Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မင်းအောင်လှိုင်ကို ဆန္ဒပြခဲ့တဲ့ ထိုင်းအမတ်က မြန်မာမှာရင်းနှီးမြှုပ်နှံရင် ထိုင်းလုပ်ငန်း​တွေကြုံရနိုင်တဲ့အန္တရာယ်ကိုသတိပေး

မြန်မာနိုင်ငံမှာငြိမ်းချမ်းရေး၊ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ပီပီပြင်ပြင်တည်ဆောက်နိုင်ခြင်း မရှိသေးဘဲ ထိုင်းနဲ့ မြန်မာကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေကို ဆွေးနွေးနေရင် ရည်မှန်းချက် ပြည့်အောင် အကောင်အထည် ဖော်ဖို့ ခက်ခဲလိမ့်မယ်လို့ ထိုင်းအတိုက်အခံ လွှတ်တော်အမတ် အနူဆွမ် သွမ်ချိုင်က သတိပေးခဲ့ပါတယ်။

ဓါတ်ပုံ-Anusorn Tamajai's Facebook

သြဂုတ်-၁၀၊၂၀၂၆။People’s Spring

မြန်မာနိုင်ငံမှာငြိမ်းချမ်းရေး၊ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ပီပီပြင်ပြင်တည်ဆောက်နိုင်ခြင်း မရှိသေးဘဲ ထိုင်းနဲ့ မြန်မာကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေကို ဆွေးနွေးနေရင် ရည်မှန်းချက် ပြည့်အောင် အကောင်အထည် ဖော်ဖို့ ခက်ခဲလိမ့်မယ်လို့ ထိုင်းအတိုက်အခံ လွှတ်တော်အမတ် အနူဆွမ် သွမ်ချိုင်က သတိပေးခဲ့ပါတယ်။

ပြည်သူ့ပါတီ (PP)ကိုယ်စားပြုရွေးကောက်ခံ အမတ်ဖြစ်သလို ၊စီးပွား​ရေးပညာရှင်လည်းဖြစ်တဲ့ အနူဆွမ်ဟာ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု မူဝါဒတွေမှာ ရေရှည်ကို မကြည့်ဘဲ အပေါ်ယံ လူကြိုက်များရုံ လုပ်ထုံးလုပ်နည်းတွေကို လွန်လွန်ကဲကဲ အသုံးပြုရင် နောင်တစ်ချိန် နိုင်ငံ စီးပွားရေးမှာ အကျပ်အတည်းတွေ ဖြစ်လာနိုင်ကြောင်း Facebookမှာ သတိပေး ရေးသားခဲ့ပါတယ်။

ပြီးတော့ အဲဒီ ပို့စ်ထဲမှာသူကထိုင်း-မြန်မာကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီးလည်း ထည့်သွင်း မှတ်ချက်ပေးထားခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အနူဆွမ်ဟာ ဩဂုတ် ၇ ရက်နေ့တုန်းက ဘန်ကောက်ကို ရောက်ရှိနေခဲ့တဲ့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို လွှတ်​တော်မှာ ငြိမ်းချမ်း​ရေးအတွက် ၊လူသားဆန်ကြဖို့အတွက် အော်ဟစ်ပြီးဆန္ဒပြခဲ့လို့ ထိုင်းရဲတွေက ခေါ်ထုတ်သွားတာ ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

သူ့ရဲ့ ပို့စ်ထဲမှာတော့ အနူဆွမ်က မြန်မာရဲ့ လက်ရှိ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေး အခြေအနေတွေ၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ပြန်လည် တည်ဆောက်မှုတွေ တိုးတက်မလာခင် ထိုင်းကုမ္ပဏီတွေ သွားရောက် ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ဆုံးရှုံး နစ်နာမှုတွေ ကြုံရနိုင်တယ်လို့ သတိပေးထားခဲ့ပါတယ်။

နောက်ပြီးအာဏာသိမ်းစစ်တပ် အုပ်စိုးနေတဲ့ မြန်မာနိုင်ငံဟာ ပြင်းထန်တဲ့ နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှုတွေ ခံနေရဆဲ ဖြစ်တာကြောင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပတ်သက် ဆက်နွှယ်မှုတွေကနေ ထိုင်းအစိုးရ ဌာနတွေ အပေါ်မှာလည်း သက်ရောက် ထိခိုက်မှုတွေရှိလာနိုင်ကြောင်း သူက ဆိုပါတယ်။

အခန့်မသင့်ရင် ထိုင်းကုမ္ပဏီတွေနဲ့ အစိုးရ ဌာနတွေဟာ မြန်မာ အာဏာပိုင်တွေနဲ့ ပတ်သက် ဆက်နွှယ်မိရာက secondary sanctionလို့ခေါ်တဲ့ ဆက်စပ် ပိတ်ဆို့ အရေးယူမှုတွေပါ ခံရနိုင်ကြောင်း၊အဲဒီအခါနိုင်ငံတကာက ထိုင်းအပေါ် ယုံကြည်စိတ်ချမှု လျော့ပါးသွားပြီး နိုင်ငံလည်း သိက္ခာကျနိုင်ကြောင်း အနူဆွမ်က ပြောကြားသွားပါတယ်။

ထိုင်းဖက်က လိုလားတဲ့ နယ်စပ်အကျပ်အတည်း ဖြေရှင်းရေး၊ မူးယစ်ဆေးဝါးနဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ တိုက်ဖျက်ရေးစတဲ့ မျှော်လင့်ချက်တွေဟာ အာဏာသိမ်း မြန်မာစစ်တပ်ကို တရားဝင် အသိအမှတ် ပြုလိုက်တဲ့ နည်းနဲ့ ချဉ်းကပ် ဖြေရှင်းနိုင်မှာ မဟုတ်ကြောင်းလည်း သူက သတိပေးခဲ့ပါတယ်။

ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးနဲ့ ထိရောက်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ လက်တွေ့ အကောင်အထည် မပေါ်လာမချင်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လသားချင်း စာနာမှုတွေကို ပိတ်ပင်တာတွေ ဆက်ရှိနေလိမ့်မယ်လို့လည်း အနူဆွမ်က မှတ်ချက်ပေးသွားပါတယ်။

ထိုင်းအစိုးရ အနေနဲ့ မြန်မာ့ ဒီမိုကရေစီ အမှန်တကယ်ပြန်လည်ထူထောင်နိုင်ရေးအတွက် တက်ကြွတဲ့ ကြားဝင်ပံ့ပိုးသူအဖြစ် ဆောင်ရွက်ပြီး ငြိမ်းချမ်းရေး အပစ်အခတ် ရပ်စဲရေး၊ လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲတွေ ပေါ်ထွန်းလာရေးတို့အတွက် အားပေး ကူညီသင့်ကြောင်း သူက တိုက်တွန်းသွားခဲ့ပါတယ်။

ကိုးကား- Anusorn Tamajai’s Facebook

ဆက်စပ်သတင်းများ

သတင်း

မလေးရှားနိုင်ငံရောက် မြန်မာတိုင်းရင်းသားညွန့်ပေါင်းအဖွဲ့ COBEM နဲ့ NGO အဖွဲ့တွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပြီး မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ့်အစီအစဉ်နဲ့ မလေးရှားဝန်ကြီးချုပ်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ဆုံမယ့် အစီအစဉ်တွေကို ဒီကနေ့ (စက်တင်ဘာ ၂၄) ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

သတင်း

စက်တင်ဘာ-၂၄၊၂၀၂၆။People’s Spring တိုင်းမ်(Time )မဂ္ဂဇင်းနဲ့ အင်တာဗျူးအတွက် မြန်မာ စစ်အာဏာရှင်မင်းအောင်လှိုင်ရဲ့ဓာတ်ပုံကို နေပြည်တော်မှာကျွန်တော်သွားရိုက်ပေးခဲ့ပါတယ်။ အနောက်နိုင်ငံ အခြေစိုက် မီဒီယာ တစ်ခုအတွက် သူ့ကို အခုလို ဓာတ်ပုံရိုက်ခွင့်ရတာ ပထမဆုံး(စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​နေပြည်​တော်ကိုသွားပြီးမင်း​အောင်လှိုင်ကိုဓါတ်ပုံရိုက်တာ)လည်း ဖြစ်နိုင်ပါတယ်။ သူ့လက်ထောက် တစ်ယောက်က ‘သမ္မတကို ဘယ်လိုပုံစံမျိုးနဲ့ ရှိစေချင်သလဲ’ဆိုပြီးကျွန်တော့်ကို လာမေးပါတယ်။...

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

Facebook