သတင်း
ကော့ကရိတ်- ဖားအံ ကားလမ်းမပေါ်ရှိ ကျုံဒိုးမြို့တွင်းတိုက်ပွဲကြောင့် ကျုံဒိုးမြို့အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများသည် လတ်တလောတွင် စစ်ဘေးရှောင်နေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
Hi, what are you looking for?
ကော့ကရိတ်- ဖားအံ ကားလမ်းမပေါ်ရှိ ကျုံဒိုးမြို့တွင်းတိုက်ပွဲကြောင့် ကျုံဒိုးမြို့အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများသည် လတ်တလောတွင် စစ်ဘေးရှောင်နေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၂၁ရက်က ကပင် DKBA မှ တပ်မှူးတစ်ဦးဖြစ်သည့် ဗိုလ်မှူးစောအေဝမ်း၏ ဘုရားသုံးဆူဒေသရှိ နေအိမ်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်လုံး၀ ပျက်စီးခဲ့ပြီး ဒဏ်ရာရသူအချို့ရှိခဲ့သည်။
တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဘက်မှကျဆုံးသူ (၄၀)ဦး နှင့် အထက်ရှိပြီး မိမိတို့ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူအနည်းငယ်သာရှိခဲ့သည်ဟု ဗိုလ်အယ်စေးဝါးအဖွဲ့က ထုတ်ပြန်ထားသည်။စစ်ကောင်စီတပ်သေဆုံး ထိခိုက်မှုအခြေအနေကို People's Spring က သီးခြားအတည်မပြုနိုင်သေးပေ။
စစ်ကောင်စီတပ် လက်အောက်ခံ BFGနှင့် စစ်ကောင်စီ ပူးပေါင်းတပ်က ကော့နွှဲ့ ရွာအတွင်း ဝင်ရောက်နေရာယူထားသကဲ့သို့ ဒေသခံများအား နေရပ်ပြန်ခွင့်မပြုသေးဟု ဆိုသည်။
ဘုရားသုံဆူးဒေသအတွင်းရှိ သတ္တုမိုင်းလုပ်ကွက်နေရာကို ယနေ့ ဇန်နဝါရီလ(၂၅)ရက် နံနက်တစ်နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်မှ လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သတ္တုမိုင်းလုပ်ကွက်အတွင်းရှိ အဆောက်အဦးများ ထိခိုက်ပျက်စီးသွားခဲ့သည်ဟု ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ကျုံဒိုးမြို့အနီးရှိ ကမ်းနီ၊ မိဂလုံ၊ ကော့ကာ၊ ကော့ကျိုက် စသောကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ် စစ်ကြောင်းများမှ ယခုရက်ပိုင်းထဲ ဝင်ရောက်လာနေကြောင်း ဒေသခံများက ပြောသည်။