Connect with us

Hi, what are you looking for?

သတင်း

နေအိမ်မီးရှို့ဖို့ စစ်ကောင်စီတပ် ကြံစည်တဲ့သက်သေတွေ ကျားဖြူစစ်ကြောင်းတွေ့ရှိ

ကျားဖြူ စစ်ကြောင်းက ဒီမနက် ထုတ်ပြလာတဲ့ ရုပ်သံဖိုင်ထဲမှာ နေအိမ်တစ်လုံးပေါ်မှာ အင်ဂျင်ဝိုင် ပုံးတွေ ၊ သစ်ရွက်ခြောက်တွေ နဲ့ တာယာကွင်းတွေ စုပုံထားတာကိုတွေ့ရပါတယ်။

နေအိမ်မီးရှို့ဖို့ စစ်ကောင်စီတပ် ကြံစည်တဲ့သက်သေတွေ ကျားဖြူစစ်ကြောင်းတွေ့ရှိ
နေအိမ်မီးရှို့ဖို့ စစ်ကောင်စီတပ် ကြံစည်တဲ့သက်သေတွေ ကျားဖြူစစ်ကြောင်းတွေ့ရှိ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ ဒေသခံတွေရဲ့နေအိမ်ကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီး ဖို့ကြံစည်တဲ့ သက်သေတွေ နယ်မြေရှင်းလင်းချိန်မှာတွေ့ခဲ့ရတယ်လို့ NUG အစိုးရ တောင်ပိုင်းတိုင်း စစ်ဒေသ လက်အောက်ခံ ကျားဖြူစစ်ကြောင်းကဖော်ပြပါတယ်။

မီးရှို့ဖို့ လောင်စာတွေ၊ တာယာကွင်းတွေ၊ လောင်စာဆီ တွေကို တွေ့ရှိခဲ့ရတယ်လို့ ကျားဖြူစစ်ကြောင်းကဆိုပါတယ်။

နယ်မြေရှင်းလင်းခဲ့တဲ့ ကော့ကရိတ်မြို့ရဲ့ နေရာကိုတော့ ကျားဖြူစစ်ကြောင်းက မဖော်ပြပါဘူး။

နေအိမ်မီးရှို့ဖို့ စစ်ကောင်စီတပ် ကြံစည်တဲ့သက်သေတွေ ကျားဖြူစစ်ကြောင်းတွေ့ရှိ
နေအိမ်မီးရှို့ဖို့ စစ်ကောင်စီတပ် ကြံစည်တဲ့သက်သေတွေ ကျားဖြူစစ်ကြောင်းတွေ့ရှိ

ကျားဖြူ စစ်ကြောင်းက ဒီမနက် ထုတ်ပြလာတဲ့ ရုပ်သံဖိုင်ထဲမှာ နေအိမ်တစ်လုံးပေါ်မှာ အင်ဂျင်ဝိုင် ပုံးတွေ ၊ သစ်ရွက်ခြောက်တွေ နဲ့ တာယာကွင်းတွေ စုပုံထားတာကိုတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

“သူတို့(စစ်ကောင်စီတပ် ) ပြန်ဆုတ်လို့ရှိရင် မီးရှို့ဖို့အတွက် အဆင်သင့် ကြိုလုပ်ပြီးသားအိမ်ပေါ့ ” လို့ အဲဒီရုပ်သံဖိုင်ထဲမှာ ကျားဖြူ စစ်ကြောင်းတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့က ကော့ကရိတ်မြို့ အ.လ.က (၂) တောင်ပေါ်ရပ် လမ်းဆုံနဲ့ ချောင်းတောင်မြို့မ ဘုရားကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ပြန်လည်ဆုတ်ခွာချိန်မှာ နေအိမ်တွေကို မီးရှို့သွားခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီခေါင်းဆောင်ကတော့ စစ်တပ်ဟာ လူထုရဲ့ အိုးအိမ်စည်းစိမ်ကို မီးရှို့ဖျက်ဆီးတာမရှိဘူးလို့ ကုလသမဂ္ဂ ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နိုလင်းဟေဇာ နဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း နေပြည်တော်မှာ တွေ့ဆုံချိန်က အခိုင်အမာပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့ မကွေးတိုင်း၊ ချောက်မြို့နယ်က ပခန်းငယ်(ခ)ပုဂံငယ် ကျေးရွာကို စစ်တပ်က ၀င်ရောက်မီးရှို့ ဖျက်ဆီးနေတယ်လို့ မ‌ကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(မကွေးတိုင်း ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်က ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ဖြုတ်ယူရောင်းစားနေတယ်လို့ ဒေသခံသတင်း ရင်းမြစ်တချို့က ပြောပါတယ်။