Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည် အယူခံတက်တဲ့ အမှုကို စစ်ကောင်စီတရားလွှတ်တော်ချုပ်ပယ်ချ

စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ဆီက ဒေါ်လာ လက်ခံခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ထောင် ၃ နှစ်ချခံရတဲ့ အဂတိ အမှု ၂ မှု ကို ဒေါ်အောင်ဆန်းစုကြည်က အယူခံတက်ခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက ရန်ကုန်မြို့ ၊လှိုင်မြို့နယ် သိပ္ပံပစ္စည်းစက်ရုံသစ်ဖွင့်ပွဲမှာတွေ့ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးမောင်ဝိတ်
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက ရန်ကုန်မြို့ ၊လှိုင်မြို့နယ် သိပ္ပံပစ္စည်းစက်ရုံသစ်ဖွင့်ပွဲမှာတွေ့ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးမောင်ဝိတ်

လာဘ်စားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ချထားတဲ့အမှု ၂ မှုအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အယူခံတက်ရာ စစ်ကောင်စီ တရားလွှတ်တော်ချုပ်က အယူခံတက်ခွင့်မပေးဘဲ ပယ်ချလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့အယူခံကို လက်မခံဘဲ မနေ့က ပယ်ချလိုက်တာလို့ တရားရုံးနဲ့နီးစပ်သူတွေထံက သိရပါတယ်။

စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ဆီက ဒေါ်လာ လက်ခံခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ထောင် ၃ နှစ်ချခံရတဲ့ အဂတိ အမှု ၂ မှု ကို ဒေါ်အောင်ဆန်းစုကြည်က အယူခံတက်ခဲ့တာပါ။

အမှုကို ရင်ဆိုင်ရချိန်ကတည်းက လာဘ်စားတာမရှိခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က စစ်ကောင်စီ တရားခွင်မှာထုချေထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ်ချထားတာဖြစ်ပါတယ်။

ဓာတ်ပုံ − စေပိုင်ကုမ္ပဏီ

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ထိုင်၀မ်နိုင်ငံ Sun Yat-Sen Memorial hall မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးကြောင်း သက်သေပြဖို့ တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှုကို ဒီကနေ့ (ဇူလိုင် ၂၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

ဆောင်းပါး

(ထူထဲလှတဲ့ထောင်နံရံနောက်က နိုဘယ်ဆုရှင်၏ အသက်အန္တရာယ်အပေါ် ကမ္ဘာ့စိုးရိမ်ပူပန်မှုများ)