Connect with us

Hi, what are you looking for?

သတင်း

မန္တလေး – မိုးကုတ်လမ်းတစ်လျှောက် တိုက်ပွဲဖြစ်၊ ပြည်သူများပိတ်မိနေ

မိုးကုတ်မြို့တွင်လည်း တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး မြို့ခံများသည် မန္တလေးသို့သွားရောက်တိမ်းရှောင်ရန် ကြိုးစားနေကြသည်။

(မန္တလေး - မိုးကုတ်လမ်းပိုင်း၌ ပိတ်မိနေသည့် ယာဉ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

မိထက်/People’s Spring

မိုးကုတ် – မန္တလေးလမ်းတစ်လျှောက် နေရာအများအပြား တိုက်ပွဲပြင်းထန်နေပြီး ခရီးသွားများရောက်ရာနေရာ၌ ရပ်တန့်ပေးထားကြရန် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် လက်ရှိပိတ်မိနေသူအချို့က ပြောသည်။

ကိုယ့်မြို့မှာပဲ ကိုယ်နေသင့်ပါတယ်။ မန္တလေးကိုမတက်ခဲ့သင့်သေးဘူး။ လမ်းတောက်လျှောက် မှာတိုက်ပွဲပြင်းထန်နေပါတယ်”ဟု မိုးကုတ် – သပိတ်ကျင်းလမ်းပိုင်း၌ ပိတ်မိနေသည့်ခရီးသွားတစ်ဦးက ပြောသည်။

မန္တလေး – မိုးကုတ်ကားလမ်းရှိ မတ္တရာ၊စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်လမ်းပိုင်းများတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းဟု သိရသည်။ အဆိုပါ လမ်းပိုင်းရှိ စစ်ကောင်စခန်းအချို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မိုးကုတ်မြို့တွင်လည်း တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး မြို့ခံများသည် မန္တလေးသို့သွားရောက်တိမ်းရှောင်ရန် ကြိုးစားနေကြသည်။

ယခုအခြေအနေသည် မြို့ပြင်သို့ထွက်ရန်မလွယ်ကြောင်းနှင့် အန္တရာယ်ပိုကြီးကြောင်း လမ်းခုလတ်၌ ပိတ်မိနေသူတစ်ဦးက ပြောသည်။

” တိုက်ပွဲက ပြင်းပြင်းထန်ထန် ဖြစ်နေတာပါ။ စစ်ကောင်စီကလေကြောင်းသုံးတာတွေလည်းရှိနေတယ်။ ကိုယ့်အိမ်မှာ ကိုယ်နေတာကအန္တရာယ်အကင်းဆုံးဖြစ်မယ်လို့ ကျွန်မတို့ထင်တယ်”ဟု မိုးကုတ်မြို့မှာထွက်ခွာလာပြီး စဥ့်ကူးမြို့အနီး၌ပိတ်မိနေသူတစ်ဦးက ပြောသည်။

ယမန်နေ့(ဇွန်လ ၃၀ရက်)က မိုးကုတ်မြို့မှထွက်ခွာလာသည့် အိမ်စီးကားတစ်စီး မြို့အထွက်တွင် ပစ်ခတ်ခံရပြီး ထိခိုက်မှုရှိခဲ့သည်။

လမ်းတစ်လျှောက်၌ သိမ်းမိနေသည့်ကားအစီးရေ ရာချီရှိသည်ဟု ခရီးသွားအချို့က ပြောသည်။

မန္တလေး-မိုးကုတ်ကားလမ်းနှင့် မန္တလေး-မြစ်ကြီးနား ကားလမ်းကို ည ၇နာရီမှ မနက် ၆နာရီအတွင်း ခရီးသွားလာခြင်းမပြုရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပြင်ဦးလွင်ခရိုင်)က ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းစတင်သည့် ဇွန်လ ၂၅ ရက်မှစ၍ အရေးပေါ် သတိပေးချက်ထုတ်ပြန်ထားသည်။

သို့သော် လတ်တလောစစ်ရေးအခြေအနေအရ ယင်းလမ်းပိုင်းများကို နေ့ရောညပါအသုံးမပြုသင့်ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး