Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါ်အောင်ဆန်းစုကြည် အယူခံတက်တဲ့ အမှုကို စစ်ကောင်စီတရားလွှတ်တော်ချုပ်ပယ်ချ

စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ဆီက ဒေါ်လာ လက်ခံခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ထောင် ၃ နှစ်ချခံရတဲ့ အဂတိ အမှု ၂ မှု ကို ဒေါ်အောင်ဆန်းစုကြည်က အယူခံတက်ခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက ရန်ကုန်မြို့ ၊လှိုင်မြို့နယ် သိပ္ပံပစ္စည်းစက်ရုံသစ်ဖွင့်ပွဲမှာတွေ့ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးမောင်ဝိတ်
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက ရန်ကုန်မြို့ ၊လှိုင်မြို့နယ် သိပ္ပံပစ္စည်းစက်ရုံသစ်ဖွင့်ပွဲမှာတွေ့ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးမောင်ဝိတ်

လာဘ်စားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ချထားတဲ့အမှု ၂ မှုအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အယူခံတက်ရာ စစ်ကောင်စီ တရားလွှတ်တော်ချုပ်က အယူခံတက်ခွင့်မပေးဘဲ ပယ်ချလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့အယူခံကို လက်မခံဘဲ မနေ့က ပယ်ချလိုက်တာလို့ တရားရုံးနဲ့နီးစပ်သူတွေထံက သိရပါတယ်။

စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ဆီက ဒေါ်လာ လက်ခံခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ထောင် ၃ နှစ်ချခံရတဲ့ အဂတိ အမှု ၂ မှု ကို ဒေါ်အောင်ဆန်းစုကြည်က အယူခံတက်ခဲ့တာပါ။

အမှုကို ရင်ဆိုင်ရချိန်ကတည်းက လာဘ်စားတာမရှိခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က စစ်ကောင်စီ တရားခွင်မှာထုချေထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ်ချထားတာဖြစ်ပါတယ်။

ဓာတ်ပုံ − စေပိုင်ကုမ္ပဏီ

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။