Connect with us

Hi, what are you looking for?

သတင်း

ရှမ်းမြောက်တိုက်ပွဲ ၅ရက်ဆက်ဖြစ်၊ စစ်ကောင်စီတပ် အထိနာ၍ လေကြောင်း တိုက်ခိုက်နေဟု KIA အသိပေး

စစ်ကောင်စီတပ်သည် KIA တပ်ရင်း(၉) တပ်များအား စစ်ကြောင်း သုံးကြောင်းဖြင့် ထိုးစစ်ဆင်နေ၍ တိုက်ပွဲဖြစ်နေကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယမန်နေ့တွင် People’s Spring သတင်းဌာနသို့ပြောကြားထားသည်။

(KIA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-Kachin Land)
(KIA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-Kachin Land)

ရှမ်းပြည်နယ်မြောက်ပိုင်းရှိကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်စခန်းကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေ တိုက်ခိုက်နေ၍ ယနေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

KIA အမှတ်(၆)တပ်မဟာ အမှတ်(၉) တပ်ရင်းနယ်မြေ တွင် ဖေဖော်ဝါရီ ၁၅ရက်နေ့မနက် ၈နာရီခွဲအချိန်မှစပြီး စစ်ကောင်စီနှင့် KIA တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့သည်။အဆိုပါနေရာ၌ ဖေဖော်ဝါရီ ၁၄ရက်နေ့ကတည်းက စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် KIA တပ်စခန်းရှိရာသို့ ထိုးစစ်ဆင်လာ၍ KIAက ခုခံတိုက်ခိုက်နေကြောင်း ဖော်ပြသည်။

လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ် နေသည့်အပြင်ယနေ့နေ့လည် ၁နာရီ ၄၅ မိနစ်ခန့်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ စက်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုသိရသည်။

Public Service Announcement
Public Service Announcement

ရှမ်းမြောက်ဒေသ၌ စစ်ကောင်စီတပ်မှ စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေ၍ KIAနှင့် တိုက်ပွဲဖြစ်ပွားနေသည်မှာ ၅ ရက်ခန့်ရှိနေပြီဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်မှုများ ရှိနေ၍ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အဆိုပါဒေသ၌ စစ်ကောင်စီတပ်မှ စစ်အင်အားဖြည့်တင်းကာ ထိုးစစ်ဆင်နေဆဲအခြေအနေဖြစ်၍တိုက်ပွဲပိုမိုပြင်းထန်လာနိုင်ကြောင်း KIAကအသိ​ပေးသည်။

စစ်ကောင်စီတပ်သည် KIA တပ်ရင်း(၉) တပ်များအား စစ်ကြောင်း သုံးကြောင်းဖြင့် ထိုးစစ်ဆင်နေ၍ တိုက်ပွဲဖြစ်နေကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယမန်နေ့တွင် People’s Spring သတင်းဌာနသို့ပြောကြားထားသည်။

ယနေ့တိုက်ပွဲဖြစ်ပွားရာဒေသသည် ကွတ်ခိုင်-မူဆယ်ကြား နားဖိုင်ဒေသ၌ဖြစ်တွင်ဖြစ်ပြီး နမ့်ဖက်ကာ၊ နမ့်အွန် ဒေသများ၌လည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ​ဒေသခံအချို့ကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။