Connect with us

Hi, what are you looking for?

သတင်း

ရန်သူစစ်တပ်ထုတ်ပြန်တဲ့သတင်းဟာအမှန်မဟုတ်ဟုအထူးတိုင်းစစ်ဌာနကွပ်ကဲရေးမှူးပြော

ရန်သူတင်သမျှ သတင်းဟာသတင်းမဟုတ်သလို သတင်းမှန်လည်း မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အထူးတိုင်းစစ်ဌာန ကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက ဒီကနေ့ နိုဝင်ဘာ ၁၀ရက် ညပိုင်းမှာ လူမှုကွန်ရက်မှာ ရေးသား ပါတယ်။

(အထူးတိုင်းစစ်ဌာနက ​PDF တပ်ဖွဲ့ဝင်​တွေ။ဓါတ်ပုံ-အထူးတိုင်းစစ်ဌာန)

နိုဝင်ဘာ-၁၀၊၂၀၂၆။ထားမြတ်/People’s Spring

ရန်သူတင်သမျှ သတင်းဟာသတင်းမဟုတ်သလို သတင်းမှန်လည်း မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အထူးတိုင်းစစ်ဌာန ကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက ဒီကနေ့ နိုဝင်ဘာ ၁၀ရက် ညပိုင်းမှာ လူမှုကွန်ရက်မှာ ရေးသား ပါတယ်။

အထူးတိုင်းစစ်ဌာနချုပ်စခန်းအပါအဝင် PDF စခန်း ၇ ခုနဲ့ KNU စခန်း ၄ ခုစုစု​ပေါင်း ၁၁ ခုနဲ့လက်နက်ခဲယမ်းစစ်အသုံးအဆောင်တွေ သိမ်းရတယ်လို့ အာဏာသိမ်းစစ်တပ်က နိုဝင်ဘာ ၉ ရက်​​နေ့ရက်စွဲနဲ့သတင်းထုတ်ပြန်ခဲ့တဲ့ အခြေအနေ​အ​ပေါ် ရဲဘော်အောင်စံရှားက အခုလို ပြောကြားခဲ့တာပါ။

“ရန်သူတင်သမျှ သတင်းမဟုတ်ဘူး။အဲတာ သတင်း source မဟုတ်ဘူး။အဲတာ သတင်းမှန် မဟုတ်ဘူး။တော်လှန်ရေးအတွက်တော့ သတင်းဦး သတင်းထူးဖို့မလိုဘူး။ သတင်းကြောင့် ရလဒ်ကောင်းဖို့ပဲလိုတယ်”လို့ ရဲဘော်အောင်စံရှားက ရေးသားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိအချိန်မှာ များစွာ ပြောဆိုနေတာထက် များစွာ စည်းလုံးညီညွတ်ဖို့ အလုပ်များများ လုပ်ဖို့သာ လိုကြောင်းလည်း ရဲဘော်အောင်စံရှားက ပြောပါတယ်။

“ဘယ်ကောင်တွေ အသေထွက်နေလဲဆိုတာ အချိန်တန်ရင်သိရမှာပေါ့”လို့လည်း အထူးတိုင်းစစ်ဌာန ကွပ်ကဲရေးမှူးက ရေးသားထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး လှုပ်ရှားလာလို့ KNU တပ်မဟာ(၁)နယ်မြေ မွန်ပြည်နယ်ကျိုက်ထိုမြို့နယ်ကစခန်းနေရာအချို့ကဆုတ်ခွာခဲ့ရတာရှိကြောင်းKNUသတင်းရင်းမြစ်တဦးကပြောပါတယ်။

​မြေပြင်မှာတိုက်ပွဲ​တွေပြင်းထန်​နေဆဲဖြစ်လို့စစ်​ရေးသတင်းကို​ပြောလို့မရကြောင်းစစ်​ရေးသတင်းရင်းမြစ်တဦးကလည်း​ပြောပါတယ်။

စစ်တပ်က တပ်စခန်းတွေနဲ့ လက်နက်တွေသိမ်းရကြောင်း ဝါဒဖြန့်​နေတဲ့အ​ပေါ် KNUနဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနဘက်ကသတင်းထုတ်ပြန်တာမရှိ​သေးဘဲ အထူးတိုင်းစစ်ဌာန ကွပ်ကဲ​ရေးမှူးစတင်တုံ့ပြန်လာတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ကြုံခဲ့ရတဲ့ အထူးတိုင်းစစ်ဌာနရဲ့ တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက နေကောင်း ကျန်းမာအေးဆေးကြောင်း ဒီကနေ့ အောက်တိုဘာ ၃ရက်မှာ အသိပေးပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနရဲ့ ဆက်သွယ်ရေးစခန်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတာဟာ ရန်သူက ဖမ်းမိသွားတဲ့ တပ်ပြေး၊နှုတ်ထွက် ရဲဘော်တွေနဲ့ ရန်သူ့ထံ ဘက်ပြောင်း ခိုလှုံသွားသူတွေရဲ့ သတင်းပေးထွက်ဆိုချက်ဟာ အဓိကအကြောင်းအရင်းဖြစ်တယ်လို့ စုံစမ်းသိရကြောင်း အထူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင်း အထူးတိုင်း စစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အထူးတိုင်းစစ်ဌာနက PDF တပ်ရင်းသစ် ၃ခု ထပ်တိုးဖွဲ့စည်းလိုက်ကြောင်း ဒီကနေ့ဖေဖော်ဝါရီ ၂၄ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

Facebook