Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်မြို့ဝန်းကျင်တွင် တိုက်ပွဲပြင်းထန်နေ

စစ်ကောင်စီ လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်နေဟု SOG စစ်ကြောင်းမှူးပြော

Special Operation Group-SOG စစ်ကြောင်းမှ ရဲဘော်များအား တိုက်ပွဲတစ်ခုအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - Special Operation Group-SOG

ဧပြီ ၁၆၊၂၀၂၅။ဒီဒီး/People’s Spring

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ဝန်းကျင်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်တိုက်ခိုက် ခုခံနေကြောင်း အဆိုပါဒေသရှိ Special Operation Group-SOG စစ်ကြောင်းမှူး စောအောင်က People’s Springသို့ ပြောသည်။

စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊PDFပူးပေါင်းတပ်များသည် ကော့ကရိတ်မြို့အနီးတွင် တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်သည်။ ဧပြီ ၁၅ရက်က တိုက်ပွဲအတွင်း စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်း အထိနာခဲ့၍ လေကြောင်းမှ အပြင်းအထန် ခုခံပစ်ခတ်နေကြောင်းလည်း သတင်းရရှိသည်။

ယနေ့(ဧပြီ ၁၆ရက်)နံနက်တွင် စစ်ကောင်စီက ကော့ကရိတ်မြို့အနီးကျေးရွာများအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း SOG စစ်ကြောင်းမှူး စောအောင်က ပြောသည်။

Public Service Announcement

Public Service Announcement

” ဒီမနက်လည်း Y12 လာကြဲတယ်။ နောက်ဖိုက်တာလည်းလာတယ်။ ကြဲတာတော့ နေရာအစုံပဲ။ ငါးတိုင်ရွာ ပတ်ချာလည်တွေ အကုန်လိုက်ကြဲနေတာ။ လောလောဆယ် ပြည်သူတွေ ထိခိုက်မှုမသိရသေးဘူး။ ဒီမနက်လည်း အစောကြီးတည်းက လာကြဲနေတာ”ဟု SOG စစ်ကြောင်းမှူးက ပြောသည်။

လက်တလောတွင် အောင်ဇေယျစစ်ကြောင်းနှင့် KNLA၊PDFပူးပေါင်းတပ်များသည် ကော့ကရိတ်မြို့နှင့် ဒေါနတောင်ကြားတွင် တိုက်ပွဲပြင်းထန်နေခြင်း ဖြစ်သည်။

” အောင်ဇေယျကတော့ လောလောဆယ်တောင်ပေါ်မှာ အသိမ်းခံထားရတာပေါ့။ အောက်ဘက်မှာတော့ ကြမ်းနေတယ်။ အောက်ဘက်ကို သူတို့စစ်ကူလာပြန်ဖြည့်တာလည်း ရှိတာပေါ့”ဟု SOG စစ်ကြောင်းမှူးက ပြောသည်။

တိုက်ပွဲများအတွင်း တော်လှန်ရေးပူးပေါင်းတပ်မှလည်း အနည်းငယ်ထိခိုက်မှုရှိကြောင်းလည်း OG စစ်ကြောင်းမှူးက ပြောသည်။

စစ်ကောင်စီသည် ယမန်နေ့ ဧပြီ ၁၅ရက်ကလည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ရှိ သင်္ကြန်ကာလ သက်ကြီးရွယ်အိုများ ဥပုသ်စောင့်သီလယူသော ကမ်းနီကျေးရွာ ဘုန်းကြီးကျောင်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၆ဦးထက်မနည်း သေဆုံးခဲ့သည်။

ကော့ကရိတ်မြို့အထွက်ရှိ (၂)မိုင်ခန့်သာကွာဝေးသော ကော့နွှဲ့ကျေးရွာအနီးတွင် အောင်ဇေယျစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်များ ပြီးခဲ့သည့် ဖေဖော်ဝါရီကတည်းက တိုက်ပွဲများဆက်တိုက်ပြင်းထန်နေသည်။

ကရင်ပြည်နယ်၊ မြဝတီဒေသ၌ ကျားဖြန့်ငွေလိမ်ဂိုဏ်းလုပ်ငန်းများတွင် တရုတ်နိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများ သောင်းနှင့်ချီလူကုန်ကူးပြီး အလုပ်စေခိုင်း​နေသည်ဆိုကာတရုတ်၊ထိုင်း အစိုးရနှင့် စစ်​ကောင် ပူး​ပေါင်း၍ ​ဖေ​ဖော်ဝါရီလဆန်းမှစ၍ လျှပ်စစ်မီး ၊အင်တာနက် ၊စက်သုံးဆီ နှင့် ကုန်စည်ှဝင်ထွက်မှုများ ကိုဖြတ်​တောက်ခဲ့သည်။ တချိန်တည်း စစ်ကောင်စီက ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်၌ ပိတ်ဆို့ခံနေရသော အောင်ဇေယျစစ်ကြောင်းထံ အင်းအားအလုံးအရင်းပေးပို့စေလွှတ်ကာ စစ်ပြင်နေသလို၊​ကော့ကရိတ်သို့လည်း စစ်ကူများစွာ​ပေးပို့​နေကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီသည် ကော့ကရိတ်မြို့သို့ အင်အားအလုံးအရင်း စေလွှတ်ပြီးနောက် ကော့ကရိတ်မြို့နှင့် ဒေါနတောင်ကြားတွင် ​တိုက်ပွဲများပြင်းထန်လာခဲ့သည်။

ဒေါနတောင်ပေါ်၌ စစ်ကောင်စီ​၏ အောင်ဇေယျစစ်ကြောင်း​အား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊PDF နှင့် ကော်ဘရာစစ်ကြောင်းပူးပေါင်းတပ်များက အပိုင်းပိုင်းဖြတ်တောက်ပိတ်ဆို့ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းရွာစာသင်ကျောင်းအားလေကြောင်းတိုက်ခိုက်မှုကို ၎င်းတို့ ကျူးလွန်ခြင်းမရှိကြောင်း စစ်ကောင်စီက ​ဗြောင်ငြင်းဆိုပြီးလိမ်လည်ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီက ယနေ့တရက်လည်း ဒီပဲယင်း၊မော်လူးနှင့်ချောင်းဦးမြို့တို့ လေကြောင်းတိုက်ခိုက်ခံမှု ပြည်သူ ၂၆ဦးသေဆုံး

သတင်း

ပြည်သူကိုသတ်ဖြတ်နေသည့် စစ်ကောင်စီလုပ်ရပ်ကို ကမ္ဘာက လျစ်လျူရှုထား၍ အလုပ်ပိုလုပ်ကြရန် TNLA ခေါင်းဆောင်တိုက်တွန်း

သတင်း

စစ်ကိုင်းတိုင်း၊ခါမ်းပါတ်မြို့နှင့် မကွေးတိုင်း၊ ကျောက်ထုမြို့ကို စစ်ကောင်စီက ယနေ့(မေလ ၉ရက်) ညနေပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

Facebook