Connect with us

Hi, what are you looking for?

သတင်း

KBCခေါင်းဆောင် ဒေါက်တာခလမ်ဆန်ဆွန်ကို စစ်ကောင်စီက အကြမ်းဖက်မှုပုဒ်မဖြင့် ထပ်တိုးတရားစွဲ

ဒေါက်တာခလမ်ဆန်ဆွန်အား ဖမ်းဆီးထားခြင်းအား အမြန်ဆုံးလွှတ်ပေးရန် ကချင်အသိုင်းအဝိုင်းက တောင်းဆိုထားသော်လည်း စစ်ကောင်စီက အမှုထပ်တိုးတရားစွဲဆိုခြင်းများပြုလုပ်လျက်ရှိသည်။

KBCခေါင်းဆောင် ဒေါက်တာခလမ်ဆန်ဆွန်ကို စစ်ကောင်စီက အကြမ်းဖက်မှုပုဒ်မဖြင့် ထပ်တိုးတရားစွဲ
KBCခေါင်းဆောင် ဒေါက်တာခလမ်ဆန်ဆွန်ကို စစ်ကောင်စီက အကြမ်းဖက်မှုပုဒ်မဖြင့် ထပ်တိုးတရားစွဲ

မတရားအသင်းဆက်သွယ်မှုပုဒ်မအပါအဝင် တရားစွဲခံရသည့်ပုဒ်မ သုံးခုထိရှိလာ

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌဟောင်းဖြစ်သည့် ဒေါက်တာခလမ်ဆန်ဆွန်ကို အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မဖြင့် ထပ်တိုးတရားစွဲလိုက်သည်ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

“သူတို့ ပထမနှစ်မှုပဲ။ အခု သုံးမှုဖြစ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်လိုပုံစံမျိုးပေါ့။ ကြာလေ ဒီအမှုနဲ့ ပတ်သက်တယ်ဆိုပြီး နောက်အမှု ပြန်တပ်လိုက်။ နောက် နည်းနည်းကြာရင်ဘာအမှုနဲ့ဆိုပြီး ပြန်လုပ်လိုက်ပေါ့။ အဲဒီလိုပဲသွားနေမှာပဲ”ဟု ၎င်းက ဆိုသည်။

ဒေါက်တာခလမ်ဆန်ဆွန်ကို စစ်ကောင်စီက ၂၀၂၂ ဒီဇင်ဘာလဆန်းက မန္တလေးလေဆိပ်၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဒေါက်တာခလမ်ဆန်ဆွန်၏ ထိုင်းနိုင်ငံသို့ သွားရောက်မည့်ခရီးစဉ်၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် ဦးစွာ တရားစွဲဆိုခဲ့ပြီး နောက်ပိုင်းတွင် ၅၀၅(က)ဖြင့် ထပ်မံတရားစွဲဆိုခဲ့သည်။

ဒေါက်တာခလမ်ဆန်ဆွန်အား ဖမ်းဆီးထားခြင်းအား အမြန်ဆုံးလွှတ်ပေးရန် ကချင်အသိုင်းအဝိုင်းက တောင်းဆိုထားသော်လည်း စစ်ကောင်စီက အမှုထပ်တိုးတရားစွဲဆိုခြင်းများပြုလုပ်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အရင်က အင်တာဗျူး အသံဖိုင်တွေနဲ့ စာသား မှတ်တမ်းတွေ ထုတ်ပြန်လာမှာကို တားဆီးဖို့အတွက် အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒန်က အမေရိကန် တရားရေး ဝန်ကြီးဌာနကို တရားစွဲဆိုခဲ့ပါတယ်။