သတင်း
စစ်ကောင်စီယာဥ်တန်းသည် မြိတ် - ပုလောလမ်းပိုင်းတွင် ယနေ့ညနေက မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကားလမ်းဘေးကျေးရွာကို မီးရှို့ဖျက်ဆီးနေကြောင်း သတင်းရရှိသည်။
Hi, what are you looking for?
စစ်ကောင်စီယာဥ်တန်းသည် မြိတ် - ပုလောလမ်းပိုင်းတွင် ယနေ့ညနေက မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကားလမ်းဘေးကျေးရွာကို မီးရှို့ဖျက်ဆီးနေကြောင်း သတင်းရရှိသည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်က ခြောက်ဦးသေဆုံးပြီး ဒေသကာကွယ်ရေးတပ်များဘက်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟုလည်း မြိတ်(ပကဖ)က အသိပေးထားသည်။
အပြန်လှန်ပစ်ခတ်သည့် တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၂၀ခန့်ကြာမြင့်ပြီး နဂါးစစ်သည်မဟာမိတ်တပ်ပေါင်းစုမှ တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း တပ်ပေါင်းစုမှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
လတ်တလောဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများအရ ပြည်သူများ သတိပြု သွားလာနေထိုင်ကြရန် မြိတ်ခရိုင်တပ်ရင်း (၂)က တိုက်တွန်း နှိုးဆော်ထားသည်။
တိုက်ပွဲဝင်သည့် ပြည်သူ့ကာကွယ်ရေးမဟာမိတ် အဖွဲ့ကို ဒေါင်းနီစစ်ကြောင်းဟုအမည်ပေးကာ တိုက်ခိုက်ခဲ့ခြင်းဟု တနင်္သာရီစစ်ဒေသခွဲ၊ကွပ်ကဲရေးအဖွဲ့ဝင်က ရှင်းပြသည်။
ယင်း တိုက်ပွဲကို တောင်ပိုင်းသူရဲကောင်းများအင်အားစု(SWDF) ၊ဘက်မလိုက်ပျောက်ကြားဖွဲ့နှင့် နယ်မြေခံကာကွယ်ရေးဖွဲ့တို့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဆိုင်ရာဝန်ကြီးဌာနက ရေကြီးနစ်မြုပ်နိုင်သည့် အခြေအနေကို သတိပေးထားသည်။
PDF ရဲဘော်များက ရှစ်လေးလုံး အရေးခင်း၌ ကျဆုံးခဲ့ရသော အာဇာနည် သူရဲကောင်းများ အားလုံးကို အလေးပြု ဦးညွှတ်ခဲ့ကြပြီး လက်သုံးချောင်း ထောင်၍ အကြမ်းဖက်စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော် ခဲ့ကြသည်။
ရက်ပေါင်း၁၀၀အတွင်း မြန်မာပြည်တောင်ပိုင်းရှိ တနင်္သာရီ၊ မွန်၊ ပဲခူးနှင့် ရန်ကုန်တို့တွင် စစ်ရေးပစ်မှတ် ၈၀၊ အုပ်ချုပ်ရေးပစ်မှတ် ၂၅နှင့် စီးပွားရေးပစ်မှတ် ၇ခု စုစုပေါင်း မစ်ရှင် ၁၁၂ခု ဆောင် ရွက်နိုင်ခဲ့သည်ဟု ဆိုသည်။
"ခုလောလောဆယ်စစ်ခွေးတွေရွာကအထွက်ပြပြီးရွာရဲ့အနောက်ဘက်မှာ ရှိနေကြတယ်ဗျ။ဒီကောင်တွေတော်တော်ထိနာသွားတယ်ဗျ။ ဒါကြောင့်ရွာက အရပ်သားတွေကိုသတ်သွားကြတာ"ဟု တနင်္သာရီပျောက်ကြားအဖွဲ့ တာဝန်သူကPeople's Spring သို့ပြောသည်။