သတင်း TNLAနှင့် စစ်ကောင်စီတပ်ငါးရက်မြောက်တိုက်ပွဲဆက်ဖြစ် စစ်ကောင်စီတပ်က TNLA တပ်စခန်း ရှိရာသို့ ထိုးစစ်ဆင် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒေသတွင်းရှိ ရွာ ၄ရွာမှပြည်သူ ၁၀၀၀ ခန့် စစ်ဘေးရှောင်နေရသည်ဟု TNLAက အသိပေးသည်။ LuduNwayOoဒီဇင်ဘာ 11, 2022
သတင်း ကုန်းသာရွာ တိုက်ပွဲ KRU ရဲဘော်တစ်ဦးကျဆုံး ဒီဇင်ဘာ ၇ရက်က ကုန်းသာကျေးရွာသို့ အင်အား ၂၀၀ ခန့်ပါစစ်ကြာင်းသုံးခု ဖြင့်ထိုးစစ်ဆင်လာသည့်စစ်ကောင် စီတပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) တို့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ LuduNwayOoဒီဇင်ဘာ 11, 2022
သတင်း နမ့်ဆန်၌ လေးရက်ဆက် နေ့ညတိုက်ပွဲဖြစ်နေပြီး ယနေ့တွင် စစ်ကောင်စီက လေကြောင်းမှ ၁၁ကြိမ်တိုက်ခိုက်ဟု TNLA ထုတ်ပြန် ယနေ့(ဒီဇင်ဘာ ၁၀ရက်)တွင် နံနက်အစောပိုင်းမှစ၍ နှစ်ဖက် မြေပြင်ရင်ဆိုင်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ တိုက်လေယာဉ် နှစ်စီးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ငါးကြိမ်ပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် ရဟတ်ယာဉ်ဖြင့် လေကြောင်း ပစ်ကူ ခြောက်ကြိမ်ပြုလုပ်ခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။ LuduNwayOoဒီဇင်ဘာ 10, 2022
သတင်း နမ့်ဆန်တိုက်ပွဲ လေးရက်မြောက်နေ့တွင် စစ်ကောင်စီလေကြောင်းမှ ငါးကြိမ်ခန့် တိုက်ခိုက်ခဲ့ဟု TNLAပြော နမ့်ဆန်မြို့နယ်အတွင်း တိုက်ပွဲကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်နေကြရပြီး လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာများရှိ နေအိမ်များ ပျက်စီးမှု ရှိခဲ့သည်။ LuduNwayOoဒီဇင်ဘာ 10, 2022
သတင်း စစ်ကောင်စီတပ်အထိနာခဲ့သောမှော်ပုံရွာတိုက်ပွဲမှ ကျဆုံးPDF ရုပ်အလောင်းကိုသယ်ယူနိုင်ခဲ့ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဆယ်နှင့်ချီ၍သေဆုံးပြီးအထိနာခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။ကချင်ပြည်နယ်အခြေစိုက်ဒေသတွင်းမီဒီယာများက စစ်ကောင်စီတပ်သား ၄၀ ၊ ၅၀ ဦးဝန်းကျင်သေဆုံးကြောင်းဖော်ပြသည်။ LuduNwayOoဒီဇင်ဘာ 10, 2022
သတင်း သိန္နီဒေသ၌ ကိုးကန့်တပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိဟုဆို မူပန်ခရိုင်(သိန္နီဒေသ၌) နေ့လည်ပိုင်းအထိတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ အနည်းဆုံး သုံးဦး သေဆုံးထိခိုက်ခဲ့ပြီး MNDAA ရဲဘော် နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။ LuduNwayOoဒီဇင်ဘာ 9, 2022
သတင်း နမ့်ဆန်တွင် TNLAနှင့် စစ်ကောင်စီတပ် သုံးရက်ဆက်တိုက်ပွဲဖြစ်၊ နှစ်ဖက်ထိခိုက်မှုရှိ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိပြီး နှစ်ညဆက် ညပိုင်းတွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုရှိသည်ဟု TNLAက ပြောသည်။ LuduNwayOoဒီဇင်ဘာ 9, 2022
သတင်း ကုန်းသာရွာတိုက်ပွဲ စစ်ကောင်စီတပ် ငါးဦးသေဟု KRU ပြော အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် မြေပြင် ၊ ဝေဟင် ပစ်ကူများဖြင့် ဆုံးရှုံးခဲ့သည့် နယ်မြေများ ပြန်လည်ရယူရန် ယခုလ ၃ရက်ကစ၍ ထိုးစစ်ဆင်နေခြင်းလည်းဖြစ်သည်။ LuduNwayOoဒီဇင်ဘာ 9, 2022
သတင်း ဖရူဆိုမြို့တိုက်ပွဲတွင်ရရှိခဲ့သော ဒဏ်ရာဖြင့် ရဲဘော်ဂျေရိုမ်း ကျဆုံး "နယ်မြေရှင်း တိုက်ပွဲဖြစ်ရင်းနဲ့ မိုင်းနင်းမိတဲ့ဒဏ်ရာကြောင့် ကျဆုံးခဲ့ရတာ"ဟု KNDFတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။ LuduNwayOoဒီဇင်ဘာ 8, 2022
သတင်း နမ့်ဆန်ရှိ TNLAတပ်စခန်းကို စစ်ကောင်စီတပ်လေကြောင်းမှ အင်အားများချပြီး ထိုးစစ်ဆင်၍ တိုက်ပွဲစတင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှု အလွန်နည်းပါးခဲ့သည့် TNLA တပ်စခန်းကို စစ်ကောင်စီတပ်က ယနေ့ နေ့လယ်ပိုင်းတွင် ထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟုဆိုသည်။ LuduNwayOoဒီဇင်ဘာ 7, 2022