စစ်အုပ်စု၏ကြမ်းကြုတ်ရက်စက်မှုတွေအတွက် စစ်ကောင်စီရဲ့ကာကွယ်ရေးဝန်ကြီးဌာနနဲ့ စစ်တပ်ထိန်းချုပ်ထားတဲ့ ဘဏ် ၂ ဘဏ်ကို ဒဏ်ခတ်အရေးယူလိုက်တယ်လို့အမေရီကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဂျေဘလင်ကန်က ဒီကနေ့ (ဇွန် ၂၁)ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်အပြည့်အစုံကိုအေက်ပါအတိုင်းအပြည်အစုံဖော်ပြပေးလိုက်ပါတယ်။
“မြန်မာ့ကာကွယ်ရေးဝန်ကြီးဌာန (MoD) နှင့် မြန်မာနိုင်ငံတွင် အာဏာရှင်အဖွဲ့အစည်း၏ ထိန်းချုပ်မှုအောက်တွင်ရှိသည့် အကြီးမားဆုံးဘဏ်နှစ်ခုဖြစ်သည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်း၀ယ်ရေးဘဏ် (MICB) တို့ကို ယနေ့တွင် အမေရိကန်ပြည်ထောင်စုက အရေးယူသတ်မှတ်မှုများ ပြုလုပ်သွားပါမည်။ အာဏာရှင်အဖွဲ့အစည်းက ကာကွယ်
ရေးဝန်ကြီးဌာနအတွက် နိုင်ငံရပ်ခြားမှ စစ်လက်နက်ပစ္စည်းများဝယ်ယူရာတွင် နိုင်ငံခြားငွေကြေးသုံးစွဲမှုအဆင်ပြေချောမွေ့စေရေးအတွက် MFTB နှင့် MICB တို့သည် အခရာကျသည့် အဖွဲ့အစည်းများဖြစ်ပါသည်။ ဤဘဏ်များသည် ၄င်းတို့၏ နိုင်ငံခြားဘဏ်စာရင်းများကိုအသုံးပြု၍ မြန်မာနိုင်ငံ၏ အခွန်ဘဏ္ဍာငွေရှာဖွေပေးသည့် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများကို နိုင်ငံတကာဈေးကွက်နှင့် အလွယ်တကူချိတ်ဆက်နိုင်စေခဲ့ခြင်းဖြင့် စစ်ရေးကိစ္စရပ်များအတွက် အာဏာရှင်အဖွဲ့အစည်းက ခေါင်းပုံဖြတ်အမြတ်ထုတ်နိုင်မည့် ငွေကြေးအရင်းအမြစ်အမြောက်အများကို ပံ့ပိုးပေးခဲ့ကြပါသည်။

Public Service Announcement
မိမိတို့နိုင်ငံတော်အတွက် ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် စစ်မှန်သော ဒီမိုကရေစီအနာဂတ်တစ်ခုကို ရှာဖွေလျှက်ရှိသည့် မြန်မာပြည်သူများအတွက် အားပေးထောက်ခံမှုကို အမေရိကန်ပြည်ထောင်စုက ဖြေလျှော့သွားမည် မဟုတ်ပါ။ အာဏာရှင်အဖွဲ့အစည်းက ရုရှားကာကွယ်ရေးကဏ္ဍသို့ ခိုင်မာသည့်ငွေကြေး လွှဲပြောင်းပေးနိုင်မှုကို ထိန်းချုပ်ကန့်သတ်ရင်း အာဏာရှင်အဖွဲ့အစည်းက အကြမ်းဖက်မှုများကို တိုးမြှင့်ရန်နှင့် အကြပ်အတည်းကို ရှည်ကြာစေရန် ဆောင်ရွက်ရာတွင် နိုင်ငံတကာဘဏ္ဍာရေးစနစ်မှတဆင့် အမြတ်ထုတ်နိုင်မှုကို ကန့်သတ်ရန် မိမိတို့၏ မိတ်ဖက်များ၊ ပိုမိုကျယ်ပြန့်သော နိုင်ငံတကာအသိုက်အဝန်းမှ မဟာမိတ်များနှင့်အတူ မိမိတို့ ဆက်လက်ထိတွေ့ဆောင်ရွက်သွားပါမည်။
ကာကွယ်ရေးဝန်ကြီးဌာန၊ MFTB နှင့် MICB တို့ကို အရေးယူသတ်မှတ်မှုများဆောင်ရွက်ခြင်းမှာ ၄င်းတို့သည် စစ်အာဏာရှင်အဖွဲ့အစည်း၏ နိုင်ငံရေးနည်းလမ်းအရသတ်မှတ်ထားသည့် အုပ်ချုပ်ရေးအပိုင်းအခြားများ၊ အေဂျင်စီများ (သို့မဟုတ်) စစ်အာဏာရှင်အဖွဲ့အစည်း၏ ထိန်းချုပ်မှုအောက်တွင်ရှိသည့်အဖွဲ့အစည်းများဖြစ်သည့်အတွက် သမ္မတ၏အမိန့်အမှတ် ၁၄၀၁၄အရ ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ယနေ့ အရေးယူမှုများအကြောင်း ပိုမိုသိရှိလိုပါက ဘဏ္ဍာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် https://tinyurl.com/MM20230621 ကို ဖတ်ရှုနိုင်ပါသည်” လို့ဖော်ပြထားပါတယ်။
အမေရိကန်အစိုးရက စစ်တပ်အာဏာသိမ်းမှုကြောင့် လူပုဂ္ဂိလ် ၈၀ ကျော်နဲ့ အဖွဲ့အစည်း ၃၀ ကျော်ကိုလည်း အရေးယူဒဏ်ခတ်ထားပါသေးတယ်။
