Connect with us

Hi, what are you looking for?

သတင်း

ဘုရားသုံးဆူနှင့် ကျုံဒိုးမြို့နယ်တို့အတွင်း တိုက်ပွဲပြင်းထန်နေ

ဘုရားသုံဆူးဒေသအတွင်းရှိ သတ္တုမိုင်းလုပ်ကွက်နေရာကို ယနေ့ ဇန်နဝါရီလ(၂၅)ရက် နံနက်တစ်နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်မှ လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သတ္တုမိုင်းလုပ်ကွက်အတွင်းရှိ အဆောက်အဦးများ ထိခိုက်ပျက်စီးသွားခဲ့သည်ဟု ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဘုရားသုံးဆူနှင့် ကျုံဒိုးမြို့နယ်တို့အတွင်း တိုက်ပွဲပြင်းထန်နေ
ဘုရားသုံးဆူနှင့် ကျုံဒိုးမြို့နယ်တို့အတွင်း တိုက်ပွဲပြင်းထန်နေ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆)နယ်မြေအတွင်းရှိ ဘုရားသုံးဆူဒေသနှင့် ကျုံဒိုးမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုများရှိခဲ့ကာ တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိနေသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ဘုရားသုံးဆူနှင့် ကျုံဒိုးမြို့နယ်တို့အတွင်း တိုက်ပွဲပြင်းထန်နေ
ဘုရားသုံးဆူနှင့် ကျုံဒိုးမြို့နယ်တို့အတွင်း တိုက်ပွဲပြင်းထန်နေ

ဘုရားသုံဆူးဒေသအတွင်းရှိ သတ္တုမိုင်းလုပ်ကွက်နေရာကို ယနေ့ ဇန်နဝါရီလ(၂၅)ရက် နံနက်တစ်နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်မှ လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သတ္တုမိုင်းလုပ်ကွက်အတွင်းရှိ အဆောက်အဦးများ ထိခိုက်ပျက်စီးသွားခဲ့သည်ဟု ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် တိုက်ပွဲပြင်းထန်နေလျက်ရှိသည့် ကျုံဒိုးမြို့နယ် ကမ်းနီကျေးရွာနှင့် တံတားဦးကျေးရွာအနားတစ်ဝိုက်တွင် ယနေ့ နေ့လည်(၁၂)နာရီခွဲအချိန်၌ စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုကိုတော့ လတ်တလောတွင် မသိရှိရသေးကြောင်း ဒေသခံများမှ ပြောကြားသည်။

ဘုရားသုံးဆူနှင့် ကျုံဒိုးမြို့နယ်တို့အတွင်း တိုက်ပွဲပြင်းထန်နေ
ဘုရားသုံးဆူနှင့် ကျုံဒိုးမြို့နယ်တို့အတွင်း တိုက်ပွဲပြင်းထန်နေ

ကျုံဒိုးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုအများအပြားရှိခဲ့သောကြောင့် ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီး ဒေသခံပြည်သူများ၏ နေအိမ်များ မီးလောင်ပျက်စီးခဲ့ကာ အများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။