Connect with us

Hi, what are you looking for?

သတင်း

ကျုံဒိုးတွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်၍ ပြည်သူ သုံးဦးထပ်မံဒဏ်ရာရ

မေလ ၂၅ရက်ကလည်း ကျိုက်ဒုံရှိ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်၍ ကျိုက်ဒုံမြို့ အမှတ်(၁)ရပ်ကွပ်မှ အသက်(၁၃)နှစ်အရွယ် ကလေးတစ်ဦး သေဆုံးကာ (၈)နှစ်အရွယ်က လေးငယ်တစ်ဦး ဒဏ်ရာရခဲ့သည်။

(ကျုံဒိုးမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်၍ နေအိမ်များ ထိမှန် ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - ဒူးပလာယာခရိုင်)
(ကျုံဒိုးမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်၍ နေအိမ်များ ထိမှန် ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - ဒူးပလာယာခရိုင်)

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ကလေးနှင့် အမျိုးသမီးအပါအဝင် ဒေသခံပြည်သူသုံးဦး ထပ်မံဒဏ်ရာရခဲ့ကြောင်း KNU ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်သည်။

မေလ ၂၈ရက် ညပိုင်းတွင် ကျုံဒိုးမြို့အခြေစိုက် ခမရ(၅၄၆)တပ်ရင်းမှ ကျုံဒိုးမြို့နယ် ကော့ကာကျေးရွာသို့ (၁၂၀) မမ ၊ (၁၀၅) မမ ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ရာ ကော့ကာကျေးရွာသို့ နှစ်လုံးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ ကျရောက်ပေါက်ကွဲ၍ အသက် (၁၅)နှစ်အရွယ် ကလေးတစ်ဦး၊ အသက် (၂၁)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် (၅၇)နှစ်အရွယ် သက်ကြီးအမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့သည်ဟု KNU က ထုတ်ပြန်ခဲ့သည်။

အဆိုပါ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ် ခြောက်လုံးပျက်စီးခဲ့ကြောင်း ဖော်ပြထား သည်။

Public Service Announcement

Public Service Announcement

“ဒါဟာ (ပြည်သူများရှိရာသို့လက်နက်ကြီးဖြင့် ပစ်ခတ်မှု)စကစက လုပ်နေကျကိစ္စပဲ။ ပြည်သူလူထုကို ပစ်မှတ်ထားပြီးတော့လုပ်နေတဲ့ကိစ္စ”ဟု ကော့ကရိတ်ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်လက်အောက်ခံတပ်များ ကျူးလွန်ခဲ့သော လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများကြောင့် မေလအတွင်း ကော့ကာကျေးရွာအတွင်းရှိ ဒေသခံပြည်သူ ခြောက်ဦးလက်နက်ကြီး ထိမှန်ဒဏ်ရာရခဲ့ပြီး နေအိမ် ၁၀လုံးအထက် ထိခိုက်ပျက်စီးခဲ့သည်ဟု အသိပေးထားသည်။

မေလ ၂၅ရက်ကလည်း ကျိုက်ဒုံရှိ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်၍ ကျိုက်ဒုံမြို့ အမှတ်(၁)ရပ်ကွပ်မှ အသက်(၁၃)နှစ်အရွယ် ကလေးတစ်ဦး သေဆုံးကာ (၈)နှစ်အရွယ်က လေးငယ်တစ်ဦး ဒဏ်ရာရခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ပြည်သူများရှိရာသို့ လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။