Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံနယ် ခေါင်းအိရွာရှစ်ရက်ကြာတိုက်ပွဲ စစ်ကောင်စီတပ် အရာရှိအပါအဝင် ၁၃ဦးသေဟု PDF ပြော

ဇူလိုင် ၂၁ ရက်ကစ၍ အင်အား ၅၀ခန့်ဖြင့် စက်တော်ရွာမှ ခေါင်းအိစေတီကုန်းသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးစစ်ဆင်လာခဲ့သည်ဟု ဆိုသည်။

(ခေါင်းအိကျေးရွာထိုးစစ်တွင် စစ်ကောင်စီတပ်စွဲခဲ့သောနေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - ဖယ်ခုံ PDF)
(ခေါင်းအိကျေးရွာထိုးစစ်တွင် စစ်ကောင်စီတပ်စွဲခဲ့သောနေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - ဖယ်ခုံ PDF)

ကရင်နီ – ရှမ်းပြည်နယ်အစပ် ဖယ်ခုံမြို့ ခေါင်းအိကျေးရွာ ရှစ်ရက်ကြာတိုက်ပွဲတွင် စစ်ကောင်စီအရာရှိတစ်ဦးအပါအဝင် ၁၃ဦးသေဆုံးကြောင်း ဖယ်ခုံ PDFက ပြောသည်။

ဇူလိုင် ၂၁ ရက်ကစ၍ အင်အား ၅၀ခန့်ဖြင့် စက်တော်ရွာမှ ခေါင်းအိစေတီကုန်းသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးစစ်ဆင်လာခဲ့သည်ဟု ဆိုသည်။

ထို့သို့ ထိုးစစ်ဆင်မှုကို ဖယ်ခုံ PDF (1002)တပ်ရင်းအတူ KRU ၊ အမှတ် 1009( IPDF) ၊ 1008 ၊ 1005 ၊ 1003၊DMO 1106 နှင့် ရှမ်းတောင် Drone တပ်ဖွဲ့ SSDF စသည့်မဟာမိတ်တပ်ဖွဲ့များပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ရောက်သည့်နေရာတိုင်း၌ကတုတ်ကျင်းတူးပြီး တိုက်ခိုက်ခဲ့သော်လည်း PDF တပ်ဖွဲ့များက စစ်ကောင်စီ၏ ကတုတ်ကျင်းကို ဖြိုဖျက်တိုက်ခိုက်ခဲ့​ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် စစ်ကောင်စီတပ်က ဇူလိုင်၂၈ ရက် နံနက်၁နာရီအချိန်တွင် ဆုတ်ခွာသွားခဲ့ရသည်ဟု ဆိုသည်။

“ခလရ (၂၄၈)ကကောင်တွေ အလောင်းတွေတောင်မသယ်နိုင်ဘူး။မနက်အစောကြီး ထွက်ပြေးရတာ”ဟု ဖယ်ခုံ PDFတပ်ဖွဲ့ဝင်တစ်ဦး က ပြောသည်။

လက်ရှိ ဖယ်ခုံမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ(၇)သို့ ရှမ်းပြည်အခြေစိုက် စစ်ကောင်စီတပ်မှ အင်အား ၁၀၀ခန့် ဖြည့်တင်းထားကြောင်းလည်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။