Connect with us

Hi, what are you looking for?

သတင်း

သရက်-မင်းတုန်းလမ်းပိုင်းမှာ စစ်အုပ်စုတိုက်ခိုက်ခံရ၊ လက်နက် သိမ်းရ

မကွေးတိုင်း၊ သရက်-မင်းတုန်းလမ်းပိုင်းမှာ စစ်အုပ်စုကိုတိုက်ခိုက်ရာ သေဆုံးသူတွေရှိကာ လက်နက်နဲ့ခဲယမ်းတချို့ သိမ်းရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ထုတ်ပြန်ပါတယ်။

(သိမ်းရတဲ့ လက်နက်နဲ့ ကျည်တွေ။ ဓာတ်ပုံ − သရက်ခရိုင်တပ်ရင်း−၄)

ဩဂုတ်-၁၀၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ သရက်-မင်းတုန်းလမ်းပိုင်းမှာ စစ်အုပ်စုကိုတိုက်ခိုက်ရာ သေဆုံးသူတွေရှိကာ လက်နက်နဲ့ခဲယမ်းတချို့ သိမ်းရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ထုတ်ပြန်ပါတယ်။

သရက် – မင်းတုန်း လမ်းပိုင်းကို အသုံးပြုသွားလာနေတဲ့ အများပြည်သူကားတွေကို ခြိမ်းခြောက်ငွေကြေးတောင်းဖို့ နဲ့ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးဖို့ သရက်မြို့နယ် ၊ ရေမျက်ရဲစခန်းက ထွက်လာတဲ့ စစ်သား ၊ရဲနဲ့ ပျူစောထီး စုစုပေါင်း ၇ ဦးကို ဒီကနေ့(ဩဂုတ် ၁၀ ရက်) နံနက် ၁၀နာရီခန့်မှာတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ရေမျက်ကျေးရွာအနီး တိုက်ခိုက်မှုမှာ စစ်အုပ်စုက ၃ဦး သေဆုံးပြီး ပြေးသွားတယ်လို့ အသိပေးပါတယ်။ တိုက်ခိုက်မှုမှာ G4 (၁)လက်နဲ့ ကျည်တွေ သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“သရက်-မင်းတုန်းလမ်းပိုင်းဆိုတာက ရန်သူ့အတွက် အရေးပါတဲ့ လမ်းကြောင်းတခုပေါ့နော်။အဲဒီမှာ ကျွန်တော်တို့တိုက်ပွဲ ဖြစ်ခဲ့တာပေါ့လေ။တိုက်ပွဲ အပြီးမှာ တိုက်ပွဲ ဖြစ်တဲ့နေရာကို ဂျိုင်ရိုကော်ပတာ သုံးစီးနဲ့ ဗုံးသီးချတာရှိတယ်”လို့ သရက်ခရိုင်တပ်ရင်း(၄) တာ၀န်ရှိသူက ပြောပါတယ်။

တိုက်ပွဲ ဖြစ်တဲ့နေရာက စစ်တပ်ရဲ့ အမှတ်(၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ−၁၂) နဲ့လည်းနီးတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်း အထူးသတိပြုဖို့ အထက်ပါတာဝန်ရှိသူက တိုက်တွန်းပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်ကလည်း သရက်မြို့နယ် ၊ ဆင်ကော်ကျေးရွာရဲစခန်းက ထွက်လာတဲ့ စစ်တပ်နဲ့ရဲ အင်အား ၂၀ ပါတဲ့စစ်ကြောင်းကို ပုဏ္ဍားကျေးရွာအနီးမှာ ကြားဖြတ်တိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီတိုက်ပွဲမှာလည်း စစ်တပ်က ၇ ဦး သေဆုံးပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။

စစ်တပ်က သရက်-မင်းတုန်းလမ်းပိုင်းအသုံးပြုပြီး မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမကို စစ်ကြောင်းထိုးနေပေမယ့် ၂လကျော်ကြာတဲ့အထိ ရိုးမပေါ် မတက်နိုင်သေးဘဲ အနီးတဝိုက်ကျေးရွာတွေမှာ တပ်ဖြန့်ထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

Facebook