Connect with us

Hi, what are you looking for?

သတင်း

လုံခြုံမှုရှိသည့် ကရင်အမျိုးသားတို့၏ အနာဂတ်ဘဝအတွက် စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်သွားရန် KNU ဥက္ကဋ္ဌတိုက်တွန်း

မနက်ဖြန် ဖေဖော်ဝါရီ ၁၁ရက်၌ ကျရောက်မည့် (၇၅)နှစ်မြောက် ကရင်အမျိုးသားနေ့သို့ KNU ဥက္ကဋ္ဌ ပြောကြားသည့် မိန့်ခွန်းကို ယနေ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

KNU တပ်သားများ စစ်ရေးအခမ်းအနားပြုလုပ်နေစဥ်၊ ဓာတ်ပုံ - KNU
KNU တပ်သားများ စစ်ရေးအခမ်းအနားပြုလုပ်နေစဥ်၊ ဓာတ်ပုံ - KNU

လုံခြုံမှုရှိပြီး တည်ငြိမ်အေးချမ်းသည့် ကရင်အမျိုးသားတို့၏ အနာဂတ် ဘ၀သာယာလှပရေးအတွက် ကရင်အမျိုး သားအချင်းချင်းကြား၊ ကရင်အမျိုးသားအဖွဲ့အစည်းအချင်းချင်းကြား မှန်ကန်သည့် မျိုးချစ်စိတ်ဓာတ်ကို အခြေခံ၍ မိမိတို့၏ အမျိုးသားရေးမျှော်မှန်းချက်နှင့် နိုင်ငံရေးရည်မှန်းချက် ပန်းတိုင်ရောက်ရှိရေးအတွက် စည်းလုံးညီညွတ်စွာ ချီတက်တိုက်ပွဲဝင်သွားကြရန် ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး က တိုက်တွန်းလိုက်သည်။

မနက်ဖြန် ဖေဖော်ဝါရီ ၁၁ရက်၌ ကျရောက်မည့် (၇၅)နှစ်မြောက် ကရင်အမျိုးသားနေ့သို့ KNU ဥက္ကဋ္ဌ ပြောကြားသည့် မိန့်ခွန်းကို ယနေ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုသည် အခြားသော လုံခြုံမှုများနှင့် ဖွံ့ဖြိုးတိုးတက်မှု အားလုံး၏ အခြေခံ အကြောင်းတရား ဖြစ်ကြောင်း KNU ဥက္ကဋ္ဌက ဆိုသည်။

Public Service Announcement
Public Service Announcement

သက်ဆိုင်ရာ ကရင်အမျိုးသားများ၏ အဖွဲ့အစည်းများ၊ ကရင်အမျိုးသားများ၏ အရေးနှင့် လူထုရေးရာ ခေါင်းဆောင်မှု စီမံခန့်ခွဲမှု အသိပညာအတက်ပညာနှင့် နည်းပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများသည် ကရင်အမျိုး သားများ၏ ဖွံ့ဖြိုးတိုးတက်ရခြင်း၏ အခြေခံ အကြောင်းအရင်း နောက်တစ်ရပ်ဖြစ်ကြောင်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ကရင်အမျိုးသားများ၏ စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရခြင်း၏ အခြေခံအကြောင်းတရားသည် ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုကြောင့်သာလျင်ဖြစ်ပြီး စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကြောင့် ကရင်အမျိုးသားများ၏ အမျိုးသားရေးလှုပ်ရှားမှု အရှိန်အဟုန် အလျင်အမြန် ကြီးထွားလာခဲ့ခြင်းဖြစ်သည်ဟု KNU ဥက္ကဋ္ဌက ဆိုသည်။

အဆိုပါ အကြောင်းတရားများကြောင့် ကရင်အမျိုးသားများ၏ စိတ်ဓာတ်ရေးရာ အရ မြင့်မားလာစေခြင်း၊ ရှင်သန်နိုးကြားလာစေခြင်း၊ စည်းလုံးညီညွတ်မှု၏ အင်အားနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို တွန်းအားပေးခဲ့သည့် အဓိက အခြေခံအကြောင်းတရားများ ဖြစ်ကြောင်း၊ ကရင်အမျိုးသားများ၏ သိက္ခာ အရှိန်အဝါ ဂုဏ်သတင်း နှင့် ကြီးကျယ်ခန်းနားမှုများကိုလည်း ကမ္ဘာအထိ ထင်ပေါ်ကျော်ကြားစေခဲ့ကြောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောသည်။

ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှု၊ အသိပညာ၊ အတက်ပညာနှင့် စီးပွားရေးဆိုင်ရာ လုံခြုံမှုများ ကင်းမဲနေခြင်းသည် လူမျိုး တစ်မျိုးအဖြစ် ဂုဏ်သိက္ခာ ရှိရှိ ဖွံ့ဖြိုးတိုးတက်လာရန် လုံး၀မဖြစ်နိုင်ကြောင်း ပြန်လည်အောက်မေ့ သတိရှိနေရန် လိုအပ်သည်ဟုလည်း KNU ဥက္ကဋ္ဌက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။