Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်မြို့အနီး စစ်ကောင်စီစခန်းတစ်ခုကို KNU နဲ့ပူးပေါင်းတပ်သိမ်းယူ

စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူယူကာတန်ပြန်တိုက်ခိုက်နေတာတွေရှိပြီး အရပ်သားထိခိုက်သေဆုံးမှုတွေလည်းရှိနေတယ်လို့သိရပါတယ်။

ကော့ကရိတ်မြို့အနီး စစ်ကောင်စီစခန်းတစ်ခုကို KNU နဲ့ပူးပေါင်းတပ်သိမ်းယူ
ကော့ကရိတ်မြို့အနီး စစ်ကောင်စီစခန်းတစ်ခုကို KNU နဲ့ပူးပေါင်းတပ်သိမ်းယူ

ကော့ကရိတ်မြို့ အာရှလမ်းမကြီးဘေး ကော့နွဲ့ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းကို ဒီနေ့မနက် တိုက်ခိုက်မှုမှာ KNU နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူနိုင်ခဲ့ပြီး တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့ KNU စစ်ရေးသတင်းရစ်မြစ်ထံကသိရပါတယ်။

ကော့နွဲရွာ ဟာ ကော့ကရိတ်မြို့ အရှေ့ဘက်မှာ ရှိပါတယ်။

ဒီနေ့မနက်စောအပိုင်းမှာ ကော့ကရိတ်မြို့တွင်း၊ မြို့ပြင် မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KNUနဲ့ ပူး ပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်နေတာပါ။

စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူယူကာတန်ပြန်တိုက်ခိုက်နေတာတွေရှိပြီး အရပ်သားထိခိုက်သေဆုံးမှုတွေလည်းရှိနေတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်း − မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ ကော့ကရိတ် မြို့က ဌာနဆိုင်ရာဝန်ထမ်းတွေ တစ်ပတ်အတွင်း ထွက်ခွာဖို့ KNU က နိုဝင်ဘာလ ၁၇ ရက်မှာ နောက်ဆုံးအကြိမ် သတိပေးပြီးနောက် အခုလိုဝင်ရောက်တိုက်ခိုက်တာလည်းဖြစ်ပါတယ်။

ကော့ကရိတ်ဟာ KNU တပ်မဟာ ၆ စစ်ရေးလှုပ်ရှားရာ နယ်မြေထဲမှာရှိတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။