Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် အဆိုပြုတဲ့ အပစ်ရပ် ကမ်းလှမ်းမှုကို ယူကရိန်းလက်ခံ၊ ယူကရိန်းအတွက် အထောက်အပံ့တွေ အမေရိကန် ပြန်ခွင့်ပြု

အမေရိကန်က အဆိုပြုတဲ့ ရက်ပေါင်း ၃၀ အပစ်အခတ် ရပ်စဲရေး အဆိုကို ယူကရိန်းက လက်ခံခဲ့ခြင်းနဲ့အတူ ယူကရိန်းအတွက် အထောက်အပံ့တွေကို အမေရိကန်က ပြန်လည် ခွင့်ပြုထားမယ်လို့ သိရပါတယ်။

အမေရိကန်က အဆိုပြုတဲ့ ရက်ပေါင်း ၃၀ အပစ်အခတ် ရပ်စဲရေး အဆိုကို ယူကရိန်းက လက်ခံခဲ့ခြင်းနဲ့အတူ ယူကရိန်းအတွက် အထောက်အပံ့တွေကို အမေရိကန်က ပြန်လည် ခွင့်ပြုထားမယ်လို့ သိရပါတယ်။

မတ်လ ၁၁ ရက်နေ့တုန်းက ဆော်ဒီအာရေးဘီးယား နိုင်ငံမှာ ယူကရိန်းနဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့တွေ တွေ့ဆုံ ဆွေးနွေးမှု အပြီးမှာ အဲဒီ အခြေခံ သဘောတူညီချက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် အစိုးရဟာ ယူကရိန်းအတွက် စစ်ရေး အထောက်အပံ့ အားလုံးကို ဆိုင်းငံ့ထားပေမယ့် အခုသဘောတူညီချက်အပြီး အဲဒီ ဆုံးဖြတ်ချက်ကို ပြန်ပြင်ခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းဖက်က အပြုသဘောဆန်တဲ့ လိုက်လျော လက်ခံမှုတွေ အပြီးမှာတော့ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမေရိကန် အစိုးရဟာ ယူကရိန်းအပေါ် အထောက်အပံ့ ရပ်ဆိုင်းထားမှုကို ပြန်ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။

၃ နှစ်ကျော် ကြာမြင့်လာပြီဖြစ်ပြီး လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့တဲ့ ရုရှားနဲ့ ယူကရိန်းကြား စစ်ပွဲကို ရပ်ဆိုင်းနိုင်ဖို့ ပထမအဆင့် သဘောတူညီမှုအဖြစ် တစ်လကြာ အပစ်ရပ်ထားဖို့ အဆိုကို ယူကရိန်းဖက်က လိုလိုလားလား သဘောတူ လက်ခံခဲ့တယ်လို့ ထရမ့်ရဲ့ အကြံပေးတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်ရဲ့ အဆိုပြုချက်ကို ယူကရိန်းက လက်ခံခဲ့ကြောင်း၊ အကျိုးဆက်အဖြစ် အပစ်အခတ် ရပ်စဲရေးကာလ အစပြုပြီး ညှိနှိုင်းဆွေးနွေးမှုတွေ အမြန်ဆုံး စတင်နိုင်ဖို့ မျှော်လင့်ထားကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ဆော်ဒီအာရေးဘီးယားနိုင်ငံ၊ ဂျက်ဒါမြို့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ အမေရိကန်နဲ့ ယူကရိန်း ကိုယ်စားလှယ် အဖွဲ့ဟာ ၉ နာရီကြာ အချိန်ယူ ဆွေးနွေးခဲ့ကြတာပါ။

အခုအခါမှာတော့ အမေရိကန်ဟာ တူညီတဲ့ ကမ်းလှမ်း အဆိုပြုချက်မျိုးကို ရုရှားဆီကိုလည်း ယူဆောင်သွားမှာ ဖြစ်ကြောင်း၊ ရုရှားကလည်း ငြိမ်းချမ်းရေးကို လက်ကမ်းလိမ့်မယ်လို့ မျှော်လင့်ကြောင်း ရူဘီရိုက ဆိုပါတယ်။ လောလောဆယ်မှာတော့ ဆုံးဖြတ်ရမယ့် အပိုင်းက ရုရှားဖက် ရောက်သွားပြီလို့လည်း သူက မှတ်ချက်ပေးခဲ့ပါတယ်။

နောက်ပြီး အမေရိကန်ဟာ ယူကရိန်းကို အထောက်အပံ့ ရပ်ဆိုင်းထားတာ၊ ထောက်လှမ်းရေး သတင်းအချက်အလက် ဝေမျှမှုတွေ ပိတ်ပင်ထားတာတွေကိုလည်း ပြန်လည် ပြင်ဆင်ပြီး မူလအတိုင်း အကူအညီ ဆက်ပေးနေမယ်လို့ ရူဘီရိုက ပြောကြားသွားပါတယ်။

ဖေဖော်ဝါရီ လကုန်ပိုင်းတုန်းက အိမ်ဖြူတော်မှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ လူသိရှင်ကြား စကားများခဲ့ဖူးတဲ့ ထရမ့်ကတော့ သူဟာ ဇီလန်စကီးနဲ့ ပြန်တွေ့ဆုံ ဆွေးနွေးဖို့ အသင့်ဖြစ်နေပြီလို့ ဝါရှင်တန် ဒီစီမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ပြီးတော့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကိုလည်း အခုသီတင်းပတ်ထဲမှာ စကားပြောဖြစ်ဖွယ် ရှိတယ်လို့ ထရမ့်က ဆိုပါတယ်။

ယူကရိန်းမှာ အပစ်အခတ် ရပ်စဲမှု ဘယ်တော့ အစပြုမလဲလို့ သတင်းထောက် တစ်ယောက်က မေးတဲ့အခါ ထရမ့်က လာမယ့် ရက်ပိုင်းအတွင်းလောက်မှာ ဖြစ်မြောက်လာဖို့ ခန့်မှန်းထားကြောင်းနဲ့ အမေရိကန်နဲ့ ရုရှားတို့ကြား ဆွေးနွေးမှုဟာလည်း အပြုသဘောဆန်ဖို့ မျှော်လင့်ကြောင်း ဖြေကြားသွားခဲ့ပါတယ်။

အပစ်အခတ် ရပ်စဲရေး သဘောထားအပြင် ယူကရိန်းနဲ့ အမေရိကန်တို့ရဲ့ ပူးတွဲ ကြေညာချက် တစ်ခုမှာတော့ ယူကရိန်းပိုင် သဘာဝ သယံဇာတ သတ္တုတွေကို အမေရိကန်က ခွဲဝေတူးဖော်ခွင့်ရရေး သဘောတူညီမှုကိုလည်း အမြန်ဆုံး အကောင်အထည်ဖော် လက်မှတ်ရေးထိုးသွားမယ်လို့ ဖော်ပြထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းနဲ့ စစ်ရေးပဋိပက္ခဟာ အဆုံးသတ်ကာလ နီးကပ်လာပြီလို့ သူယူဆကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန် ရေယာဉ်တွေ ပစ်ခတ်ခံရရင် အရှေ့အလယ်ပိုင်း ဒေသအနှံ့မှာရှိတဲ့ အမေရိကန်ရဲ့ အဆောက်အအုံတွေနဲ့ တခြားတည်နေရာတွေကို တိုက်ခိုက်ရလိမ့်မယ်လို့ အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ရုရှားနဲ့ ယူကရိန်းတို့ကြား ၃ ရက်ကြာ အပစ်အခတ် ရပ်စဲထားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

သံတမန်ရေး ညှိနှိုင်းမှုတွေ တိုးတက်တဲ့ အရိပ်အယောင် တစ်ခုခု ပြလာတာနဲ့ အမေရိကန်ဆီက ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ စစ်ရေး လှုပ်ရှားမှု တစ်ခုခုကြောင့် အခြေအနေတွေ ပြန်ယိမ်းယိုင်သွားရကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီးက စွပ်စွဲ ဝေဖန်ခဲ့ပါတယ်။

Facebook