သတင်း
ရွာထဲကို လက်နက်ကြီးနဲ့ပစ်ခတ်တာကိုကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းက ပစ်ခတ်တာလို့ စစ်ကောင်စီတပ်နဲ့တိုက်ခိုက်နေတဲ့ ကျားဖြူစစ်ကြောင်း ရဲ့ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။
Hi, what are you looking for?
ရွာထဲကို လက်နက်ကြီးနဲ့ပစ်ခတ်တာကိုကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းက ပစ်ခတ်တာလို့ စစ်ကောင်စီတပ်နဲ့တိုက်ခိုက်နေတဲ့ ကျားဖြူစစ်ကြောင်း ရဲ့ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။
စစ်ကောင်စီတပ်သည် KNUတပ်မဟာ(၆)၊ တပ်မဟာ(၅)၊ တပ်မဟာ(၃)နှင့် တပ်မဟာ(၁)နယ်မြေများရှိ ကျေးရွာများကို လက်နက်ကြီး ပစ်ခတ်မှု လေကြောင်းပစ်ခတ်မှုများ မကြာခဏ လုပ်ဆောင်လျက်ရှိရာ အရပ်သားပြည်သူလူထုသေဆုံးထိခိုက်မှုများ ရှိခဲ့သည်။
ဗုံးဒဏ်ကြောင့် ကျေးရွာက စာသင်ဆောင်နဲ့ နေအိမ်အချို့ ထိခိုက်ခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ အဲဒီသတင်းရင်းမြစ်ထံကသိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်က ကော့ကရိတ်မြို့အဝင် လမ်းများကို စက်ယန္တရားများ အသုံးပြု ဖျက်ဆီးခဲ့သည့်အပြင် သစ်ပင်ကြီးများ ခုတ်လဲပိတ်ဆိုခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဒူးပလာယာခရိုင်က ယနေ့ မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြသည်။ မေလ ၁၄ရက်က အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး စိုးမင်း၏ ညွန်ကြားချက်အရ စကခ (၁၉) လက်အောက်ခံ တပ်ရင်း...
ကော့ကရိတ်ဟာ ထိုင်း − မြန်မာ နယ်စပ်မြို့ မြဝတီကနေ မိုင် ၄၀ ကျော်အကွာမှာရှိပြီး ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှာတည်ရှိနေပါတယ်။
စစ်ရှောင်ရသည်မှာ ကာလကြာလာသည်နှင့်အမျှ စားဝတ်နေရေး၊ကျန်းမာရေး၊ ဘ၀မလုံခြုံမှုများ ရှိနေကြောင်း၊ ရောက်ရှိနေသည့် ဒေသမျာ၌လည်း လုံခြုံစိတ်ချရသည့် အနေအထားမရှိ၍ ထပ်မံရွှေ့ပြောင်းနေရမှုများရှိကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်သည် တပ်အင်အားတိုးချဲ့ပြီး ကေအဲန်ယူနယ်မြေအတွင်း စစ်ရေးဝင်ရောက်လှုပ်ရှားလာပါက ထိတွေ့တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်ပြီး လက်နက်ကြီးနှင့် လေယာဉ်ပစ်ကူများလည်း ပိုမိုအသုံးပြုလာနိုင်သည်ဟု ကော့ကရိတ်ဒေသခံတစ်ဦးက သုံးသပ်ပြောကြားသည်။
ဒေသခံများ၏ ပြောဆိုချက်အရ မြ၀တီ-ကော့ကရိတ်အာရှလမ်းမပေါ်ရှိသော စစ်ကောင်စီ၏ တံတားကျိုးစစ်ဆေးရေးဂိတ်နှင့် အနီးအနားရှိ စစ်ကောင်စီတပ်ရင်းကို တော်လှန်ရေးအင်အားစုများအဖွဲ့မှ သွားရောက်ပစ်ခတ်တိုက်ခိုက်သည်ဟု သိရသည်။
ကော့ကရိတ်ဒေသခံတစ်ဦးကလည်း “မနေ့က သူတို့ ရုပ်သွားတဲ့အခါ ရွာလူကြီးတွေ ရှင်းပြတာက မသွားနဲ့အုံးပေါ့နော်။ အန္တရာယ်ရှိမှာစိုးလို့ပေါ့။ သူတို့(စစ်ကောင်စီ)ကလည်း KNU ဝင်ပြီးရှင်းမယ်ထင်ပြီးသူတို့အလုံးကြီး (လက်နက်ကြီး)တွေပစ်ချတယ်သုံးလုံး။ KNU ကတော့သွားပြီးတော့ ရှင်းလိုက်တာပဲ”ဟု ပြောသည်။
ယခင်က ကော့ကရိတ်မြို့အနီး ကမိုင်ကုန်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ် ပြန်ရုပ်သွားသကဲ့သို့ မြို့နယ်အတွင်းထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်စစ်ကြောင်းများ ပြန်ရုပ်သွားသည်ဟု ဆိုသည်။