်း

ကရင်၊ ကချင်နှင့် ကရင်နီတပ်များနှင့်အတူ PDF တပ်များတိုက်ပွဲဝင်နေမှု ယာယီသမ္မတနှင့် ဝန်ကြီးချုပ်ထံ ကာကွယ်ရေးဝန်ကြီးဌာန တင်ပြ

ယာယီသမ္မတထံသို့ ဝန်ကြီးဦးရည်မွန်က သွားရောက်တင်ပြခဲ့ပြီး ဒုဝန်ကြီး နိုင်ကောင်းရွက်က ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတို့ထံ တင်ပြခဲ့သည်ဟု အသိပေးသည်။

(ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ထံ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးရည်မွန်နှင့် ဒုဝန်ကြီး နိုင်ကောင်းရွက်တို့ သီးခြားစီ သွားရောက်တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - PVTV)
(ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ထံ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးရည်မွန်နှင့် ဒုဝန်ကြီး နိုင်ကောင်းရွက်တို့ သီးခြားစီ သွားရောက်တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - PVTV)

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ထံ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးရည်မွန်နှင့် ဒုဝန်ကြီး နိုင်ကောင်းရွက်တို့ သီးခြားစီသွားရောက်ပြီး လက်ရှိစစ်ရေး အခြေအနေများကို တင်ပြခဲ့ကြောင်း NUG သတင်းပြန်ကြားရေးဌာန PVTVက အသိပေး ဖော်ပြသည်။

ယာယီသမ္မတထံသို့ ဝန်ကြီးဦးရည်မွန်က သွားရောက်တင်ပြခဲ့ပြီး ဒုဝန်ကြီး နိုင်ကောင်းရွက်က ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတို့ထံ တင်ပြခဲ့သည်ဟု အသိပေးသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ် ရေးတပ်မတော် (PDF)တပ်များက လက်ရှိအချိန်တွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ၊ မဟာမိတ်အဖွဲ့အစည်းများနှင့် ပူးပေါင်း တိုက်ပွဲဝင်နေသည့် အခြေအနေတွင် ကာကွယ်ရေးဌာန တာဝန်ရှိသူများက ယာယီသမ္မတနှင့် ဝန်ကြီးချုပ်ထံ စစ်ရေးအခြေအနေများ တင်ပြခဲ့ခြင်းဖြစ်သည်။

(ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ထံ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးရည်မွန်နှင့် ဒုဝန်ကြီး နိုင်ကောင်းရွက်တို့ သီးခြားစီ သွားရောက်တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - PVTV)
(ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ထံ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးရည်မွန်နှင့် ဒုဝန်ကြီး နိုင်ကောင်းရွက်တို့ သီးခြားစီ သွားရောက်တွေ့ဆုံနေစဉ်။ ဓာတ်ပုံ – PVTV)

“လက်တလောဖြစ်ပွားနေတဲ့ ကရင်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာလည်း KNLA နဲ့ အတူ ပူးပေါင်းတိုက်ခိုက်တာ ၊ ကချင်ပြည်နယ်မှာ KIA နဲ့ အတူပူးပေါင်းတိုက်ခိုက်တာ ၊ ကရင်နီပြည်မှာ KNDF နဲ့အတူ ပူးပေါင်းတိုက်ခိုတာတွေ အပြင် အခြားသော တိုင်းရင်းသားဒေသတွေမှာလည်း အကြမ်းဖက်စစ်တပ် အမြတ်ပြတ်ချေမှုန်းရေး တိုက်ပွဲတွေကို ဖော်ဆောင်နေတာပါ”ဟု PVTVက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ပြည်သူများကို နေ့စဉ်သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်တပ်ကို အမြစ်ပြတ်ချေမှုန်းရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်က မဟာဗျူဟာမြောက် လုပ်ဆောင်နေသည့် အကြောင်းအရာများကိုလည်း တင်ပြဆွေးနွေးခဲ့ကြောင်း အသိပေးသည်။

ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်သည် KIA ထိန်းချုပ်လှုပ်ရှားနေသည့် ကချင်ဒေသ၌ ရောက်ရှိနေမှုကို ယခင်ကတည်းက ဓာတ်ပုံမှတ်တမ်း ဖော်ပြချက်များအရ သိရသည်။ KIA ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် စစ်ကောင်စီတပ်စခန်းများသို့ ကာကွယ်ရေးဝန်ကြီးနှင့် KIA စစ်ဘက်ခေါင်းဆောင်များအတူ သွားရောက်ခဲ့မှုကိုလည်း အသိပေးထားသည်။

ထို့ပြင် မကြာသေးမီက ရှေ့တန်းစခန်းတစ်ခုရှိ ရဲဘော်များအား ယာယီသမ္မတ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ခေါင်လွန်းတို့ အတူသွားရောက်ခဲ့သည်ကိုလည်း ဓာတ်ပုံမှတ်တမ်းများ ထွက်ပေါ်ခဲ့သည်။

အလားတူ ကာကွယ်ရေးဒုဝန်ကြီးသည်လည်း ကရင်နှင့် မွန်ဒေသ တော်လှန်ရေးတပ်များ လှုပ်ရှားရာ ရှေ့တန်းနယ်မြေများသို့ သွားရောက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများ သက်ဆိုင်ရာ အဖွဲ့များက ထုတ်ပြန်ထားသည်။

ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းသည်လည်း ရှေ့တန်းစခန်းများရှိ PDF ရဲဘော်များအား သွားရောက် တွေ့ဆုံခဲ့ခြင်းများ ရှိခဲ့သည်။ ပြည်ထဲရေး ဝန်ကြီးဦးလွင်ကိုလတ်သည်လည်း ပဲခူးတိုင်းရှိ ရှေ့တန်းနယ်မြေများသို့ သွားရောက်ကာ တော်လှန်ရေးရဲဘော်များနှင့် တွေ့ဆုံမှု ပြုလုပ်ထားသည်။

ယခု ထုတ်ပြန်သည့် ဓာတ်ပုံနှင့် သတင်းများအရ အမျိုသားညီညွတ်ရေးအစိုးရထိပ်ပိုင်းခေါင်းဆောင်များ သည် တိုက်ပွဲဖြစ်ပွားရာ ဒေသများအနီးတွင် ရှိနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ် ၊​မြောက်ခြမ်းကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ် (တပ်မ ၃၃) ၏ စစ်ကြောင်းတစ်ခုလုံး ပြုတ်သည်အထိတိုက်ခိုက်ခံရပြန်ပြီး ၂၀ ထက်မနည်းသေဆုံးကာလက်နက် ၂၀ကျော်ရရှိကြောင်း စစ်​ရေးသတင်းရင်းမြစ်များက ပြောသည်။

သတင်း

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်ရှိ စစ်ကောင်စီ၏ စကခ(၁၃)နှင့် ခလရ(၄၃၂)တပ်ရင်းတို့မှ တပ်သားသစ်သုံးဦး ပြည်သူ့ရင်ခွင်ခိုလှုံကာ အလင်းဝင်ရောက်လာကြောင်း ကော့သောင်းခရိုင် အမှတ်(၁)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊တိုင်းစစ်ဌာန (ပဲခူး)၊ ဗျူဟာ (၂၀)၊ ပဲခူးခရိုင်တပ်ရင်း (၄)၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ၊ တပ်စုဖွဲ့တည်ထောင်ခြင်းနှင့်လက်နက်တပ်ဆင်ခြင်း အခမ်းအနား ကျင်းပခဲ့သည်။

သတင်း

ကရင်ပြည်နယ်၊ တပ်မဟာ(၆)နယ်မြေအတွင်း တိုက်ပွဲများပြင်းထန်ပြီး တော်လှန်ရေးတပ်များက စစ်ကောင်စီ၏ ရင်ကွဲတောင်စခန်းအပါအဝင် တပ်စခန်းအချို့သိမ်းပိုက်ရရှိကာ ကော့ကရိတ်မြို့နယ်မြို့ကိုလည်း ဝန်းရံပိတ်ဆို့ထားကြောင်း လူထုနွေဦး၏ ကရင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။