Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်တိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးမှုများတယ်လို့ ယင်းမာပင်ခရိုင် ဗျုဟာ(၄၇) တာဝန်ရှိသူပြော

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီတပ်က သေဆုံးမှုများတယ်လို့ ယင်းမာပင်ခရိုင် ဗျုဟာအမှတ် (၄၇)တာဝန်ရှိသူက ပြောပါတယ်။

ယင်းမာပင်မြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီတပ်က ရတဲ့ စာရွက်အထောက်အထား။ ဓာတ်ပုံ - ယင်းမာပင်ခရိုင် ဗျူဟာ အမှတ် ၄၇

ဒီဇင်ဘာ-၂၂၊၂၀၂၅။မိုမို/People’s Spring

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီတပ်က သေဆုံးမှုများတယ်လို့ ယင်းမာပင်ခရိုင် ဗျုဟာအမှတ် (၄၇)တာဝန်ရှိသူက ပြောပါတယ်။

ယင်းမာပင်မြို့နယ်၊ ရွှေတောင်းဦးကုန်းကနေ ဗိုလ်မှူးဇေယျာဝင်း ဦးဆောင်တဲ့ အင်အား၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက ဒီဇင်ဘာ ၁၆ရက်က မြို့အရှေ့မြောက် ခြမ်း ချင်းတွင်းမြစ်ကမ်းဘေးက ကျေးရွာတွေကို ဝင်ရောက်လာတယ်လို့ ဆိုပါတယ်။

“ရန်သူက ကိုယ့်စိုးမိုးနယ်မြေကို ကျူးကျော်လာတဲ့အတွက်ခုခံတိုက်ခိုက်ရတာပေါ့။ဒီပေါ်မှာ ရန်သူ(စစ်ကောင်စီ)ကပြည်သူ့နေအိမ်တွေကို မီးရှို့တာက အခုနောက်ပိုင်း စစ်ကောင်စီ ပြန်အသုံးပြုလာတဲ့ဗျူဟာ”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပန်းတိန်ပြင်ရွာ နဲ့ ကျောက်မှော်ကျေးရွာအတွင်းကို နှစ်ဖွဲ့ခွဲစစ်ကြောင်းထိုး ဝင်ရောက်တပ်စွဲခဲ့ပြီးနောက် ဒီဇင်ဘာ ၁၇ရက်မှာ တိုက်ပွဲစဖြစ်တယ်လို့ အသိပေးပါတယ်။

၂နာရီကြာတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၉ဦး သေပြီး ၁၆ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ရဲဘော် နှစ်ဦးကျဆုံးခဲ့ပါတယ်။

တိုက်ပွဲအတွင်းမှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကနေလက်နက်ကြီး ပစ်ကူနဲ့ လေကြောင်းပစ်ကူတွေ အဆမတန်ပစ်ခတ်မှုတွေ ပြန်ဆုတ်ခဲ့ရတယ် ဆိုပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းကို ယင်းမာပင်ခရိုင် ပူးပေါင်းမဟာမိတ်အဖွဲ့များဖြစ်ကြသော YMB Column (ယင်းမာပင်မြို့နယ်စစ်ကြောင်း)၊ ယင်းမာပင်မြို့နယ် ပကဖလက်ရုံးတပ် ULF စစ်ကြောင်း၊ ကနီ9+စစ်ကြောင်း၊ ယင်းမာပင်ခရိုင် အမှတ် (၉) တပ်ရင်း၊ BNRA၊ ကနီမြို့နယ် ပကဖလက်ရုံးတပ်၊ ဆားလင်းကြီးမြို့နယ် ပကဖလက်ရုံးတပ်၊ ဘုတလင်တော်လှန်ရေးအင်အားစု နဲ့ ရတနာပုံကျောင်းသားတပ်တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ် စစ်ကြောင်းက ကျောက်မှော်ကျေးရွာ၊ ကျောက်ကုန်းကျေးရွာ၊ နှောပင်ကျေးရွာ၊ အင်းဘတ်ကျေးရွာနဲ့ ကြက်လျှာကျေးရွာက ပြည်သူပိုင် ပစ္စည်းတွေကို ခိုးယူတာနဲ့အိမ်ခြေ ၂၀၀ ကျော်(၂၃၈ လုံး)ကို မီးရှို့ဖျက်ဆီးပြီး ဒီဇင်ဘာ ၁၉ရက်မှာ နမခကို ဆုတ်ခွာသွားတယ်လို့ ယင်းမာပင်ခရိုင် ဗျုဟာ ဒအမှတ် (၄၇)က ထုတ်ပြန်ထားပါတယ်။

မှတ်ချက် – တိုက်ပွဲမှာ ကျန်ခဲ့တဲ့ စစ်ကောင်စီတပ်သားရုပ်အလောင်းတွေကို လူထုနွေဦးရဲ့ တယ်လီဂရန်ချန်နယ်မှာ သွားကြည့်နိုင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။