Connect with us

Hi, what are you looking for?

သတင်း

အညာမှ PDF ၁၀၀ကျော် တပ်မှူးသင်တန်းဆင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၏တပ်မှူးသင်တန်းကို အမျိုးသားညီညွတ်ရေးအစိုးရ၏အုပ်ချုပ်ရေးနယ်မြေတနေရာတွင် မတ်လ ၈ရက်က ကျင်းပခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဟန်နွေ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၏တပ်မှူးသင်တန်းကို အမျိုးသားညီညွတ်ရေးအစိုးရ၏အုပ်ချုပ်ရေးနယ်မြေတနေရာတွင် မတ်လ ၈ရက်က ကျင်းပခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါသင်တန်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)စစ်ရုံးချုပ်၏ အစီအစဉ်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့မှ သင်တန်းသား ၁၁၅ဦး တက်ရောက်ခဲ့ဟု အသိပေးသည်။

သင်တန်းဆင်းပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် ပေးပို့သော သဝဏ်လွှာ ဖတ်ကြားခဲ့ကြောင်း ဖော်ပြသော်လည်း သဝဏ်လွှာပါ အကြောင်းအရာများကို ဖော်ပြမထားပေ။

Public Service Announcement

Public Service Announcement

ထို့ပြင် အမှတ် (၁)စစ်ဒေသမှူးမှ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ကြောင်းနှင့် ပြည်သူ့တော်လှန်ရေးအလံတော်ကိုင် သစ္စာဆိုခြင်း၊ အရေးကြီးပြီ သီချင်းသံပြိုင် သီဆိုခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

ကာကွယ်ရေးဝန်ကြီးဌာအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့များမှ အဆင့်ဆင့်တာဝန်ရှိသူများ၏ စစ်ပညာ၊ စုဖွဲ့မှု၊ ကွပ်ကဲမှု ၊ တိုက်စွမ်းရည်ပိုင်းတွင် တိုးတက်အောင်မြင်မှုများ ရရန် စဉ်ဆက်မပြတ် ကြိုးပမ်းလျက်ရှိကြောင်း ဝန်ကြီးဌာန၏ ၂၀၂၄ စစ်ရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေ အစီရင်ခံစာ၌ ဖော်ပြထားသည်။

စစ်ဥပဒေ ၊စစ်စည်းကမ်း၊စစ်ဘက်ကျင့်ဝတ် လိုက်နာသည့် စနစ်ကျသော တပ်မတော်အဖြစ် ပေးထွန်းလာရေးအတွက် အဆင့်ဆင့်သော ထိန်းကျောင်း ကြပ်မတ်မှုအရေးယူမှုများ လုပ်ဆောင်လျက်ရှိကာ တည်ဆောက်ရေးနှင့် တိုက်ခိုက်ရေးတာဝန်ကို တပြိုင်တည်း ထမ်းဆောင်နေသည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထားသည်။

ထို့အပြင် မဟာမိတ်များနှင့် လက်တွဲပြီး လမ်းများအားလုံး နေပြည်တော်သို့ မဟာဗျူဟာ စီမံချက်အောက်တွင် အညာအောင်မြေစစ်ဆင်ရေး၊ ရှမ်းမန်းစစ်ဆင်ရေး၊ စစ်တောင်းအလွန် စစ်ဆင်ရေး၊ ရိုးမဧရာစစ်ဆင်ရေး၊ ကမ်းခြေစစ်ဆင်ရေး အစရှိသော စစ်ဆင်ရေးများကို ဟန်ချက်ညီ ဆင်နွှဲနေကြောင်း အသိပေးထားသည်။

၂၀၂၄နှစ်ကုန်ပိုင်းအထိ အချက်အလက်များအရ တော်လှန်ရေး အင်အားစုများသိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ပေါ် ၉၀ ကျော်ရှိသည့်အနက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) သိမ်းပိုက်ထားသည့် မြို့ ၈မြို့ရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်နှင့် မကွေးတိုင်း၊ ရေစကြိုမြို့နယ်အစပ် ရေလယ်ကျွန်းဒေသရှိ ပန်းညိုကျေးရွာအား စစ်ကောင်စီတပ်က ယနေ့(မတ်လ ၁၂ ရက်) ညနေပိုင်းတွင် မီးရှို့နေကြောင်း မြောင်မြို့နယ်ပြည်သူ့လုံခြုံရေးနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (CDSOM)တာဝန်ခံ ကိုနွေဦးက လူထုနွေဦးသို့ ပြောသည်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း(ILO)ရဲ့ ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့ တောင်းဆိုတဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၇)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၄)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် စစ်ကောင်စီ၏ အဓမ္မစုဆောင်းထားသော စစ်မှုထမ်းဥပဒေမှ တပ်သားသစ်ငါးဦး အလင်းဝင်လာကြောင်း သက်ဆိုင်ရာတပ်ဖွဲ့များက ယနေ့(မတ်လ ၄ ရက်) ထုတ်ပြန်သည်။