Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်းရှိ မလိယန်ဒေသ၌ ယနေ့ တိုက်ပွဲပြင်းထန်

စစ်ကောင်စီတပ်က ဇူလိုင် ၂၉ရက် ညနေ ၄နာရီခွဲခန့်တွင် တစ်ကြိမ်၊ ၅နာရီ ၁၀မိနစ်ခန့်တွင် တစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း KIAဘက်က အထိအခိုက်မရှိဟု သတင်းရင်းမြစ်က ပြောသည်။

(ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တပ်သားများ ရှေ့တန်းစစ်မြေပြင်တစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - People’s Spring)
(ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တပ်သားများ ရှေ့တန်းစစ်မြေပြင်တစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - People’s Spring)

စစ်ကောင်စီတပ် အထိနာ၍ တိုက်လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်

ကချင်ပြည်နယ် မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်းရှိ မလိယန်ဒေသ၌ ယနေ့နံနက်က ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဇူလိုင် ၂၉ရက် နံနက် ၉နာရီ ၅၀မိနစ်ခန့်တွင် တိုက်ပွဲစတင်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့သည်ဟု ၎င်းက ဆိုသည်။

“မြစ်ကြီးနားဘက်က ဂျက်ဖိုက်တာ နှစ်စီးနဲ့ နှစ်ကြိမ်လာရောက် ဗုံးကြဲသွားတယ်”ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်က ဇူလိုင် ၂၉ရက် ညနေ ၄နာရီခွဲခန့်တွင် တစ်ကြိမ်၊ ၅နာရီ ၁၀မိနစ်ခန့်တွင် တစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း KIAဘက်က အထိအခိုက်မရှိဟု သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ဇူလိုင်လဆန်းမှစတင်ခဲ့သည့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာအနီးရှိ နမ့်ဆန်ယာန်ဒေသ တိုက်ပွဲသို့ စစ်ကူများဖြည့်တင်းလျက်ရှိရာ စစ်ကူတပ်များနှင့် KIA တို့ တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားလျက်ရှိသည်။ စစ်ကောင်စီတပ်က ယခုနောက်ပိုင်းတိုက်ပွဲများ၌ လေကြောင်း ပစ်ကူများ ပိုမိုအသုံးပြုလာသည်ကို တွေ့ရသည်။ နမ့်ဆန်ယာန်ဒေသ တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၅ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံကို ကာကွယ်ဖို့၊ ဧရာ၀တီမြစ်ထာ၀ရ လွတ်လပ်စွာ စီးဆင်းစေဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို ဒေသခံ လူငယ်တွေ ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ မြစ်ကြီးနား ဒေသခံက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။