သတင်း မန္တလေးဆေးရုံကြီး စိတ်ပညာဌာနရဲ့အထူးကုဆရာဝန် ဖမ်းခံရ အသက်၃၃ နှစ်အရွယ် ဒေါက်တာဟန်ထွဋ်စိုးကို မတ်လ ၁၅ ရက်က ချမ်းအေးသာစံမြို့နယ် နေအိမ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာပါ။ LuduNwayOoမတ် 27, 2023
သတင်း မုံရွာ – မန္တလေးလမ်းပိုင်း စစ်ဆေးငွေတောင်းခံနေသော စစ်အုပ်စုအား ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက် စစ်အုပ်စုက လက်နက်ငယ်များဖြင့် ရွာသာကြီး ရောက်သည်အထိ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် ဆက်မသွားတော့ဘဲ ရွာသာကြီးရွာအတွင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။ LuduNwayOoမတ် 27, 2023
သတင်း မုံရွာ – မန္တလေးလမ်းပေါ်ရှိ စျေးဆိုင်ခန်းများအား စစ်အုပ်စု မီးရှို့ဖျက်ဆီး ပျူများက မုံရွေးကျေးရွာအားမီးရှို့သွား၍ တိုက်ပွဲများရှိလာနိုင်သောကြောင့် မုံရွာ-ချောင်းဦးလမ်းပိုင်းအား အရေးပေါ်အခြေအနေအရပိတ်သိမ်းထားကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက အသိပေးသည်။ LuduNwayOoမတ် 26, 2023
သတင်း ရန်ကုန် – မန္တလေး အမှတ် (၃)အဆန်ရထား ဗုံးပေါက်၊ ခရီးသည်နှစ်ဦး ဒဏ်ရာရ ယနေ့ နေ့လည် ၁၂ နာရီခွဲ ဝန်းကျင်တွင် အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာ ရထားသံလမ်း တံတားအမှတ် (၂၁၇)အနီး၌ ရန်ကုန် - မန္တလေး အမှတ် (၃)အဆန်ရထားသည် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း အုတ်တွင်းမြို့နယ်နေ ပြည်သူတစ်ဦးက ဆိုသည်။ LuduNwayOoမတ် 22, 2023
သတင်း မန္တလေးမှာ လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့ ရာအိမ်မှူး ၂ ဦးပစ်ခတ်ခံရ အောင်မြေသာစံမြို့နယ်၊ အမရ ဌာနီအရှေ့ရပ်ကွက်၊ လမ်း၈၀၊ ၇လမ်းနဲ့ ၈လမ်းကြား မှာရှိတဲ့ လက်ဖက်ရည်ဆိုင်မှာပစ်ခတ်ခံရတာပါ။ LuduNwayOoမတ် 22, 2023
သတင်း မန္တလေး – ရွှေဘိုလမ်းပိုင်းတွင် စစ်ကူလာသည့် စစ်ကောင်စီတပ်ယာဉ်တစ်စီး မိုင်းဆွဲခံရပြီး ထိခိုက် သေဆုံးမှုများရှိနိုင် စစ်ကောင်စီတပ်သည် မိုင်းဆွဲခံရသည့်နေရာအနီးရှိ ကျော်ဇေယျာရွာကို ဝင်ရောက် ရှာဖွေမှုများ ပြုလုပ်ခဲ့ကာ ရွာသား နှစ်ဦးကို ဖမ်းဆီးရိုက်နှက်နှိပ်စက်ခဲ့ပြီး ညပိုင်းအချိန်မှ ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoမတ် 13, 2023
သတင်း မန္တလေး ပြည်ကြီးတံခွန်သပိတ် ဆရာတော် ဖမ်းခံရ မြင်းမူမြို့နယ်ထဲက လက္ကပင်ရွာကို စစ်အုပ်စုကဝင်စီးချိန်မှာ ဖမ်းခံရတာဖြစ်ပြီး ဖမ်းခံရတဲ့ ဆရာတော်နဲ့အဆက်အသွယ်ပြတ်တောက်နေတယ်လို့သိရပါတယ်။ LuduNwayOoမတ် 10, 2023
သတင်း မန္တလေးတွင် ဓားခုတ်လုနေသောအဖွဲ့တစ်ဖွဲ့အား ပြည်သူများဝိုင်းဖမ်း စစ်ကောင်စီက အာဏာသိမ်းပြီး (၂)နှစ်အတွင်း ဥပဒေမဲ့လုပ်ရက်များပိုမိုသောင်းကျန်းလာကာ မန္တလေးမြို့တွင်း လူစည်ကားနေရာများမပါမကျန်၊ နေ့ခင်းကြောင်းတောင်ပင် ဓားပြတိုက်လုယက်မှုများ မကြာခဏ ဖြစ်ပွားနေသည်။ LuduNwayOoမတ် 10, 2023
သတင်း မုံရွာ – မန္တလေးလမ်းပိုင်းတွင် ကြေးနီသယ်လာသည့် စစ်ယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက် မုံရွာ-မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီ၏ ယာဥ်များအား ဒေသတွင်း PDFအဖွဲ့များက မကြာခဏတိုက်ခိုက်လျက်ရှိပြီး ပြည်သူများအနေဖြင့် စစ်ကားများအနီး မောင်းနှင်သွားလာခြင်းမပြုရန် သတိပေးထားသည်။ LuduNwayOoမတ် 10, 2023
သတင်း မန္တလေးမှာ ညပိုင်းအချိန် ရိုက်နှက် ပြီး ဆိုင်ကယ်လုယက်မှု ၂ရက်ဆက်တိုက်ဖြစ်ပွား မတ်လ ၇ ရက် ဖြစ်စဉ်ဟာ ချမ်းအေးသာစံမြို့နယ် ၊ကန်တော်ကြီးပတ်လမ်း အနီးမှာ ဆိုင်ကယ်စီးအမျိုးသား ဓားနဲ့ခုတ်ခံရပြီး ဆိုင်ကယ်လုခံရတာဖြစ်ပါတယ်။ LuduNwayOoမတ် 9, 2023