Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ စစ်အုပ်စုက ကျောက်သမားတွေကျောက်လိုင်စင်မပါရင် ကျပ်သိန်းချီတောင်းနေ

မန္တလေးမြို့မှာ စစ်အုပ်စုက ကျောက်သမားတွေကို ကျောက်လိုင်စင်ပါမပါ စစ်ဆေးနေပြီး လိုင်စင်မပါရင် ကျပ်သိန်းချီ တောင်းနေကြောင်း ကျောက်သမားတွေက ပြောပါတယ်။

အာဏာသိမ်းကာလ အစောပိုင်းက မန္တလေးမြို့ပေါ်တွင် စစ်ဆေးနေသော စစ်အုပ်စုဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ

ဒီဇင်ဘာ-၂၁၊ ၂၀၂၅။မေရီ/People’s Spring

မန္တလေးမြို့မှာ စစ်အုပ်စုက ကျောက်သမားတွေကို ကျောက်လိုင်စင်ပါမပါ စစ်ဆေးနေပြီး လိုင်စင်မပါရင် ကျပ်သိန်းချီ တောင်းနေကြောင်း ကျောက်သမားတွေက ပြောပါတယ်။

မန္တလေးမြို့က လမ်းတွေပေါ်မှာ စစ်ဆေးနေတဲ့ စစ်ကောင်စီရဲ့အဖွဲ့စုံစစ်ဆေးရေးအဖွဲ့တွေဟာ ဆိုင်ကယ်တွေကို စစ်ဆေးရင်း ကျောက်သမားတွေ ပါလာရင် ကျောက်မျက်လုပ်ငန်းလုပ်ကိုင်ခွင့် ပါ၊မပါစစ်ဆေးပြီး မပါရင် ငွေတောင်းယူနေတာဖြစ်ကြောင်း ကျောက်သမားတွေက ပြောပါတယ်။

“သုံးလေးသောင်းနဲ့မရဘူး။ လေးငါးသိန်းတောင်းတာ။အိတ်ပါရင်ကို စစ်တော့တာ။ ကျောက်ကြည့်ဓာတ်မီးတွေလည်းပါတော့ ငြင်းမရတော့ဘူး”လို့ ကျောက်သမားတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကျောက်မျက်လိုင်စင်ဟာ မန္တလေးကျောက်မျက် အသင်းကို တရားဝင်ပေးသွင်းရမယ့် လိုင်စင်ကြေးကတော့ ကျောက် အရောင်းအဝယ် ပြုလုပ်သူတွေအနေနဲ့ တစ်နှစ်ကို ကျပ်သုံးသောင်းသာ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ လိုင်စင်ကြေးဟာ ကျပ်သုံးသောင်းမကဘဲ သိန်းချီတောင်းနေလို့ အများစုသက်တမ်းမတိုးကြတော့ကြောင်း ကျောက်သမားအချို့က ပြောပါတယ်။

“အရောင်းအဝယ်တွေက မကောင်းရတဲ့အထဲ လိုင်စင်လည်းထပ်မတိုးနိုင်ဘူး”လို့ အခြားကျောက်သမားတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့အဖွဲ့စုံ စစ်ဆေးရေးအဖွဲ့ဟာ ကျောက်တွေကိုပါ အဓမ္မသိမ်းယူတာတွေ ပြုလုပ်နေပြီး ငွေသိန်းချီပေးမှ ပြန်ပေးကြောင်း ကျောက်သမားတွေဆီက သိရပါတယ်။

စစ်ကောင်စီရဲ့အဖွဲ့စုံစစ်ဆေးရေးအဖွဲ့ဟာ မန္တလေးမြို့ပေါ်မှာ တစ်ရက် ၁၅ ဖွဲ့ထက်မနည်း လှည့်လည်စစ်ဆေးနေပြီး လူငယ်တွေကို ခန္ဓာကိုယ်အနှံ့ရှာဖွေတာ၊ ဖုန်းစစ်တာတွေပါ ပြုလုပ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

စစ်တပ်က ရန်ကုန်နဲ့ ဧရာဝတီတိုင်းချိတ်ဆက်ထားတဲ့ အဝေးပြေးလမ်းကိုအသုံးပြုပြီး စစ်လက်နက်ပစ္စည်းတွေကားနဲ့သယ်ယူပို့ဆောင်နေတဲ့အတွက် ခရီးသွားတွေသတိပြုသွားလာကြဖို့ မျက်မြင်တွေ့ရှိသူတွေက သတိပေးကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က စစ်တပ် ၃ခုဆုံတဲ့နေရာအနီးမှာ အိုးဝေသမားတစ်ဦးကို လူငယ်တွေက သံချွန်နဲ့ထိုးပြီး လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

Facebook