သတင်း စစ်တပ်က ရွာသားတစ်ဦးကိုပစ်သတ်ပြီး လူဦးရေတစ်ထောင်နီးပါးကို ရွာထဲကနေအဓမ္မရွှေ့ပြောင်းခိုင်း တယ်လို့ KNU ပြော ရွာသားတွေရွှေ့ပြောင်းနိုင်ဖို့အတွက် နိုကူကနေ ကျောက်ကြီးကားလမ်းတစ်ခုကိုသာဖွင့်ပေးထားပြီး အခြားလမ်းတွေကိုအသုံးမပြုနိုင်အောင် စစ်ကောင်စီတပ်က ပိတ်ဆို့တာတွေပြုလုပ်ခဲ့တယ်လို့ ကေအဲန်ယူက ဆိုပါတယ်။ LuduNwayOoစက်တင်ဘာ 15, 2022
သတင်း စစ်တပ်၏ စစ်ရာဇ၀တ်မှုဆိုင်ရာ အချက်အလက်သန်းပေါင်းများစွာကို ဖေ့စ်ဘွတ်ခ်က ကုလစုံစမ်းစစ်ဆေးသူများထံ ပေးအပ် ရိုဟင်ဂျာများအပေါ် ကျူးလွန်သော ရာဇ၀တ်မှုများနှင့်ပတ်သက်၍ တာ၀န်ခံမှုရှိစေရေး နိုင်ငံတကာ၏ ကြိုးပမ်းမှုများကို ကူညီထောက်ပံ့မည်ဟု Facebook ကုမ္ပဏီက ပြောကြား ထားသည်။ LuduNwayOoစက်တင်ဘာ 13, 2022
သတင်း ရွာသားတွေကို ရွာထဲကနေထွက်ခွာကြဖို့နဲ့ မသွားရင်မီးရှို့မယ်လို့ စစ်တပ်ကခြိမ်းခြောက်ကြောင်း KNU ပြော တောင်စုကျေးရွာမှာတော့ ကေအဲန်ယူ-မူးမြို့နယ်ရှိ တာဝန်ရှိခေါင်းဆောင်က စီမံထိန်းသိမ်းပြီး မိမိတို့ရဲ့ကျေးရွာထဲမှာသာ နေထိုင်စေတယ်လို့ ကေအဲန်ယူကဆိုပါတယ်။ LuduNwayOoစက်တင်ဘာ 13, 2022
ဗီဒီယို ကြေးစားစစ်တပ်တွေ ဘယ်လိုအလုပ်လုပ်သလဲ ကမ္ဘာပေါ်မှာ အထက်မြက်ဆုံးကြေးစားစစ်တပ်လို့ ပြောကြတဲ့ ပုဂ္ဂလိက စစ်တပ် ကုမ္ပဏီ တစ်ခုဖြစ်တဲ့ BlackWater အကြောင်းပါ။ LuduNwayOoစက်တင်ဘာ 11, 2022
သတင်း ညောင်လေးပင်ခရိုင်ထဲ တစ်လအတွင်းတိုက်ပွဲတွေမှာ စစ်တပ်ဘက်က တပ်ရင်းမှူးအပါအဝင် အယောက် ၇၀ သေဆုံးခဲ့တယ်လို့ KNU ဆို ဒီလို စစ်ကောင်စီတပ်က လုပ်ဆောင်ခဲ့တာကြောင့် KNLA တပ်မဟာ(၃)က တပ်ရင်းလေးရင်းလုံးပါဝင်တဲ့ စစ်ကြောင်းတစ်ကြောင်းကိုဖွဲ့စည်းပြီး မူသယ်ကားလမ်းပေါ်မှာ ပြည်သူလူထုရဲ့လုံခြုံရေးလုပ်ငန်းတွေကို သွားရောက်ဆောင်ရွက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ကေအဲန်ယူကဆိုပါတယ်။ LuduNwayOoစက်တင်ဘာ 10, 2022
သတင်း စစ်တပ်ကလေကြောင်းတိုက်ခိုက်လို့ ကော်ဘရာစစ်သည်တော်တစ်ဦး ဒဏ်ရာရ မနေ့ စက်တင်ဘာ(၉)ရက်နေ့ မနက်ပိုင်းကလည်း မြ၀တီ-ဝေါ်လေ လမ်းအတိုင်းကျူးကျော်လာတဲ့ စစ်ကောင်စီရဲ့ တပ်မ(၄၄)လက်အောက်ခံ ခမရ(၁၀၂)က ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးအပါအဝင် ခြောက်ဦးကို လက်နက်ခဲယမ်းနဲ့တကွ လူခို့အနီးမှာ KNLA တပ်ရင်း(၂၇)နဲ့ ကော်ဘရာစစ်ကြောင်းအဖွဲ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ LuduNwayOoစက်တင်ဘာ 10, 2022
နိုင်ငံတကာ တရုတ်-အိန္ဒိယ နယ်စပ်မှာ အလုံးအရင်း ဖြန့်ကျက်ထားတဲ့ နှစ်ဖက် စစ်တပ်တွေ စတင်ရုပ်သိမ်း နယ်စပ်မှာ တပ်တွေ လျှော့ချနေကြောင်း အိန္ဒိယဖက်က ကြေညာပေမယ့် နယူးဒေလီ အခြေစိုက် တရုတ်သံရုံးကတော့ ဒီကိစ္စအပေါ် ဘာမှတ်ချက်မပေးသေးပါဘူး။ အိန္ဒိယနဲ့ တရုတ်တို့ဟာ ကီလိုမိတာ ၃၈၀၀ လောက် ရှည်လျားတဲ့ နယ်စပ်ကို မျှဝေထားပါတယ်။ LuduNwayOoစက်တင်ဘာ 9, 2022
သတင်း ကော်သူးလေမှာတစ်လအတွင်းဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ စစ်တပ်ဘက်က အယောက် သုံးရာကျော်သေဆုံးခဲ့တယ်လို့ KNU ဆို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) တပ်ဖွဲ့တွေဘက်ကတော့ တိုင်းပြည်နဲ့လူမျိုးအတွက်(၄) ဦး အသက်စွန့်ခဲ့ရပြီး (၁၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူက ဆိုပါတယ်။ LuduNwayOoစက်တင်ဘာ 8, 2022
သတင်း တပ်ပြောင်းချိန်မှာ စစ်တပ်က အရပ်သားတွေကိုလူသားဒိုင်းအဖြစ်သုံးခဲ့တယ်လို့ KNU ပြော လူသားဒိုင်းကာအဖြစ် စစ်ကောင်စီတပ်က ခေါ်ဆောင်သွားသူတွေကတော့ ကားမဲကျေးရွာနဲ့ တာပေါခီးကျေးရွာတွေက ရွာသားခြောက်ဦး၊ နော့ကတိုခီးကတစ်ဦး၊ ကျောက်တောင်ရွာသားတစ်ဦး၊ နို့တလာအောတစ်ဦး စုစုပေါင်းကိုးဦးဖြစ်တယ်လို့ ကေအဲန်ယူကဆိုပါတယ်။ LuduNwayOoစက်တင်ဘာ 8, 2022
သတင်း မြန်မာ့တော်ဝင်နဂါးတပ်တော် အမည်ခံအလှူငွေကောက်နေသည့် စစ်ထောက် လှမ်းရေးတစ်ဦးကို ဖမ်းဆီးရမိဟု ဗိုလ်နဂါးပြော "မြေပြင်မှာကို မိထားတာ။MRDA ရဲ့ ခွဲမှူးတစ်ယောက်လို ဟန်ဆောင်ထားတဲ့သူ။တစ်ယောက်ပဲ မိသေးတယ်။လေးယောက် လောက်လွတ်နေသေးတယ်"ဟု ၎င်းက ရှင်းပြသည်။ LuduNwayOoစက်တင်ဘာ 7, 2022