Connect with us

Hi, what are you looking for?

သတင်း

ရှမ်းမြောက်ရှိ KIA တပ်ရင်း(၉)နယ်မြေသို့ စစ်ကြောင်းသုံးကြောင်းဖြင့် စစ်ကောင်စီတပ်ထိုးစစ်ဆင်၍ ၃ရက်ဆက် တိုက်ပွဲဖြစ်ပွားနေ

“မံဝိန်းကြီးနားလောက်မှာ ဖြစ်မှာပါ။ မံစီမြို့နယ်တော့ ဟုတ်ပါတယ်။ အဲဒါကလည်း စစ်ကောင်စီဘက်က ကျနော်တို့နေတဲ့ဘက်ကို ထိုးဝင်လာလို့ ဒါကလည်း ခုခံတိုက်ပွဲပါ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

(KIA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-CJ)
(KIA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-CJ)

▪︎မံစီမြို့နယ်တွင်လည်းတိုက်ပွဲဖြစ်ပွား​နေ

ရှမ်းပြည်နယ် မြောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၆) တပ်ရင်း(၉)နယ်မြေသို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ ယနေ့ မနက်အထိ တိုက်ပွဲဖြစ်ပွားနေကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“တိုက်ပွဲဖြစ်တာကတော့ အတည်ပြုပြောလို့ရပါတယ်။ နှစ်ရက်လောက်ရှိပါပြီ။ ဒီနေ့နဲ့ဆို သုံးရက်ရှိပြီထင်တယ်။ ဒီနေ့လည်း မနက် ၇နာရီလောက်ကနေ တိုက်ပွဲပြန်ဖြစ်တာရှိပါတယ်။သူတို့ အကြောင်းကြားလာတာကတော့ စစ်ကောင်စီဘက်က တပ်ရင်း(၉)နယ်မြေဘက်မှာ စစ်ကြောင်း သုံးကြောင်းနဲ့ ထိုးပြီးမှ စစ်ဆင်ရေးလုပ်တယ် အဲဒါကြောင့် ကျနော်တို့ ခုခံတိုက်ပွဲတွေပေါ့” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

အဆိုပါတိုက်ပွဲ၌ထိခိုက်ကျဆုံးရှိမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး အရေအတွက် ကို မဖြေကြားနိုင်သေးဟု ပြောသည်။

Public Service Announcement
Public Service Announcement

KIA တပ်ရင်း (၉)နယ်မြေတွင် ဖေဖော်ဝါရီ ၉ရက်ကလည်း စစ်ကောင်စီယာဉ်တန်းကို KIAက တိုက်ခိုက်ခဲ့သည်။ ကွတ်ခိုင်မှ စစ်အင်အား လက်နက်ခဲယမ်းများ တင်ဆောင်လာသည့် စစ်ကောင်စီယာဉ်တန်းကို KIAက ကြားဖြတ်တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၀ရက်ကလည်း ကွတ်ခိုင်နှင့် နမ့်ဖက်ကာ ကြားတွင် စစ်ယာဉ်တန်းကို လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

KIA တပ်ရင်း(၂၇)နယ်မြေကချင်ပြည်နယ်မံစီမြို့နယ်၌လည်းKIAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ပွားနေသည်။

“မံဝိန်းကြီးနားလောက်မှာ ဖြစ်မှာပါ။ မံစီမြို့နယ်တော့ ဟုတ်ပါတယ်။ အဲဒါကလည်း စစ်ကောင်စီဘက်က ကျနော်တို့နေတဲ့ဘက်ကို ထိုးဝင်လာလို့ ဒါကလည်း ခုခံတိုက်ပွဲပါ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIA အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များနှင့် ပူးပေါင်းပြီးလည်း စစ်ကိုင်းတိုင်းနှင့်ကချင်ဒေသ ၌ စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။