Connect with us

Hi, what are you looking for?

သတင်း

Federal Wings တပ်ဖွဲ့ဝင်အချို့ဖြင့် ကာကွယ်ရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်၌ ဒရုန်းတပ်ဖွဲ့ ဖွဲ့စည်းမည်

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် Federal Wings၏ တိုက်ခိုက်ရေး ဒရုန်းများထုတ်လုပ် တပ်ဆင်ရေးလုပ်ငန်းများအတွက်လိုအပ်သည့် ဘဏ္ဍာငွေအား လုပ်ငန်းစီမံကိန်းများအလိုက် ဖြည့်တင်းနိုင်ရန်အတွက် အားဖြည့်ကူညီသွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

(Federal Wings ဒရုန်းတပ်ဖွဲ့မှ ရဲဘော်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - Federal Wings)
(Federal Wings ဒရုန်းတပ်ဖွဲ့မှ ရဲဘော်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - Federal Wings)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၃)နှင့် တပ်မဟာ(၆)နယ်မြေ၌ တိုက်ပွဲဝင်နေသည့် ဒရုန်းတပ်ဖွဲ့ Federal Wings ၏ မြေပြင်တိုက်ခိုက်ရေး ဒရုန်းအဖွဲ့ဝင်များမှ အင်အားအချို့အား ထုတ်နုတ်စုစည်း၍ ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ် (၁၈၀၁)ဒရုန်းတပ်ဖွဲ့အဖြစ် ဖွဲ့စည်းကာ ကွပ်ကဲမှုအဆင့်ဆင့်ခံယူမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်အသိပေးသည်။

NUG ကာကွယ်ရေး၊ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူအချို့နှင့် မကြေလည်မှုရှိခဲ့သည့် Federal Wings အဖွဲ့က ယခုနှစ်မတ်လကုန်ပိုင်းတွင် လူမှုကွန်ရက်၌ ၎င်းတို့ ဖွဲ့စည်းမှု ၊ NUG တာဝန်ရှိသူအချို့နှင့်ဆွေးနွေးရာ၌ အဆင်မပြေခဲ့မှုအပါအဝင် ပြဿနာအချို့ရှိခဲ့ကြောင်း လူမှုကွန်ရက်တွင် ရေးသားခဲ့ပြီးနောက် ဧပြီအတွင်း၌ပင် ကာကွယ်ရေးဝန်ကြီး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးတို့နှင့် Federal Wings အဖွဲ့သားများတွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲအစည်းအဝေးတွင် စစ်အာဏာရှင်အား အမြစ်ပြတ်ချေမှုန်းရေးအတွက် တော်လှန်ရေးလုပ်ငန်းများအား ယခုထက်ပိုမို၍ ထိရောက်စွာဆောင်ရွက်နိုင်ရန် အဓိကထား ဆွေးနွေးခဲ့ကြောင်း NUG ကာကွယ်ရေးက ယနေ့ (မေလ ၁၁ရက်)တွင် ထုတ်ပြန်အသိပေးသည်။

Public Service Announcement
Public Service Announcement

NUG ကာကွယ်ရေးက ပြည်သူလူထုသို့ အသိပေးခဲ့သည့်အချက်များတွင် Federal Wings ကော်မတီအနေဖြင့် Federal Wings ၏ နည်းပညာဆိုင်ရာလုပ်ငန်းများ၊ Research & Development လုပ်ငန်းများ၊ ရန်ပုံငွေရရှိရေးလုပ်ငန်းများ၊ ပစ္စည်းရွေးချယ်ဝယ်ယူခြင်း လုပ်ငန်းများအား မူလအတိုင်းဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနနှင့် ချိတ်တွဲ၍ ဆောင်ရွက်သွားမည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် Federal Wings၏ တိုက်ခိုက်ရေး ဒရုန်းများထုတ်လုပ် တပ်ဆင်ရေးလုပ်ငန်းများအတွက်လိုအပ်သည့် ဘဏ္ဍာငွေအား လုပ်ငန်းစီမံကိန်းများအလိုက် ဖြည့်တင်းနိုင်ရန်အတွက် အားဖြည့်ကူညီသွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

ဘဏ္ဍာရန်ပုံငွေသုံးစွဲမှုများအား စနစ်တကျရှိစေရန်အတွက် Federal Wings ကော်မတီ၊ ဘဏ္ဍာရေးအဖွဲ့နှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ ဘဏ္ဍာရေးတာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း ထုတ်ပြန်သည်။

ကာကွယ်ရေးဝန်ကြီးဌာနနှင့်သက်ဆိုင်ရာ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၏ Chain of Commands ဖြင့် Federal Wings သည် စစ်ဆင်ရေးများတွင် ပါဝင်တိုက်ခိုက်၍ အကြမ်းဖက်စစ်အာဏာရှင်အား အမြစ်ပြတ်ချေမှုန်းသွားမည် ဟုလည်း ဖော်ပြသည်။

အဆိုပါ Federal Wings ဒရုန်းတပ်ဖွဲ့သည် ကော်ဘရာစစ်ကြောင်း နှင့်အတူ တိုက်ပွဲဝင်ခြင်းအပါအဝင် KNU တပ်မဟာ(၆)၊ တပ်မဟာ(၃)နယ်မြများ၌ စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ ဒရုန်းတပ်ဖွဲ့ဖြစ်တဲ့ Federal Wingsက ရဲဘော်ဟောင်းတွေနဲ့ ပြည်သူတွေဆီသို့ အိတ်ဖွင့်ပေးစာကို ဇန်နဝါရီ ၂၃ရက် နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ရာ ရဲဘော်ဟောင်းတွေရဲ့ စတေးမှုတိုင်းကို တန်ဖိုးထားကြောင်း အသိအမှတ်ပြုကြောင်း ဖော်ပြကာ တပ်ဖွဲ့ဝင်တွေအနေနဲ့ ရဲဘော်ဟောင်းများအပေါ် အစဉ်အမြဲ လေးစားမှုရှိဖို့ စည်းကမ်းသတ်မှတ်ထားပြီးဖြစ်ဟု အသိပေးပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသလက်အောက်ခံတမူးခရိုင်၊အမှတ် (၂)တပ်ရင်းက လာမယ့် ၂၀၂၆ခုနှစ်အတွင်း စစ်ရေးအရှိန်မြှင့်မယ်လို့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနမှာ နောက်ထပ် တပ်ရင်း ၁ ရင်း၊ ဒရုန်းတပ်ဖွဲ့ ၁ဖွဲ့ထပ်မံဖွဲ့စည်းလိုက်တယ်လို့ ပြည်သူလူထုကို အသိပေးချက်ထုတ်ပြန်လာပါတယ်။

သတင်း

အလင်းဝင်တပ်သားသစ်အများစု ရန်ကုန်၊ ပဲခူး၊ ဧရာ၀တီ၊မကွေးတိုင်းကဖြစ်၍ ယင်းဒေသရှိ လူငယ်များဂရုစိုက်ကြရန် သတိပေး