Connect with us

Hi, what are you looking for?

သတင်း

ဓါတုလက်နက်များ၏ ဘေးအန္တရာယ်ကာကွယ်နိုင်ရေး အကြံပြုချက်များ NUG အသိပေး

စစ်ပွဲများတွင် သမားရိုးကျလက်နက်များဖြင့်သာမကဘဲ အဆိပ်သင့်စေသော ဓာတုပစ္စည်းများကို စစ်လက်နက်များတွင် တပ်ဆင်ပစ်ခတ်ခြင်းကြောင့် စစ်ဘက်ဆိုင်ရာပစ်မှတ်များအပြင် အရပ်သားများပါ သေကျေဒဏ်ရာရလေ့ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့(ဖေဖော်ဝါရီ ၁၇ရက်) ထုတ်ပြန်ခဲ့ပြီးဓါတုလက်နက်များ၏ ဘေးအန္တရာယ်ကာကွယ်နိုင်ရေး အကြံပြုချက်များ အသိပေးဖော်ပြသည်။

စစ်​ကောင်စီတပ်က ကရင်နီ ပြည်တွင် ဗုံးကြဲစဥ် နှင့် KPDF တပ်ဖွဲ့ဝင်တစ်ဦး စစ်တပ်ဒရုန်းမှကြဲချ​သော ဓါတုဗုံးဟုသံသယရှိ​သော လက်နက်​ကြောင့်ရရှိ​သော ဒဏ်ရာကိုပြသစဥ်။ ဓာတ်ပုံ-FBR ၊KNDF ၊CJ

ဟန်နွေ/People’s Spring

စစ်ပွဲများတွင် သမားရိုးကျလက်နက်များဖြင့်သာမကဘဲ အဆိပ်သင့်စေသော ဓာတုပစ္စည်းများကို စစ်လက်နက်များတွင် တပ်ဆင်ပစ်ခတ်ခြင်းကြောင့် စစ်ဘက်ဆိုင်ရာပစ်မှတ်များအပြင် အရပ်သားများပါ သေကျေဒဏ်ရာရလေ့ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့(ဖေဖော်ဝါရီ ၁၇ရက်) ထုတ်ပြန်ခဲ့ပြီးဓါတုလက်နက်များ၏ ဘေးအန္တရာယ်ကာကွယ်နိုင်ရေး အကြံပြုချက်များ အသိပေးဖော်ပြသည်။

လေးကြောင်းတိုက်ခိုက်မှုဘေးအန္တရာယ် ကြုံတွေ့ရချိန်တွင် ထိခိုက်မှုအနည်းဆုံးဖြစ်ရန် ကာကွယ်နေထိုင်ခြင်း ဆိုင်ရာ ဆောင်ရန်ရှောင်ရန်အချက်များကို NUG ကာကွယ်ရေးက ယခုရက်ပိုင်းအတွင်း အပိုင်းလိုက်ထုတ်ပြန်လျက်ရှိရာ ယနေ့တွင် ဓါတုလက်နက်များ၏ ဘေးအန္တရာယ်ကာကွယ်နိုင်ရေး အကြံပြုချက်များ ဖော်ပြခဲ့ခြင်းဖြစ်သည်။

ဓာတုလက်နက်များမှ အဆိပ်များသည် ပတ်ဝန်းကျင်တွင် ဓာတ်ငွေ့၊ အရည်နှင့် အမှုန့် စသည်ဖြင့် ပုံစံမျိုးစုံနှင့် တည်ရှိနိုင်ကြောင်း၊၎င်းတို့၏ ဘေးအန္တရာယ်ကို သာမန်အဝတ်အစားများ လုံခြုံစွာဝတ်ဆင်ခြင်းဖြင့် မကာကွယ်နိုင်ကြောင်းအသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ဓာတုလက်နက်ကျရောက်ထားသည့် နေရာအနီးတဝိုက်သို့ အကာအကွယ်ဝတ်စုံမပါဘဲ သွားရောက်ခြင်း၊ လက်ဗလာဖြင့် ပစ္စည်းများကို ကိုင်တွယ်ခြင်း၊ လူနာများကိုကြည့်ရှုခြင်း မပြုလုပ်ရဟု ဖော်ပြသည်။

အဆိုပါ အဆိပ်ဓာတ်များကို ထိတွေ့၊ ရှူရှိုက်၊ မျိုချမိပါက အရေပြား၊ မျက်လုံး၊ အသက်ရှူ လမ်းကြောင်း နှင့် ပါးစပ်တို့မှတစ်ဆင့် ခန္ဓာကိုယ်အတွင်းဝင်ရောက်ပြီး အဆိပ်သင့်စေကာ ကျန်းမာရေးကို ထိခိုက်စေပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်တတ်သည်ဟု ထုတ်ပြန်ထားသည်။

ဓာတုပစ္စည်း တစ်မျိုးချင်းစီအလိုက် အဆိပ်သင့် မှု ပုံစံမျိုးစုံရှိပြီး ၎င်းလက္ခဏာများကို သိရှိထားရန် လိုအပ်ကြောင်း၊ဓာတုအဆိပ်သင့်မှုကြောင့် အရေပြား၊ အသက်ရှူလမ်းကြောင်း၊ အဆုတ်၊ နှလုံး၊ ဦးနှောက်နှင့် အာရုံကြော၊ အစာအိမ်အူလမ်းကြောင်းနှင့် ကြွက်သား အဖွဲ့အစည်းတို့ကို ထိခိုက်ပျက်စီးစေတတ်ကြောင်းဖော်ပြသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာမရှိသော်လည်း အဆိပ်သင့်လက္ခဏာရှိသူများ၊ ရရှိထားသော ဒဏ်ရာနှင့် မသက်ဆိုင်သော ဝေဒနာခံစားနေရသူများ၊ ခန္ဓာကိုယ်ထိခိုက်မှု တစ်စုံတစ်ရာမရှိပါဘဲ လူအများအပြား ရုတ်ချည်း သေဆုံးမှုများ၊ ပုံမှန်မဟုတ်သော အနံ့၊ အရည်နှင့် အ‌ငွေ့တို့ကို တွေ့ရှိရပြီး အဆိပ်သင့်လက္ခဏာများ ပြသလာလျှင် ဓာတုအဆိပ်သင့်မှုဟု ယူဆနိုင်သည်ဟု အသိပေးထားသည်။

စစ်ကောင်စီသည် အရပ်သားများအပေါ် လေကြောင်းအသုံးပြုတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် အရပ်သားပြည်သူများအနေဖြင့် လေကြောင်းတိုက်ခိုက်မှု ဘေးအန္တရာယ်ကြုံတွေ့ရချိန်တွင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် မည်သို့ပြုမူနေထိုင်ရမည်ကို သိရှိစေရန် ရည်ရွယ်ပြီး ယခုကဲ့သို့ ထုတ်ပြန်နေခြင်းဖြစ်သည်ဟုလည်း NUG ကာကွယ်ရေး၏ ထုတ်ပြန်ချက်၌ ပါရှိသည်။

စစ်ကောင်စီအနေဖြင့် ရှမ်းမြောက် တအာင်းဒေသ ၊ ရှမ်းတောင်ပအိုဝ်းဒေသ တိုက်ပွဲများတွင် အဆိပ်လက်နက်များအသုံးပြုတိုက်ခိုက်ခဲ့၍ တော်လှန်ရေးရဲဘော်များ အဆိပ်ဗုံးဒဏ်သင့် ဝေဒနာများခံစားခဲ့ရကြောင်း တအာင်းတပ် TNLA နှင့် ပအိုဝ်းတပ် PNLAတို့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲကြောင့် အမေရိကန်ဟာ ထိုင်ဝမ်ဆီ လက်နက် တင်ပို့မှုတွေကို ယာယီ ဆိုင်းငံ့ထားကြောင်း အမေရိကန် ရေတပ် ထိပ်တန်း အရာရှိ တစ်ဦးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ဆီ လက်နက်တွေ မထောက်ပံ့ဖို့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို သူက တောင်းဆိုခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသလက်အောက်ခံတမူးခရိုင်၊အမှတ် (၂)တပ်ရင်းက လာမယ့် ၂၀၂၆ခုနှစ်အတွင်း စစ်ရေးအရှိန်မြှင့်မယ်လို့ သတင်းထုတ်ပြန်ပါတယ်။