Connect with us

Hi, what are you looking for?

သတင်း

အညာမှ PDF ၁၀၀ကျော် တပ်မှူးသင်တန်းဆင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၏တပ်မှူးသင်တန်းကို အမျိုးသားညီညွတ်ရေးအစိုးရ၏အုပ်ချုပ်ရေးနယ်မြေတနေရာတွင် မတ်လ ၈ရက်က ကျင်းပခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဟန်နွေ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၏တပ်မှူးသင်တန်းကို အမျိုးသားညီညွတ်ရေးအစိုးရ၏အုပ်ချုပ်ရေးနယ်မြေတနေရာတွင် မတ်လ ၈ရက်က ကျင်းပခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါသင်တန်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)စစ်ရုံးချုပ်၏ အစီအစဉ်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့မှ သင်တန်းသား ၁၁၅ဦး တက်ရောက်ခဲ့ဟု အသိပေးသည်။

သင်တန်းဆင်းပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် ပေးပို့သော သဝဏ်လွှာ ဖတ်ကြားခဲ့ကြောင်း ဖော်ပြသော်လည်း သဝဏ်လွှာပါ အကြောင်းအရာများကို ဖော်ပြမထားပေ။

Public Service Announcement

Public Service Announcement

ထို့ပြင် အမှတ် (၁)စစ်ဒေသမှူးမှ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ကြောင်းနှင့် ပြည်သူ့တော်လှန်ရေးအလံတော်ကိုင် သစ္စာဆိုခြင်း၊ အရေးကြီးပြီ သီချင်းသံပြိုင် သီဆိုခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

ကာကွယ်ရေးဝန်ကြီးဌာအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့များမှ အဆင့်ဆင့်တာဝန်ရှိသူများ၏ စစ်ပညာ၊ စုဖွဲ့မှု၊ ကွပ်ကဲမှု ၊ တိုက်စွမ်းရည်ပိုင်းတွင် တိုးတက်အောင်မြင်မှုများ ရရန် စဉ်ဆက်မပြတ် ကြိုးပမ်းလျက်ရှိကြောင်း ဝန်ကြီးဌာန၏ ၂၀၂၄ စစ်ရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေ အစီရင်ခံစာ၌ ဖော်ပြထားသည်။

စစ်ဥပဒေ ၊စစ်စည်းကမ်း၊စစ်ဘက်ကျင့်ဝတ် လိုက်နာသည့် စနစ်ကျသော တပ်မတော်အဖြစ် ပေးထွန်းလာရေးအတွက် အဆင့်ဆင့်သော ထိန်းကျောင်း ကြပ်မတ်မှုအရေးယူမှုများ လုပ်ဆောင်လျက်ရှိကာ တည်ဆောက်ရေးနှင့် တိုက်ခိုက်ရေးတာဝန်ကို တပြိုင်တည်း ထမ်းဆောင်နေသည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထားသည်။

ထို့အပြင် မဟာမိတ်များနှင့် လက်တွဲပြီး လမ်းများအားလုံး နေပြည်တော်သို့ မဟာဗျူဟာ စီမံချက်အောက်တွင် အညာအောင်မြေစစ်ဆင်ရေး၊ ရှမ်းမန်းစစ်ဆင်ရေး၊ စစ်တောင်းအလွန် စစ်ဆင်ရေး၊ ရိုးမဧရာစစ်ဆင်ရေး၊ ကမ်းခြေစစ်ဆင်ရေး အစရှိသော စစ်ဆင်ရေးများကို ဟန်ချက်ညီ ဆင်နွှဲနေကြောင်း အသိပေးထားသည်။

၂၀၂၄နှစ်ကုန်ပိုင်းအထိ အချက်အလက်များအရ တော်လှန်ရေး အင်အားစုများသိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ပေါ် ၉၀ ကျော်ရှိသည့်အနက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) သိမ်းပိုက်ထားသည့် မြို့ ၈မြို့ရှိထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ စစ်ကြောင်းထိုးမီးရှို့မှုတွေ၊ ပစ်ခတ်သတ်ဖြတ်မှုတွေကို ငါးနှစ်​ကျော်ကြာကြုံတွေ့ရင်ဆိုင်ခဲ့ရ၊ ရင်ဆိုင်နေရတဲ့ အညာဟာ အခုတခါမှာတော့ ရေဘေးကပါထပ်ဆင့်ရောက်ရှိလာခဲ့ပါတယ်။

ဆောင်းပါး

ကြက်ဥနဲ့ ငါးခြောက်ဟင်းပါတာကို ဟင်းကောင်းလို့ သတ်မှတ်နေရတဲ့ မိသားစုတွေ ဘယ်လောက်တောင်များနေသလဲတော့မသိ၊ ဒါပေမဲ့အညာဟာ အရာရာရှားပါးတဲ့ အရပ်ဖြစ်တာမို့ ထမင်းအနပ်တိုင်း အသား၊ငါး ပါဖို့ဆိုတာတော့ မလွယ်ကူပါဘူး။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်တိုက်ပွဲ‌တွေအတွက် နည်းပညာတွေ တိုးမြှင့်နိုင်ဖို့ ရန်ပုံငွေရရှိရေးအတွက်ပြုလုပ်တဲ့ ကြိုးနဲ့စွန် ကမ်ပိန်းမှာပြည်သူ‌တွေ ပါဝင်‌ပေး ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

ဆောင်းပါး

"မီးတောက်တွေကလည်း များလိုက်တာ။ အမေတို့ ပြေးဖို့ပြင်လိုက်အုန်းမယ်"