Connect with us

Hi, what are you looking for?

သတင်း

မတူပီ – ဟားခါးကြား ချင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ နှစ်ပတ်ကျော်ကြာတိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများ

ဇန်နဝါရီ ၂၀ ရက်နောက်ပိုင်းမှစ၍ အဆိုပါ ဒေသ၌ တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ယမန်နေ့အထိ တိုက်ပွဲဆက်ဖြစ်ခဲ့သည်ဟုဆိုသည်။

ကျဆုံးခဲ့ရသော CNA မှ တပ်ကြပ်အား တွေ့ရစဉ်၊ ဓာတ်ပုံ - The Chin Journal
ကျဆုံးခဲ့ရသော CNA မှ တပ်ကြပ်အား တွေ့ရစဉ်၊ ဓာတ်ပုံ - The Chin Journal

▪️CNAနှင့် CDF ဇိုတုန် ရဲဘော်အချို့ကျဆုံး၊ဒဏ်ရာရ

ချင်းပြည်နယ် မတူပီနှင့် ဟားခါးမြို့နယ်အကြားလမ်းတလျှောက်၌ တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၂၅ဦးခန့် သေဆုံးခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ဇန်နဝါရီ ၂၀ ရက်နောက်ပိုင်းမှစ၍ အဆိုပါ ဒေသ၌ တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ယမန်နေ့အထိ တိုက်ပွဲဆက်ဖြစ်ခဲ့သည်ဟုဆိုသည်။

Public Service Announcement
Public Service Announcement

“မတူပီ ဇိုတုန်နယ်ဆိုတာ မတူပီနဲ့ ဟားခါးမြို့အကြား ကားလမ်းတလျှောက် အဲဒီမှာရေဇွာတပ်စခန်းဆိုတာရှိပါတယ်။ အဲဒီ ဂွင်ထဲမှာ စစ်ကောင်စီဘက်က အင်အား ၁၀၀ကျော်လောက်နဲ့ CAN၊ ကာကွယ်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေပါတယ်။ဇန်နဝါရီ ၂၀နောက်ပိုင်းဖြစ်ခဲ့တာ အခုထိပေါ့။ ကျွန်တော်တို့ဘက်က ချင်းအမျိုးသားတပ်မတော်က တစ်ဦး တိုက်ပွဲမှာ ကျသွားတယ်။ပြီးတော့ တစ်ဦး ဒဏ်ရာရသွားတယ်။ ဇိုတုန်ကာကွယ်ရေးတပ်ဖွဲ့ဘက်က တစ်ဦးကျသွားတယ်။ သူတို့ဘက်ကတော့ မြေပြင်သတင်းအရဆိုရင် ၂၅နဲ့ ၃၀ လောက်ပေါ့”ဟု ဆလိုင်းထက်နီက ပြောသည်။

အဆိုပါ ဇိုတုန်နယ်တွင် ယမန်နေ့ ဖေဖော်ဝါရီ ၉ရက်က ဖြစ်ခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၀ဦးခန့် သေဆုံးခဲ့ပြီး CNAမှ တပ်ကြပ်တစ်ဦး ကျဆုံးခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်ကို ကိုးကားပြီး The Chin Journalက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ကျဆုံးတပ်ကြပ်သည် စစ်ကောင်စီတပ်သားများ၏ လက်နက်လိုက်ကောက်ချိန် ကျည်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်မှ လက်နက် ၂လက်ကိုလည်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။