Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကားတန်းကပစ်လိုက်သည့်ကျည်ထိပြီး ကလေးငယ်တစ်ဦးသေဆုံး

ယင်းကားတန်းသည် ကျုံဒိုးမြို့ဘက်သို့ တပ်အင်အားဖြည့်ဆည်းရန်တက်လာခြင်းဖြစ်ပြီး ယာဥ်တန်းဆီက ပစ်ခတ်လိုက်သည့် ကျည်ကြောင့် ကျုံဒိုးမြို့မရောက်ခင် ဖားအံမြို့နယ် ဂျိုင်းဒေသအနီးရှိ မြေနီကုန်း ရိုးမဟာကျေးရွာနေ ကလေးတစ်ဦးကျည်မှန်သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီကားတန်းကပစ်လိုက်သည့်ကျည်ထိပြီး ကလေးငယ်တစ်ဦးသေဆုံး
စစ်ကောင်စီကားတန်းကပစ်လိုက်သည့်ကျည်ထိပြီး ကလေးငယ်တစ်ဦးသေဆုံး

ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့ဘက်သို့ တက်လာသည့် စစ်ကောင်စီတပ်ကားတန်းကနေ ပစ်ခတ်လိုက်သည့် သေနတ်ကျဉ်ထိကာ အနီးရှိကျေးရွာအတွင်းမှာ ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

ယင်းကားတန်းသည် ကျုံဒိုးမြို့ဘက်သို့ တပ်အင်အားဖြည့်ဆည်းရန်တက်လာခြင်းဖြစ်ပြီး ယာဥ်တန်းဆီက ပစ်ခတ်လိုက်သည့် ကျည်ကြောင့် ကျုံဒိုးမြို့မရောက်ခင် ဖားအံမြို့နယ် ဂျိုင်းဒေသအနီးရှိ မြေနီကုန်း ရိုးမဟာကျေးရွာနေ ကလေးတစ်ဦးကျည်မှန်သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ယင်းအချိန်တွင် အခင်းဖြစ်ပွားရာနေရာ၌ တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ ယခုကဲ့သို့ဖြစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများထံက စုံစမ်းသိရှိရသည်။

” ကားပေါ်ကနေ ရမ်းပစ်လိုက်လို့ ကလေးတစ်ယောက်ထိပြီး သေသွားတယ်။ ဆေးရုံတောင် မရောက်လိုက်ဘူး” ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

လတ်တလော စစ်ရေးတင်းမာမှုများရှိနေသည့် ကရင်ပြည်နယ် ကျုံဒိုး၊ ကော့ကရိတ်၊ သင်္ဃန်းညီနောင်၊ မြ၀တီ ကားလမ်းတစ်လျှောက်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များနှင့် လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများ ရှိနေသောကြောင့် အရပ်သားပြည်သူ အသက်အိုးအိမ်ပစ္စည်းများ ထိခိုက်မှုရှိနေပြီး ဒေသခံပြည်သူများစွာ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရသည်။

ယခုနှစ် (၂၀၂၃)ခုနှစ်အတွင်းတွင် စစ်ကောင်စီတပ်မှ အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး ပစ်ခတ်တိုက်ခိုက်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုများကြောင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး နယ်မြေအတွင်း အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများပြားလာခဲ့ပြီး ထိခိုက်သေဆုံးဒဏ်ရာရသူများထဲတွင် ကလေးဦးရေပါဝင်လာမှု တိုးမြင့်လာခဲ့သည်ဟု ကရင်အရပ်ဘက်အဖွဲ့၏ ပြောဆိုချက်အရ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။