Connect with us

Hi, what are you looking for?

သတင်း

ပုလောမှာဖမ်းမိတဲ့ စိတ်ကြွဆေးပြား ၅သောင်းကျော် KNLA တပ်မဟာ(၄) မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့တဲ့ စိတ်ကြွမူးယစ်ဆေးဝါး ၅သောင်းကျော်ကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၂၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့တဲ့ စိတ်ကြွမူးယစ်ဆေးဝါး ၅သောင်းကျော်ကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

၂၀၂၅ စက်တင်ဘာ ၂၀ရက်က ပုလောမြို့နယ်မှာ မူးယစ်ဆေးသယ်သူ ၂ဦးကိုဖမ်းမိခဲ့ပြီးသိမ်းဆည်းရရှိခဲ့တဲ့ မူးယစ်ဆေးပြားတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNLA တပ်မဟာ(၄) အထူးတပ်ဖွဲ့က ဒီကနေ့ ဇန်နဝါရီ ၂၉ရက်မှာ ထုတ်ပြန်ခဲ့တာပါ။

KNLAအထူးတပ်ဖွဲ့အနေနဲ့ စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားသွားလာမှုတွေကို ထောက်လှမ်းဖို့ ၊ လုံခြုံရေး စစ်ဆေးဖို့ လုပ်ဆောင်စဉ် မသင်္ကာတဲ့ လူငယ် ၂ဦးကို စစ်ဆေးခဲ့ရာ WY မူးယစ်ဆေးဝါး ၅၃,၀၀၀ ကျော် ဖမ်းမိခဲ့တာလို့ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မူးယစ်ဆေးဝါး ဖမ်းဆီးဖို့ ရည်ရွယ်စစ်ဆေးခြင်းမဟုတ်ပေမယ့် ပမာဏ အမြောက်အများ လက်ဝယ်သယ်ဆောင်လာတာ တွေ့ရှိရလို့ ဖမ်းဆီးခဲ့ပြီး အများရှေ့မှောက်မှာ ရေတွက် စာရင်းသွင်း မှတ်တမ်းတင်ပြီး မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ရုပ်သံမှတ်တမ်းနဲ့အတူ ဖော်ပြပါတယ်။

စစ်ကောင်စီကို တော်လှန်နေတဲ့နည်းတူ အများပြည်သူတွေရဲ့ လုံခြုံရေးနဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ မူးယစ်ဆေးဝါး သုံးစွဲ ရောင်းဝယ်ဖောက်ကားမှုတွေကိုလည်း တပြိုင်နက်တည်း တွေ့တဲ့နေရာမှာ ကိုင်တွယ်ဖြေရှင်းသွားမယ်လို့လည်း KNLA အထူးတပ်ဖွဲ့က ကြေညာပါတယ်။

KNLA အထူးတပ်ဖွဲ့ အနေနဲ့ စစ်ကောင်စီ ကြိုးပမ်းနေတဲ့ အတုအယောင် ရွေးကောက်ပွဲကို စစ်ရေးအရ ဖိအားပေးတဲ့ စစ်ဆင်ရေးတွေ ဖော်ဆောင်ခဲ့ကြောင်း အသိပေးထားပြီး ၂၀၂၅ ဒီဇင်ဘာလအတွင်း ပုလောမြို့နယ်ရှိ စစ်ကောင်စီတပ်တွေကို ဒရုန်း၊ မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာ၊ တိုက်ပွဲဖြစ်ပွားခဲ့တာတွေကို ၂၀၂၆ ဇန်နဝါရီ ၂၇ရက်မှာ သတင်းထုတ်ပြန် ထားပါတယ်။

ရုပ်သံ – KNLA တပ်မဟာ(၄)

ဆက်စပ်သတင်းများ

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

တိုက်ပွဲဝင်ရဲဘော်တွေနဲ့ အားပေးကူညီသူတွေကို KNU မြိတ်ထားဝယ်ခရိုင်နဲ့ တပ်မဟာ(၄) ဂုဏ်ပြု

သတင်း

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်သား ၂ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံ ဘက်ပြောင်းခိုလှုံလာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ပိန်းဇလုပ် - သူဌေးကုန်းကြားက မီးရထားလမ်း ဂိတ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၉) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၅ဦးသေဆုံးခဲ့ပြီး လက်နက် ၅လက်သိမ်းရကြောင်း KNUက ထုတ်ပြန်ပါတယ်။