Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ မိုးရက်ဆက်ရွာနေချိန် ငလျင်ထပ်လှုပ်

မန္တလေးမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းနေချိန် ၂၁ မိုင်အနီး ဗဟိုပြုပြီး အင်အား ၄.၀ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

(မန္တလေး၌ မိုးသည်းထန်စွာ ရွာသွန်းနေစဥ်။ ဓါတ်ပုံံ-Screen Grab)

နိုဝင်ဘာ ၁၀၊ ၂၀၂၆။ မေရီ/People’s Spring

မန္တလေးမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းနေချိန် ၂၁ မိုင်အနီး ဗဟိုပြုပြီး အင်အား ၄.၀ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၁၀ ရက် ညနေ ၆ နာရီ ၃၄ မိနစ်ခန့်က မန္တလေးတိုင်း၊ မန္တလေးမြို့၊ ၂၁ မိုင်အနီး ၊ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၀ အဆင့်နဲ့ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း NUG ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အဆိုပါငလျင်ဟာ မန္တလေးမြို့နဲ့ အနီးတဝိုက်ကို သိသာစွာ လှုပ်ခတ်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။ “ကလေးတွေ လက်ဆွဲပြီး ပြေးရတာ။ ခါယမ်းသွားတယ်”လို့ မန္တလေးမြို့ပေါ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ မန္တလေးမြို့မှာလည်း ၃ ရက်ဆက် မိုးရွာသွန်းနေပြီး မိုးများလို့ ပြင်ကထွက်သူနည်းပါးနေတာကြောင့် အရောင်းအဝယ်တွေ ပါးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၉ ရက်ကနေ ၁၁ ရက်အထိ အရှေ့ဘက်မှလာသော လေပွေလှိုင်းအရှိန်ကြောင့် တနင်္သာရီ၊ ကချင်ပြည်နဲ့ မွန်ပြည်တို့မှာ နေရာကျဲကျဲမိုးရွာသွန်းနိုင်ပြီး စစ်ကိုင်း၊ မန္တလေ၊ မကွေး၊ ရန်ကုန်၊ ပဲခူး၊ဧရာဝတီ၊ ရှမ်းပြည်၊ ချင်းပြည်၊ အာရက္ခပြည်နဲ့ ကရင်ပြည်တို့မှာ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း NUG ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်း၊ မန္တလေး၊ မကွေး ပဲခူး၊ ဧရာဝတီနဲ့ ရှမ်းပြည်တို့မှာနေရာကွက်ပြီး မိုးကြီးနိုင်ပြီး အချိန်အခါမဟုတ် မိုးများရွာသွန်းမှုတွေကြောင့် မိုးလေဝသတိရှိမှုနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် ကြိုတင်သတိပြုနိုင်ဖို့ NUG ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းလို့ ရေကြီးရေလျှံတာ၊ သစ်ပင်လဲပြိုတာနဲ့ ယာဥ်တွေ လမ်းချော်တိမ်းမှောက်တာတွေ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေး-မုံရွာလမ်းပိုင်းကုန်ကားတွေကို စစ်တပ်က တရားမဝင် ငွေတောင်းခံမှု သိန်းဂဏန်းတွေအထိ တိုးတောင်းလာတာကြောင့် ကုန်ကားသမားတွေ ပိုပြီးအခက်အခဲ တွေ့နေရတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ တောင်ငူမြို့အနီးကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး၄ဒသမ၂အဆင့်ရှိတဲ့ မြေငလျင် ဒီ​နေ့ လှုပ်ရှားသွားပြီး သိသိသာသာပြင်းထန်တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်က သမိုင်းဝင် စီးတော်မြင်းဝန်ကျောင်း မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး သံဃာ ၂ ပါး ဒဏ်ရာရကာ ကျောင်းအဆောင်တွေနဲ့ ကား ၃ စီးထက်မနည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

Facebook