Connect with us

Hi, what are you looking for?

သတင်း

ကျွန်းစုမြို့နယ်မှာ စစ်သင်္ဘောတွေနဲ့ ထိုးစစ် ဆင်လာတဲ့ စစ်တပ်ကို ပကဖ ပူးပေါင်းတပ် တိုက်ခိုက်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းတပ် တိုက်ခိုက်ခဲ့ရာ သေဆုံးမှုတွေရှိသလို စစ်တပ်ရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ရဲ ဘော်အချို့ ကျဆုံးခဲ့ရကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ ညနေမှာ သတင်းထုတ်ပြန်ပါတယ်။

■၁၂ရက်ကြာတိုက်ပွဲအတွင်း စစ်တပ် ၁၀ဦးခန့်သေ၊ တော်လှန်ရေး ရဲဘော် ၂ဦးကျဆုံး

ဇန်နဝါရီ-၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းတပ် တိုက်ခိုက်ခဲ့ရာ သေဆုံးမှုတွေရှိသလို စစ်တပ်ရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ရဲ ဘော်အချို့ ကျဆုံးခဲ့ရကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ ညနေမှာ သတင်းထုတ်ပြန်ပါတယ်။

၂၀၂၅ ဒီဇင်ဘာ ၃၁ရက်ကနေ ၂၀၂၆ ဇန်နဝါရီ ဒုတိယပတ်အထိ တိုက်ပွဲဖြစ်ပွားမှုတွေကို အသိပေးလာတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က ကျွန်းစုမြို့နယ် ဘဒ္ဒနဲကျေးရွာအုပ်စု ကျောက်တန်းငယ်ကျေးရွာ ဘက်ကို မန်းကြီးမြစ်ကြောင်းအတိုင်း စစ်ကြောင်းထိုးမယ်လို့ ကြိုတင်သတင်းရရှိခဲ့ပြီး ဒီဇင်ဘာ၃၁ရက်မနက်မှာ စစ်သင်္ဘော ၃စီးနဲ့ လှေတွေပါတဲ့ စစ်အုပ်စုစစ်ကြောင်းကို ကျွန်းစုပကဖက တိုက်ခိုက်ခဲ့ရာ အဲဒီနေ့မှာတိုက်ပွဲ ၃ကြိမ်ဖြစ်ခဲ့ကြောင်းဖော်ပြပါတယ်။

စစ်ကောင်စီတပ်ကအထိနာပြီး ညနေပိုင်းမှာ ပြန်လည်ဆုတ်ခွာသွားခဲ့ပေမယ့် ဇန်နဝါရီ ၁ရက်မှာ စစ်အင်အားဖြည့်ပြီး ပြန်ဝင်လာလို့ အဲဒီနေ့မှာလည်း တိုက်ပွဲ ၃ကြိမ်ထက်မနည်းဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ ကျောက်တန်းငယ်ရွာ ဝင်စီးပြီး ပြည်သူနေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်းအသိပေးပြီးဇန်နဝါရီ ၂ရက်မှာ စစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၃ရက်မှာ စစ်သင်္ဘော ၅စီးပါ ရေယာဉ် အုပ်စုနဲ့ စစ်ကောင်စီတပ်က ထပ်မံ ဝင်ရောက်လာလို့ တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၄ရက်နောက်ပိုင်းမှာပျူစောထီးနဲ့ စစ်ကောင်စီဟာ ကျောက်တန်းငယ်ရွာမှာ နေရာယူပြီး ကာကွယ်ရေးအဖွဲ့တွေကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်တိုက် တိုက်ခိုက်ခဲ့ရာ ကာကွယ်ရေးပူးပေါင်းတပ်ဘက်ကလည်း ပြန်တိုက်ခိုက်ခိုက်ခဲ့ဟု အသိပေးပါတယ်။

တိုက်ပွဲ ၁၂ရက်ကြာခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးသူ ၁၀ဦးခန့်ရှိနိုင်သလို ဇန်နဝါရီ ၁၁ရက်မှာ ကျွန်းစု ပကဖ တပ်စခန်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ ရဲဘော် ၂ဦးကျဆုံးပြီး တပ်စခန်းတွင်း မီးလောင်ပျက်စီးဆုံးရှုံးတာ ရှိခဲ့ကြောင်း အသိပေးပါတယ်။

အဲဒီနေ့မှာပဲ စစ်ကောင်စီပူးပေါင်းတပ်ဟာ တော်လှန်ရေးတပ်ဖွဲ့ရဲ့ကာကင်း စခန်း ၂ခုကိုဝင်ရောက် တိုက်ခိုက်ပြီး ကျောက်တန်းငယ်ကျေးရွာ၊အောက်ကြတ်တန်းနေရာ၊မန်းကြီးကျေးရွာ၊ဝန်သိုက်ကျေးရွာတွေက ပြည်သူတွေရဲ့ ပစ္စည်းတွေ ယူတာ၊ ရွာလုံးကျွတ်မီးရှို့ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ် မီးရှို့ခဲ့တဲ့ အိမ်ခြေအရေအတွက် အတိအကျ မသိရသေးပေမယ့် အိမ်ခြေ ရာချီရှိတယ်လို့ ကျွန်းစုပကဖ ပြန်ကြားရေး တာဝန်ခံ ရဲဘော် ငါးမန်းက ပြောပါတယ်။

“ဒေသခံတွေ ရှောင်နေတာ။ လက်ရှိတော့ ဒေသခံတွေ ရှောင်နေဆဲပဲ။ တချို့ကတော့ သူတို့ရွာကို ခဏတာ ဝင်ကြည့်တာမျိုးတော့ ရှိတယ်” လို့ ရဲဘော် ငါးမန်းက စစ်တပ်ထိုးစစ်ကြောင့် ဒေသခံတွေ တိမ်းရှောင်နေရတဲ့ အခြေအနေကို ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်ကထိုးစစ်ဆင်မှုဆက်လုပ်လာနိုင်သလို တော်လှန် ရေးပူးပေါင်းတပ်တွေဘက်ကလည်း စစ်ရှိန်မြှင့်ဖို့ ရှိကြောင်း ရဲဘော်ငါးမန်းက ပြောပါတယ်။

ကျွန်းစုမြို့နယ်အတွင်း ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (အမှတ် ၂ )တပ်ရင်း၊မြိတ်-ပကဖ၊တနင်္သာရီ-ပကဖတို့လည်း ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကျွန်းစုပကဖက အသိပေးထုတ်ပြန်ထားပါတယ်။

ရုပ်သံ – ကျွန်းစု ပကဖ

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းမှာ စစ်အာဏာရှင်တော်လှန်ရေး တိုက်ပွဲတွေဖော်ဆောင်နေတဲ့ ရတနာပုံတပ်ဦး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဟာ တော်လှန်နေတဲ့ပြည်သူလူထုကို ရှေးရူပြီး ချမ်းမြသာစည် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပူးပေါင်းလိုက်တယ်လို့ အဲဒီတပ်ဦးရဲ့တာဝန်ခံကိုဂျိုးက ပြောပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ဗိုလ် "မီးရှို့ကိုကို"ဆိုသူဟာ တိုက်ပွဲအတွင်း သေဆုံးပြီး လက်နက်သိမ်းဆည်းရမိခဲ့ကြောင်း ခင်ဦးမြို့နယ် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပုလဲမြို့နယ်မှာ ကျန်ရှိနေသေးတဲ့ BNRA တပ်ဖွဲ့ဝင်တွေ PDD နဲ့ ပကဖထံ လက်နက်ချပူးပေါင်းတာ​တွေဆက်တိုက်ရှိသလို တပ်ဖွဲ့ဝင်၂၀ကျော်ကိုလည်း စစ်တပ်က ထပ်မံခေါ်ထုတ်သွားပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ထားဝယ်မြိုနယ် မောင်မယ်ရှောင်ရွာတိုက်ပွဲမှာ ထိခိုက်သေဆုံးများထားတဲ့ စစ်ကောင်စီတပ်က လက်ရှိမှာ အင်အားတွေ ဖြည့်တင်းထားလို့ စစ်ရေးတင်းမာနေကြောင်း ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။