Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီမှာ စစ်ကောင်စီအစိုးရအဖွဲ့ အလိုမရှိကြောင်း ဆန္ဒပြ

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီအစိုးရအဖွဲ့ အလိုမရှိကြောင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း လူထုလှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

မတ်- ၂၃၊၂၀၂၆။ သုည/People’s Spring

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီအစိုးရအဖွဲ့ အလိုမရှိကြောင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း လူထုလှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC)က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

အဲဒီလှုပ်ရှားမှုမှာ အာဏာသိမ်းစစ်တပ်ရဲ့ အသွင်ပြောင်း အစိုးရအဖွဲ့ကို ဆန့်ကျင်သပိတ်မှောက်တဲ့အနေနဲ့ “စစ်ကော်မရှင်ရဲ့ အတုအယောင်အစိုးရအဖွဲ့… အလိုမရှိ” ဆိုတဲ့ ခေါင်းစဥ်နဲ့ ချီတက်လှုပ်ရှားခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူလူထုတွေအနေနဲ့လည်း အာအာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်ဖွဲ့စည်းမယ့် အစိုးရကို နိုင်ငံရေးအရ ပြင်းပြင်းထန်ထန် ဆန့်ကျင်အန်တုကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာလည်း လူထုတိုက်ပွဲဦးဆောင်ကော်မတီ-KPSSC က ဒေသအတွင်းရှိ စစ်ကောင်စီနဲ့ ပူးပေါင်းခြင်းမရှိတဲ့ ရပ်ကျေးအဆင့် ဦးဆောင်သူတွေ၊ အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံတွေနဲ့အတူ “လူထုတွေ့ဆုံပွဲ” တရပ်ကို ပြုလုပ်ခဲ့ပါတယ်။

လက်ရှိကာလအတွင်း ရင်ဆိုင်နေရတဲ့ အုပ်ချုပ်ရေးအခြေအနေနဲ့ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခြင်း၊ ကြားကာလ စစ်ကိုင်းဖက်ဒရယ်ယူနစ်နဲ့ ပတ်သက်တဲ့ အပြောင်းအလဲကို ရှင်းလင်းခြင်း၊ အပြန်အလှန် ဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့ပါတယ်။

ဝက်လက်မြို့နယ်မှာလည်း လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီမှ နယ်မြေအခြေအနေအရ လုံခြုံရေးအထူးကြပ်မတ် သတိကပ်ဖို့ လေကြောင်းရန်အန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ပြီး လက်တွေ့ လေ့ကျင့်ခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ဝက်လက်မြို့နယ်လူထုသပိတ်၊ ကလေးလူထုသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

တော်လှန်ရေးတပ်တွေနဲ့ပေါင်းပြီး ဘုံရန်သူကို ဆက်တိုက်မယ်လို့ ဆာကပေါတပ်ရင်းတာဝန်ရှိသူပြော

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

Facebook