Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လွိုင်ကော် – မိုးဗြဲလမ်းပိုင်းတိုက်ပွဲ စစ်ကောင်စီတပ်၂၀ဦးသေ၊ လက်နက် ရှစ်လက်ရဟု KNDF အသိပေး

ဇူလိုင် ၂၀ရက်မှစ၍ စစ်ကောင်စီမှ စစ်ကြောင်းထိုးခြင်း ၊ စစ်ယာဥ်တန်းများဖြင့် အင်အားဖြည့်ဝင်ရောက်ခြင်းများ လုပ်ဆောင်ခဲ့၍ စစ်ကောင်စီတပ်များကို ကရင်နီပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)

ရှမ်း – ကယားနယ်စပ် လွိုင်ကော် – မိုးဗြဲလမ်းမကြီး တစ်လျှောက်တွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က သတင်းထုတ်ပြန်သည်။

ဇူလိုင် ၂၀ရက်မှစ၍ စစ်ကောင်စီမှ စစ်ကြောင်းထိုးခြင်း ၊ စစ်ယာဥ်တန်းများဖြင့် အင်အားဖြည့်ဝင်ရောက်ခြင်းများ လုပ်ဆောင်ခဲ့၍ စစ်ကောင်စီတပ်များကို ကရင်နီပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

လွိုင်ကော်မြို့အထွက် မော်ချီးစုစည်းရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် တပ်များနှင့် မိုးဗြဲဘက် မှလွိုင်ကော်မြို့သို့ဝင်လာသည့် စစ်ကောင်စီတပ် များကို ဇူလိုင် ၂၄ရက်နှင့် ၂၅ရက်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ဦး ထက်မနည်းသေဆုံးကာ လက်နက်ရှစ်လက် ၊ ခဲယမ်း၊ ကျည် များ ရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကို KA၊ KNDF B/02 ၊ KNDF B/14 ၊ KNDF B/12 ၊ KNF ETD နှင့် Loikaw PDF တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – KNDF)

စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိခဲ့သည့် လက်နက်များမှာ MA-1 ငါးလက် ၊ MA-2 စက်ကလေး တစ်လက် ၊ MA-3 နှစ်လက် နှင့် ခဲယမ်းမီးကျောက်များဖြစ်ပြီး စစ်အသုံးအဆောင်များကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။ထို့ပြင် စစ်ကောင်စီတပ်၏ စစ်သုံးကားတစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်များမှ ဖယ်ခုံ – မိုးဗြဲ – လွိုင်ကော် လမ်းမကြီးအားအသုံးပြု၍ စစ်ယာဉ်တန်းကားများ အပြင် အရပ်သားကားများအား အသွင်ယူ၍ အသုံးပြုကာ ကရင်နီပြည်နယ်အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း၊အဆိုပါလမ်းမတလျှောက်တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားနေကြောင်း KNDFက ထုတ်ပြန်သည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – KNDF)

ဖယ်ခုံဒေသခံတစ်ဦးက”စစ်ကူဝင်လာတာကို တိုက်ခိုက်တာပေါ့။ ဖယ်ခုံကို ကားတွေဖြတ်သွားတာတွေ့တယ်။မိုးဗြဲအထွက်မှာလုပ်(တိုက်ခိုက်)ကြတယ်ပြောတယ်။ အကျအဆုံးတော့ရှိတယ်လို့ ပြောတယ်”ဟု ပြောသည်။

စစ်ကောင်စီအနေဖြင့် ကရင်နီဒေသို့စစ်အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေသော်လည်း ယခင်ကဲ့သို့ပြည်နယ်အတွင်း စိုးမိုးလှုပ်ရှားနိုင်ရန်မှာ မလွယ်ဟု ၎င်းက ဆိုသည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – KNDF)

“သူတို့ လွိုင်ကော်တစ်ခုလောက်ပါပဲသူတို့ စိုးမိုးနိုင်တာ။ကျန်တဲ့နေရာကတော့လူထုကို အကာအကွယ်ယူပြီးလုပ်တာမြင်ရတာပဲ။ ဓားဓားချင်းလှံလှံချင်းဆိုတာ ပါးစပ်ပဲ။ လက်နက်မရှိတဲ့ လူထုတွေကို သူတို့(စစ်ကောင်စီတပ်) လက်နက်ကြီးတွေနဲ့လိုက်ပစ်တာကိုး”ဟု ဒေသခံ သတင်းရင်းမြစ်ကပြောသည်။

လွိုင်ကော် – မိုးဗြဲ – ဖယ်ခုံ လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့များမှ စစ်ရေးလှုပ်ရှားမှုများ ဆက်၍ ပြုလုပ်လျက် ရှိနေသေး၍ ထိတွေ့မှုများရှိလာနိုင်ကြောင်း အသိပေးထားပြီး ပြည်သူများ အနေဖြင့် စစ်ရေးအသိ၊ သတိရှိစွာဖြင့် မိမိလုံခြုံရေးအား အလေးထားသွားလာကြရန် KNDFက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။