သတင်း ဖားဆောင်းမြို့နယ်တိုက်ပွဲ စစ်တပ်သေဆုံးထိခိုက်မှုများရှိ ကရင်နီ(ကယား)ပြည်နယ် တွင် တိုက်ပွဲနယ်မြေများ ကျယ်ပြန့်လာပြီး ပြည်သူများကို သတင်းကောင်းပါးရန် ကြိုးပမ်းနေကာ တပ်ပေါင်းစုသဏ္ဍာန်ဖြင့် စစ်ကောင်စီကို တိုက်ခိုက်နေပြီဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက လူထုနွေဦး သို့ ယမန်နေ့က ပြောသည်။ LuduNwayOoဇွန် 18, 2023
သတင်း ဖာပွန်ခရိုင်၌ ယခုလအတွင်း တိုက်ပွဲ ၇၀ကျော်ဖြစ်၊ စစ်ကောင်စီဘက်က ၄၅ဦးသေဟု KNU တပ်မဟာ(၅) ထုတ်ပြန် တိုက်ပွဲပေါင်း(၇၁)ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် ၄၅ဦး သေဆုံးပြီး ၁၃ဦးဒဏ်ရာရရှိသွားသည့်အပြင် စစ်ကောင်စီ၏ မြင်းလား(၅)ကောင်နှင့် စစ်သုံးမော်တော်ကားတစ်စီးအား တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ ကြောင်း ဖော်ပြထားသည်။ LuduNwayOoဇွန် 18, 2023
သတင်း ထီးလင်းမြို့နယ်တိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော်နှစ်ဦး၏ ဈာပန ယနေ့ပြုလုပ် Yaw Revolution Army (ထီးလင်း)သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ဂန့်ဂေါခရိုင်တပ်ရင်း(၁၅/၁၆/၁၇) ဖြစ်သည်။ LuduNwayOoဇွန် 17, 2023
သတင်း ပုလောမြို့နယ်တွင် PDFတပ်များ နယ်မြေစိုးမိုးရေးလုပ်နေချိန် စစ်တပ်နှင့် ထိတွေ့တိုက်ပွဲဖြစ် ပုလောမြို့နယ် ပလမြို့၌ ခြေကုပ်ယူထားသည့် စစ်ကောင်စီတပ်သည် ယနေ့(ဇွန် ၁၇)တွင်လည်း ပလစစ်ဆေးရေးဂိတ်ကို နာရီပိုင်းခန့်ဖွင့်ပေးလိုက် လမ်းပြန်ပိတ်လိုက်လုပ်ဆောင်နေခြင်းကြောင့် ကုန်စည်ကူးသန်းသူများနှင့် ခရီးသွားပြည်သူများ သွားလာရေးအခက်အခဲဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။ LuduNwayOoဇွန် 17, 2023
သတင်း ကလေးဝ၊ စခန်းကြီးရွာအနီးတိုက်ပွဲ စစ်ကောင်စီ အထိနာပြီး လက်နက် ၇ လက်နှင့် ခဲယမ်းများစွာရဟု NUG ကာကွယ်ရေး ထုတ်ပြန် ခမရ -၃၆၂(ကျီကုန်းအခြေစိုက်)၊ရဲနှင့်ပျုစောထီးအင်အား (၁၃၀)ဦးခန့်ပါသည့် စစ်ကြောင်းကို တိုက်ခိုက်ရာ တိုက်ပွဲအတွင်း Faw ကား(၂)စီးမီးရှို့ဖျက်ဆီး နိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ရန်သူ့ထိခိုက်သေဆုံးကို စိစစ်ဆဲဖြစ်ကြောင်း ထုတ်ပြန်သည်။ LuduNwayOoဇွန် 17, 2023
သတင်း ဝိုင်းမော်နယ် နန်ဆန်ယာန်ရွာအနီး KIAနှင့် စစ်ကောင်စီတိုက်ပွဲဖြစ်ဟု ကချင်ဒေသခံပြော စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားလာ၍ ဇွန်လ ၁၆ရက် နေ့လယ် ၃နာရီခန့်က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ထိခိုက်မှုရှိခဲ့သည်ဟုဆိုသည်။ LuduNwayOoဇွန် 17, 2023
သတင်း မိုးဗြဲတိုက်ပွဲ စစ်ကောင်စီတပ် ၁၀ ဦးထက်မနည်းသေ၊ ကရင်နီပူးပေါင်းတပ် ၆ ဦးဒဏ်ရာရဟုမိုးဗြဲPDFပြော မိုးဗြဲမြို့၏လက်ရှိစစ်ရေးအခြေအနေမှာဆက်လက်ပြင်းထန်လာနိုင်ဖွယ်ရှိပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသောနေရာများသို့လည်း စစ်ကောင်စီက လက်နက်ကြီး အပါအဝင် လေယာဥ်များအသုံးပြုတိုက်ခိုက်နေ ကြောင်းလည်း မိုးဗြဲ PDF က ထုတ်ပြန်သည်။ LuduNwayOoဇွန် 17, 2023
သတင်း ဖားဆောင်းမြို့နယ်တွင်တိုက်ပွဲစဖြစ် ၊ပိုမိုပြင်းထန်လာနိုင် ဇွန်လ ၁၃ ရက်က မယ်စဲ့မြို့ရှိစစ်ကောင်စီ စခန်း ၃ ခုနှင့် ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ဖားဆောင်းမြို့သို့ ဇွန် ၁၅ ရက် နေ့လည်ပိုင်း ကစ၍ စစ်ကောင်စီက အင်အား ဖြည့်တင်းနေခြင်းဖြစ်သည်။ LuduNwayOoဇွန် 17, 2023
သတင်း မယ်စဲ့ စခန်းသိမ်းတိုက်ပွဲများကြောင့် ထိုင်းဘက်သို့ ထွက်ပြေးခိုလှုံသည့် စစ်ကောင်စီတပ်သား ၁၁ဦးခန့်ရှိ လက်ရှိတွင်စစ်ကောင်စီတပ်ကမယ်စဲ့မြို့နယ်ဘက်သို့စစ်အင်အားများ ဖြည့်တင်းနေသည်ဟုလည်းသိရသည်။ ယခင်က တိုက်ပွဲပြင်းထန်ခဲ့သည့် ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးရွာအနီးရှိစစ်ကောင်စီတပ်များကို မယ်စဲ့ဘက်သို့ ရွှေ့လာခြင်းဖြစ်သည်ဟုသိရသည်။ LuduNwayOoဇွန် 16, 2023
သတင်း မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွား ထိပ်တိုက်ထိတွေ့မှုများတွင်စစ်ကောင်စီတပ်မှလက်နက်ကြီးများဖြင့်အဆမတန် ပစ်ခတ်နေသောကြောင့်ဒေသခံပြည်သူများသေဆုံးမှုများရှိနေသည်။ LuduNwayOoဇွန် 16, 2023