Connect with us

Hi, what are you looking for?

သတင်း

ကာကွယ်ရေးဝန်ကြီးဦးရည်မွန် မန္တလေး PDF တိုက်ပွဲဝင်နေသည့်ရှေ့တန်းစစ်မြေပြင်သို့ သွားရောက်

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

(စစ်မြေပြင် ရှေ့တန်းတနေရာ၌ တွေ့ရသော ဝန်ကြီးဦးရည်မွန်။ ဓာတ်ပုံ - မန္တလေး PDF)
(စစ်မြေပြင် ရှေ့တန်းတနေရာ၌ တွေ့ရသော ဝန်ကြီးဦးရည်မွန်။ ဓာတ်ပုံ - မန္တလေး PDF)

▪️နောင်ချိုနယ် သရက်ကုန်းရွာစခန်းပြန်ရရေး ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် MDY-PDF၏ တိုက်ခိုက်မှုကြောင့် တစ်ပတ်အတွင်း ၆၀ဦးခန့် သေဆုံးဟု အသိပေး

ဟန်နွေ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်သည် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်(MDY-PDF) တိုက်ပွဲဝင်နေသည့် ရှေ့တန်းစစ်မြေပြင်သို့ သွားရောက်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

စစ်မြေပြင်သို့ သွားရောက်ခဲ့သည့် နေ့ရက်နှင့် ဒေသကို ဖော်ပြမထားသော်လည်း ဧပြီလလယ်မှစ၍ MDY-PDFက ဆင်နွှဲခဲ့သည့် စစ်ဆင်ရေးနှင့် စခန်းသိမ်းတိုက်ပွဲများအကြောင်း အသိပေးထားပြီး စစ်ကောင်စီတပ်များသေဆုံးထိခိုက်မှု၊ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှုများကို ဖော်ပြသည်။

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

Public Service Announcement

Public Service Announcement

MDY-PDFသည် ဧပြီ ၁၄ရက် သင်္ကြန်အကျနေ့တွင် ပြင်ဦးလွင်မြို့ရှိ DSA စစ်တက္ကသိုလ်ကျောင်းဝန်း အတွင်းသို့ ရှော့တိုက်ဒုန်းအလုံး (၂၀)ဖြင့် ပတ်ခတ်တိုက်ခဲ့ပြီးနောက်

ဧပြီ ၁၅ရက် နံနက်အစောပိုင်းတွင် ပြင်ဦးလွင်မြို့အနီး နောင်ချိုမြို့နယ် သရက်ကုန်းရွာရှိ စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

DSAကို တိုက်ခိုက်မှု စစ်ကောင်စီတပ်များ ထိခိုက်မှု အခြေအနေ စုံစမ်းနေဆဲဖြစ်ကြောင်း MDY PDF ယခင်က အသိပေးထားသည်။ သရက်ကုန်းတိုက်ပွဲတွင် စာသင်ကျောင်းနှင့် သာသနိက အဆောက်အဦးများ၌ အကာအကွယ်ယူ တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို ရှင်းလင်းနိုင်ပြီးလက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း MDY-PDFက ထုတ်ပြန်ထားသည်။

သရက်ကုန်း စခန်းသိမ်းတိုက်ပွဲ၌ ရန်သူ့ဘက်မှ လေကြောင်းတိုက်ခိုက်မှု (၆)ကြိမ် ပြုလုပ်ခဲ့ပြီး တစ်နေကုန်တိုက်ပွဲပြင်းထန်ခဲ့ရာ ဧပြီ ၁၅ရက် ညနေပိုင်း၌ပင် စခန်းအား အပြီးသတ် သိမ်းနိုင်ခဲ့သည်ဟု ဆိုသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်ရှိ သရက်ကုန်းကျေးရွာသည် အကြမ်းဖက် စစ်ကောင်စီ၏ စစ်တက္ကသိုလ်(DSA) တည်ရှိရာ ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာတွင် တည်ရှိသည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေယာဉ်ဗုံးကြဲ တိုက်ခိုက်မှုများကြောင့် အရပ်သား နေအိမ်များလည်း ထိမှန်ပျက်စီးမှုများရှိခဲ့ဟု အသိပေးထားပြီး စစ်ကောင်စီဘက်မှ သေဆုံးမှုများပြီး ထိခိုက်မှုများစွာရှိခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့ပြင် လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံအပါအဝင် ခဲယမ်းအမြောက်အများရရှိခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြသည်။

စစ်ကောင်စီတပ်မှ သရက်ကုန်းကျေးရွာအား ပြန်လည်ရရှိရန် ဧပြီ ၁၉ရက်မှ စ၍ ကြည်းကြောင်း၊ လေကြောင်းဖြင့် ပြင်းထန်စွာ တန်ပြန်ထိုးစစ်ဆင်လျက်ရှိရာ ယင်းနေ့၌ပင် စစ်ကောင်စီဘက်က ၁၅ဦးခန့်သေဆုံးခဲ့ကြောင်း၊ ဧပြီ ၂၀ရက်တိုက်ပွဲတွင် PDF ရဲဘော် ၂ဦး ကျဆုံးခဲ့ကြောင်း အသိပေးသည်။

ဧပြီ ၂၁ရက်တိုက်ပွဲတွင် ရန်သူ့တပ်သား (၁၃) ဦး သေဆုံးပြီး (၁၅)ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ယင်းနေ့၌ပင် အကြမ်းဖက်စစ်ကောင်စီတပ်သည် စစ်ရေးပစ်မှတ် မဟုတ်သော သာသနာ့အဆောက်အဦးများ ဖြစ်သည့် ပါဟက်ရွာ ဘုန်းကြီးကျောင်း၊ ဇာလီရွာ ဘုန်းကြီးကျောင်း၊ သရက်ကုန်း ဘုန်းကြီးကျောင်းများသို့ လေကြောင်းတိုက်ခိုက်မှု (၇) ကြိမ် ပြုလုပ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဧပြီ ၂၂ရက် ညပိုင်းတွင် ရန်သူ့တပ်၏ လက်နက်ကြီး တည်နေရာသို့ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ရန်သူ့တပ်သား (၃)ဦး သေဆုံးပြီး (၇) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဧပြီလ (၂၃) ရက်နေ့၊ မနက်ပိုင်းတွင် ထိတွေ့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်သား (၁၅) ဦးခန့် သေဆုံးခဲ့ကြောင်း ဖော်ပြသည်။ ဧပြီလ (၂၄) ရက်နေ့တွင် လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

ဧပြီ၂၅) ရက် နေ့လယ်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ရန်သူ့တပ်သား (၁၃)ဦးခန့် သေဆုံးပြီး (၁၆) ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

တိုက်ပွဲများအတွင်း စစ်တပ်သည် လေကြောင်းတိုက်ခိုက်မှု (၃၂) ကြိမ်ပြုလုပ်ခဲ့ရာ စစ်ရေးပစ်မှတ် မဟုတ်သည့် သာသနာ့အဆောက်အဦးများ ဖြစ်သည့် ဘုန်းကြီးကျောင်းများအတွင်းသို့ (၂၆)ကြိမ် ကျရောက်ခဲ့ပြီး ပြည်သူများ နေထိုင်သည့် ကျေးရွာများအတွင်းသို့ (၈) ကြိမ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဖော်ပြခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း မလှိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်​ကြောင်းကို ဒေသတွေင်း PDFနဲ့ ပကဖ ပူးပေါင်းတပ်က ခုခံတိုက်ခိုက်ခဲ့ရာ ၁၅ရက် ကြာ တိုက်ပွဲဖြစ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြင်းခြံခရိုင် တပ်ရင်း(၁)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ်က တောင်သာကျေးရွာအနီးတိုက်ပွဲမှာ စစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ PDF တပ်ဖွဲ့ဝင် ၂၀ ဦးဝန်းကျင်ကျဆုံးခဲ့တယ်လို့ ဒေသခံ တော်လှန်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ တရုတ်ဘုံကျောင်းက ကြေးစည် ခိုးယူခံလိုက်ရကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေကျောက်ဝိုင်းအတွင်းမှာ ပျူစောထီးတွေ ခြိမ်းခြောက်ငွေတောင်းနေလို့အခက်အခဲ ဖြစ်နေကြောင်း ကျောက်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။