Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်နဲ့ပူတင် ဖုန်းပြောအပြီး ရုရှားရော၊ ယူကရိန်းပါ အပြန်အလှန် လေကြောင်းကနေတိုက်ခိုက်

ဒေါ်နယ်လ်ထရမ့်နဲ့ ဗလာဒီမာ ပူတင်တို့ ဖုန်းဆက် ဆွေးနွေးခဲ့ကြပြီး နာရီပိုင်း အကြာမှာ ရုရှားနဲ့ ယူကရိန်းဟာ နှစ်ဖက် အခြေခံ အဆောက်အအုံတွေ ထိခိုက် ပျက်စီးစေဖို့ လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြပါတယ်။

Reuters

ဒေါ်နယ်လ်ထရမ့်နဲ့ ဗလာဒီမာ ပူတင်တို့ ဖုန်းဆက် ဆွေးနွေးခဲ့ကြပြီး နာရီပိုင်း အကြာမှာ ရုရှားနဲ့ ယူကရိန်းဟာ နှစ်ဖက် အခြေခံ အဆောက်အအုံတွေ ထိခိုက် ပျက်စီးစေဖို့ လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြပါတယ်။

မတ်လ ၁၈ ရက်နေ့က အမေရိကန် သမ္မတ ထရမ့်နဲ့ ရုရှားသမ္မတ ပူတင်တို့ဟာ ယူကရိန်း စစ်ပွဲ ရပ်ဆိုင်းရေး ညှိနှိုင်း ဆွေးနွေးမှုခဲ့ကြပါတယ်။ အဲဒီ ဆွေးနွေးမှုမှာ ပူတင်ဟာ အမေရိကန်ဖက်က အဆိုပြုတဲ့ ရက် ၃၀ ကြာ အပစ်အခတ် ရပ်စဲရေး ကိစ္စကို ပယ်ချခဲ့ပေမယ့် ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေကနေ ရှောင်ကြဉ်ဖို့ကိုတော့ လက်ခံခဲ့ပါတယ်။

ဆွေးနွေးပွဲအပြီး သိပ်မကြာခင်မှာပဲ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရုရှားဟာ ဆေးရုံတစ်ခု အပါအဝင် ယူကရိန်းနိုင်ငံ အနှံ့က နေရာတချို့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ သူက ပူတင်ဟာ ထရမ့်က ကမ်းလှမ်းတဲ့ အလုံးစုံ အပစ်အခတ် ရပ်စဲရေး ကိစ္စကို ပြောင်ပြောင်တင်းတင်း ငြင်းပယ်ခဲ့တာ ဖြစ်တယ်လို့လည်း စွပ်စွဲသွားပါတယ်။

ပူတင်နဲ့ထရမ့် ဖုန်းပြောပြီးတဲ့နောက် ယူကရိန်းဖက်ကလည်း ဒရုန်းတိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ခဲ့တာကြောင့် ရုရှားတောင်ပိုင်း၊ ခရက်စ်နိုဒါ ဒေသမှာရှိတဲ့ စက်သုံးဆီ သိုလှောင်ရုံ တစ်ခုမှာ မီးလောင်ကျွမ်းခဲ့တယ်လို့ ရုရှား အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဇီလန်စကီးက ရုရှားရဲ့ တိုက်ခိုက်မှုတွေဟာ ဆူမီမြို့က ဆေးရုံတစ်ခုအပြင် အရပ်ဖက် အခြေခံ အဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ ပူတင်နဲ့ ထရမ့်တို့ ဖုန်းပြောပြီး နာရီပိုင်းလောက် အကြာမှာပဲ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှု အစီအမံမှာ ပါဝင်တဲ့ ဒရုန်းအစီး ၄၀ လောက်ဟာ ယူကရိန်းကို ပစ်မှတ်ထား တိုက်ခိုက်လာခဲ့တာ ဖြစ်တယ်လို့ ဇီလန်စကီးက ဆိုပါတယ်။

ညပိုင်းမှာ ရုရှားက ဒရုန်းတွေ၊ ဒုံးကျည်တွေ အသုံးပြုပြီး ယူကရိန်းရဲ့ ဓာတ်အားပေးရုံတွေ၊ အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်တယ် ဆိုတာဟာ ယူကရိန်း ပြည်သူတွေအတွက် အသားကျလာတဲ့ အခြေအနေ တစ်ခုတောင် ဖြစ်လာနေပြီလို့လည်း ဇီလန်စကီးက ပြောပါတယ်။

တစ်ဖက်မှာတော့ ပူတင်နဲ့ ထရမ့် ဖုန်းပြောပြီးတဲ့အချိန် ယူကရိန်းဖက်က လွှတ်တင်ခဲ့တဲ့ ဒရုန်း ၅၇ စင်းကို ညလုံးပေါက် ကြားဖြတ် ဟန့်တား ပစ်ချခဲ့ရကြောင်း၊ အဲဒီထဲက ၃၅ စီးဟာ ယူကရိန်းတပ်တွေနဲ့ ရုရှားကြား တိုက်ပွဲတွေ ပြင်းထန်နေရာ ရုရှားပိုင် ကာ့စ်ခ်ဒေသမှာဖြစ်ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံ ၈၀ ရာခိုင်နှုန်းလောက်ဟာ ရုရှားဗုံးဒဏ်ကြောင့် ပျက်စီးခဲ့ပြီး ဖြစ်တယ်လို့ ဇီလန်စကီးက ပြောကြားခဲ့ဖူးပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။