သတင်း ရေစကြို အထက(၁)အနီးမီးပွိုင့်တွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သားများအားဖောက်ခွဲတိုက်ခိုက် ယမန်နေ့ (ဖေဖော်ဝါရီ ၁၃ ရက်)ကလည်း ရေစကြိုမြို့ အမှတ်(၄) ဖောင်တော်ဦးရပ်ကွက်ရှိ စစ်ကောင်စီတပ်၏ ငြိမ်းဇာနည်တပ်စခန်းငယ်တစ်ခုကို တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ဦးခန့် သေဆုံးခဲ့သည်ဟု ဆိုသည်။ LuduNwayOoဖေဖော်ဝါရီ 14, 2023
သတင်း ရှမ်းမြောက်တွင် KIAနှင့်တိုက်ပွဲ စစ်ကောင်စီတပ် တိုက်လေယာဉ်အသုံးပြုတိုက်ခိုက် "ဒီနေ့မနက် ဂျက်ဖိုက်တာ တစ်စီးလာသွားတယ်။ နားဖိုင်ဘက်ဖြစ်မယ်။ မနေ့ကလည်း တော်တော်ကြမ်းတယ်။ မနေ့က နမ့်ဖက်ကာ ဘက်မှာ ဟိုဘက်(KIA) ကလည်း တွယ်တယ် ဒီဘက်(နမ့်ဖက်ကာ စစ်ကောင်စီတပ်)ကလည်း အကြီး(လက်နက်ကြီး)တွေနဲ့ ပြန်ထုတယ်။ အသေး(လက်နက်ငယ်)သံတွေလည်းကြားရတယ်”ဟု ဒေသခံက ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 14, 2023
သတင်း ဘုတလင်မြို့နယ် ကူတော်ရွာရှိ စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးတပ်များတိုက်ခိုက် ခင်ဦးမြို့နယ်မြောက်ခြမ်း၊ အရှေ့ခြမ်းနှင့်အရှေ့တောင်ခြမ်းရှိ ကျေးရွာများမှ ဒေသခံများသည် ဖေဖော်ဝါရီ၁၁ရက်မှစ၍ ယနေ့နံနက်အထိ ထွက်ပြေးတိမ်းရှောင်နေရပြီး နေထိုင်စားသောက်ရေးများ အခက်အခဲတွေ့နေကြောင်း သတင်းရရှိသည်။ LuduNwayOoဖေဖော်ဝါရီ 14, 2023
သတင်း ကနီမြို့တွင် စစ်ကောင်စီတပ်နှင့်ပျူပူးပေါင်းအဖွဲ့ကို PDF တိုက်ခိုက် ယနေ့(ဖေဖော်ဝါရီ ၁၄ရက်) နံနက် ၈ နာရီခန့်က ကနီမြို့ အလယ်ကျွန်းပျုရွာသို့ လှည်း ခြောက်စီးဖြငင့် ရိက္ခာပို့သွားသော စစ်ကောင်စီတပ်နှင့်ပျူစောထီးပူးပေါင်းအဖွဲ့ကို ကျောက်လုံးကြီး KLG တပ်မဟာက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoဖေဖော်ဝါရီ 14, 2023
သတင်း KNUတပ်မဟာ(၃)နယ်မြေရှိ ကျေးရွာများအား စစ်ကောင်စီလက်နက်ကြီးပစ်၍ ဒေသခံထောင်ချီ တိမ်းရှောင်နေရ စစ်ကောင်စီတပ်ကကျေးရွာများအတွင်းသို့ လက်နက်ကြီးများပစ်ခတ်၍ ကလေးငယ်များ အပါအဝင် အရပ်သားသေဆုံးထိခိုက်မှုများ မကြာခဏ ရှိခဲ့သည်။ LuduNwayOoဖေဖော်ဝါရီ 14, 2023
သတင်း ရှမ်းမြောက်ရှိ KIA တပ်ရင်း(၉)နယ်မြေသို့ စစ်ကြောင်းသုံးကြောင်းဖြင့် စစ်ကောင်စီတပ်ထိုးစစ်ဆင်၍ ၃ရက်ဆက် တိုက်ပွဲဖြစ်ပွားနေ “မံဝိန်းကြီးနားလောက်မှာ ဖြစ်မှာပါ။ မံစီမြို့နယ်တော့ ဟုတ်ပါတယ်။ အဲဒါကလည်း စစ်ကောင်စီဘက်က ကျနော်တို့နေတဲ့ဘက်ကို ထိုးဝင်လာလို့ ဒါကလည်း ခုခံတိုက်ပွဲပါ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 14, 2023
သတင်း စစ်ကောင်စီတပ် ကသာမြို့နယ်အတွင်းရှိ ရွာလေးရွာမှအိမ်ခြေ ၅၀၀ ကျော်ကိုမီးရှို့ဖျက်ဆီး ကသာမြို့နယ်အင်းကြီးအုပ်စုကိုအင်းအား ၇၀ ကျော်ပါသောစစ်ကောင်စီတပ်စစ်ကြောင်းတစ်ကြောင်းက ဖေဖော်ဝါရီ ၁၁ရက်မှစ၍ စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်များကိုမီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်။ LuduNwayOoဖေဖော်ဝါရီ 14, 2023
သတင်း ဗိုလ်ချုပ်မွေးနေ့အဖြစ် ရေစကြိုမြို့ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုအား စီးနင်းတိုက်ခိုက် ယမန်နေ့ (ဖေဖော်ဝါရီ ၁၃ ရက်) ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၈)နှစ်မြောက် မွေးနေ့၌ ရေစကြိုမြို့ အမှတ်(၄) ဖောင်တော်ဦး ရပ်ကွက်တွင်ရှိသည့် ငြိမ်းဇာနည်တပ်စခန်းကို ညနေ ၅ နာရီက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း MBT တပ်ဖွဲ့က ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 14, 2023
သတင်း ရေစကြိုမြို့နယ် ဆင်မရဲရွာစာသင်ကျောင်း တပ်စွဲထားသော စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက် ဆင်မရဲရွာတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ပြန်လည်ပစ်ခတ်မှုများရှိခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။ LuduNwayOoဖေဖော်ဝါရီ 14, 2023
သတင်း ဆားလင်းကြီးတွင် စစ်ကောင်စီစစ်ကြောင်းနှင့် ထိပ်တိုက်တိုး၍ PDFရဲဘော် ခုနစ်ဦးကျဆုံး ဖေဖော်ဝါရီ ၉ ရက်က ဆားလင်းကြီးမြို့ပေါ်မှ ထွက်လာသော အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်နှင့်ပျူများသည် ၉ ရက်နှင့် ၁၀ ရက်များက ငွေသာကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသတွင်း Pdfအဖွဲ့များနှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။ LuduNwayOoဖေဖော်ဝါရီ 13, 2023