Connect with us

Hi, what are you looking for?

သတင်း

ဆိပ်ဖြူတွင် စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် မသန်စွမ်းတစ်ဦးအပါအဝင် အမျိုးသမီးနှစ်ဦးသေဆုံး

ယမန်နေ့ကပင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကျားဘေကျေးရွာနှင့် ဘဲကျရွာကို လက်နက်ကြီးကျည်ကျရောက်ခဲ့ပြီး ဘဲကျရွာမှ ပြည်သူနှစ်ဦး လက်နက်ကြီးကျည်အပိုင်းအစများထိမှန် ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကျားဘေရွာအတွင်းသို့ ကျရောက်ခဲ့သော လက်နက်ကြီးကျည်၊ ဓာတ်ပုံ - We Love Seik Phyu Group
စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကျားဘေရွာအတွင်းသို့ ကျရောက်ခဲ့သော လက်နက်ကြီးကျည်၊ ဓာတ်ပုံ - We Love Seik Phyu Group

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် အကြမ်းဖက်အစစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် မသန်စွမ်းတစ်ဦးအပါအဝင် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၁၅ ရက်)နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က ဆိပ်ဖြူမြို့နယ် တောင်ရွာမသို့ရောက်ရှိနေသော စစ်ကောင်စီစစ်ကြောင်း၏ ပစ်ခတ်မှုကြောင့် တောင်ရွာနေ မသန်စွမ်းသူ အသက်(၄၀)အရွယ် ဒေါ်ရင်ရင်မှာ ကျည်ထိမှန်၍ သေဆုံးခဲ့ကြောင်း We Love Seik Phyu Groupက ပြောသည်။

ထို့အပြင် ၎င်းတို့၏ပစ်ခတ်သံများကြောင့် အသက်(၅၀)ခန့်ရှိ အမျိုးသမီးတစ်ဦးလည်း လန့်၍ သေ‌ဆုံးခဲ့ပြီး နွားများလည်း ကျည်ထိမှန်သေဆုံးခဲ့ကြောင်း We Love Seik Phyu Groupက ပြောသည်။

စစ်ကောင်စီတပ်က ကျေးရွာရှိ ကလေး သုံးဦးကိုလည်း ဖမ်းဆီးသွားခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် မွန်းလွဲပိုင်းတွင် တောင်ရွာမ ဘုန်းကြီးကျောင်း၌ ရောက်ရှိနေပြီး ပခုက္ကူမြို့နယ်ဘက်မှထွက်လာသည့် စစ်ကြောင်းတစ်ကြောင်းသည်လည်း မြောက်ဘက်ရှိ ရှားဒူးရွာအနီးရောက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

“ရွာတွေ တော်တော်များများ ပြေးနေရတယ်။ PDF တစ်ဦးလည်း ကျတယ်လို့ကြားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ကပင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကျားဘေကျေးရွာနှင့် ဘဲကျရွာကို လက်နက်ကြီးကျည်ကျရောက်ခဲ့ပြီး ဘဲကျရွာမှ ပြည်သူနှစ်ဦး လက်နက်ကြီးကျည်အပိုင်းအစများထိမှန် ဒဏ်ရာရခဲ့သည်။

ယမန်နေ့(ဖေဖော်ဝါရီ ၁၄ရက်)က ဆိပ်ဖြူမြို့နယ်၊ ပုသိမ် – မုံရွာလမ်းမကြီးဘေးရှိ ရွာသာကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ ၁နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြောင့် ရွာသာကုန်း၊ ကျစ်ပြင်၊ သက္ကယ်ကျင်းနှင့် ထွန်ကျေးရွာများက ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။