Connect with us

Hi, what are you looking for?

LuduNwayOo

All posts tagged "ရုရှား"

ဗီဒီယို

ရုရှားစစ်တပ်ဟာ ဆီးရီးယား ပြည်တွင်းစစ်မှာ အာဏာရှင် သမ္မတ ဘာရှာ အယ်လ်အာဆတ် ဖက်ကနေ ထဲထဲဝင်ဝင် ပါဝင် တိုက်ခိုက်ပေးခဲ့ဖူးပါတယ်။ ဒါကြောင့် ဆီးရီးယားက လက်နက်ကိုင် အဖွဲ့အစည်း တချို့နဲ့ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။

ဗီဒီယို

စစ်ပွဲ မစခင်က လက်နက်အင်အား၊ လူအင်အား အပြတ်အသတ် သာလွန်တာကြောင့် ရုရှားဟာ ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ကို ရက်ပိုင်းအတွင်း သိမ်းယူနိုင်မယ်ဆိုတဲ့ ခန့်မှန်းမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုဆိုရင် စစ်ပွဲစပြီး နှစ်ပတ်နီးပါး ကြာမြင့်လာတဲ့ထိ ယူကရိန်းရဲ့ အဓိက မြို့ကြီးတွေကို ထိန်းချုပ်ဖို့ ရုရှားတပ်တွေ...

နိုင်ငံတကာ

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)ကလည်း ယူကရိန်းမှာ ရှိနေတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဌာနတချို့ တိုက်ခိုက် ခံခဲ့ရကြောင်း အတည်ပြုသွားပါတယ်။ ဒီလို တိုက်ခိုက်မှုတွေကြောင့် သေဆုံး ဒဏ်ရာရမှုတွေ ရှိတယ်လို့လည်း WHOက ပြောပါတယ်။

နိုင်ငံတကာ

ဆန္ဒပြသူ ထောင်ဂဏန်းလောက် အဖမ်းခံခဲ့ရတယ်ဆိုတဲ့ သတင်းကို လူ့အခွင့်အရေး အဖွဲ့အစည်းတွေရော၊ ရုရှား အာဏာပိုင်တွေကပါ အတည်ပြုခဲ့ပါတယ်။ မော်စကိုမြို့တော်မှာတင် ဖမ်းဆီး ထိန်းသိမ်း ခံရသူ ၁၇၀၀ လောက် ရှိတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနကို ကိုးကားပြီး RIA သတင်း အေဂျင်စီက ဖော်ပြခဲ့ပါတယ်။

News

အမေရိကန်နဲ့ NATO မဟာမိတ် နိုင်ငံတွေဟာ ယူကရိန်းကို ကျူးကျော်စစ် ပြုခဲ့တဲ့ ရုရှား အစိုးရကို ဘက်ပေါင်းစုံကနေ အကြီးအကျယ် ထိုးနှက်တဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ရုရှား ဗဟိုဘဏ်ရဲ့ နိုင်ငံတကာမှာ အပ်နှံထားတဲ့ နိုင်ငံခြား ငွေကြေးတွေ ထိန်းချုပ် ခံရသလို...

နိုင်ငံတကာ

အိန္ဒိယရဲ့ ကာကွယ်ရေး ကဏ္ဍ သွင်းကုန် စုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းလောက်ဟာ ရုရှားဆီက ဖြစ်ပါတယ်။ အရင်ကလည်း နိုင်ငံတကာရေးရာ ပြဿနာတွေမှာ အိန္ဒိယနဲ့ ရုရှားတို့ဟာ ဘက်ညီတဲ့ လက်တွဲဖော်တွေ အနေနဲ့ ရပ်တည်ခဲ့ကြဖူးပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယားစွမ်းအင် စောင့်ကြည့်အဖွဲ့ဖြစ်တဲ့ နိုင်ငံတကာ အက်တမ်စွမ်းအင် အေဂျင်စီက လက်နက်ကြီး ထိမှန် ပျက်စီးသွားတဲ့ အဆောက်အအုံ အစိတ်အပိုင်းတွေဟာ ဓာတ်အားပေး စက်ရုံရဲ့ အရေးကြီးတဲ့ ကိရိယာတွေတော့ မဟုတ်ဘူးလို့ မှတ်ချက်ပေး ပြောဆိုထားပါတယ်။

နိုင်ငံတကာ

ဒီအတောအတွင်း နိုင်ငံတကာ ရာဇဝတ်ခုံရုံးရဲ့ ရှေ့နေ ကာရင်မ်ခန်းက သူဟာ ယူကရိန်း စစ်ပွဲအတွင်း စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ရှိမရှိ ဆန်းစစ် စုံစမ်းသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က နိုင်ငံရဲ့ နျူကလီးယား အထူးတပ်ဖွဲ့တွေကို အသင့်ပြင်ဆင်ထားဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုဟာ ပူတင်ရဲ့ အမိန့်နဲ့ ဆက်နွှယ်မှု ရှိမရှိ ဆိုတာတော့ မသိရသေးပါဘူး။

နိုင်ငံတကာ

အရင်က စစ်ပွဲစပြီး တစ်ရက်လောက်အတွင်း ကိယက်ဗ်ကို ရုရှားတပ်တွေ ရောက်လာမယ်လို့ ခန့်မှန်းထားပေမယ့် အခုဆိုရင် ၆ ရက်လောက် ကြာလာတဲ့ထိ ယူကရိန်း စစ်သည်တွေက အားကောင်းကောင်းနဲ့ တုံ့ပြန် ခုခံနေကြဆဲ ဖြစ်ပါတယ်။

Facebook