Connect with us

Hi, what are you looking for?

သတင်း

ကျုံဒိုးတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအရှင်ဖမ်းမိပြီး လက်နက်များပါ သိမ်းစည်းမိဟုဆို

ကော့ကရိတ်- ဖားအံ ကားလမ်းမပေါ်ရှိ ကျုံဒိုးမြို့တွင်းတိုက်ပွဲကြောင့် ကျုံဒိုးမြို့အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများသည် လတ်တလောတွင် စစ်ဘေးရှောင်နေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျုံဒိုးတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအရှင်ဖမ်းမိပြီး လက်နက်များပါ သိမ်းစည်းမိဟုဆို
ကျုံဒိုးတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအရှင်ဖမ်းမိပြီး လက်နက်များပါ သိမ်းစည်းမိဟုဆို

ကျုံဒိုးမြို့နယ်အတွင်း စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအရှင်ဖမ်းနိုင်ခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ သိရသည်။

ယနေ့ မတ် ၂၅ ရက်မနက်ပိုင်းတွင် ကရင်ပြည်နယ် မြတတီမြို့တွင် တိုက်ပွဲပြင်းထန်ခဲ့သလို့ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် ယနေ့ နံနက်အစောပိုင်း၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ပေါင်းစုတို့အကြား တိုက်ပွဲပြင်းထန်ခဲ့သည်။

ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့အတွင်းရှိ စစ်ကောင်စီတပ်၏ နယ်မြေခံ ခြေမြန်တပ်ရင်း(၅၄၆)တပ်နှင့် ကျုံဒိုးမြို့ရဲစခန်းကို တော်လှန်ရေးတပ်ပေါင်းစုအဖွဲ့ကဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်း အသုံးပြုတိုက်ခိုက်နေကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။

ကျုံဒိုးမြို့တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို အရှင်ဖမ်းဆီးရနိုင်ခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

“ အရှင်အများကြီးမိတယ်။ ကျုံဒိုးရဲစခန်းမှာ။ လက်နက်ချတာတဲ့၊ လက်နက်လည်းအကုန်ရတယ်” ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ကော့ကရိတ်- ဖားအံ ကားလမ်းမပေါ်ရှိ ကျုံဒိုးမြို့တွင်းတိုက်ပွဲကြောင့် ကျုံဒိုးမြို့အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများသည် လတ်တလောတွင် စစ်ဘေးရှောင်နေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ကြာအင်းဆိပ်ကြီးမြို့နယ် ကြာအင်းဆိပ်ကြီး-ကျိုက်ဒုံလမ်း ခုတ်ခွါးကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ပေါင်းစုတို့အကြား ယနေ့မနက်အစောပိုင်းက တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ထိခိုက်မှုကိုတော့ လတ်တလောတွင် မသိရှိရသေးကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု တုံးဗျောရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက် ၄လက် သိမ်းရခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။