Connect with us

Hi, what are you looking for?

သတင်း

သံတွဲမြို့ စစ်တပ်ဗုံးကြဲမှု ပြည်သူ ၁၀ဦးထက်မနည်း သေဆုံး၊ ၈ဦး ဒဏ်ရာရဟု AA ထုတ်ပြန်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

(သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်အပြီး မြင်ကွင်း။ ဓာတ်ပုံ − AA)

ဩဂုတ် ၁၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

ဩဂုတ် ၁၀ရက် နေ့လည်ပိုင်းမှာ စစ်တပ် တိုက်လေယာဉ်က ပေါင် ၃၀၀ ဗုံးလို့ယူဆရတဲ့ ဖျက်အားပြင်း ဗုံး ၃လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်ကြဲချတဲ့ ဗုံးတွေဟာ ကျောက်ကြီးကျေးရွာ ဓမ္မရောင်ခြည်ဘုန်းကြီးကျောင်းအနီး ဝန်းကျင် ကျရောက်ပေါက်ကွဲခဲ့ရာ ပြည်သူ ၁၀ဦးအထက် သေဆုံးပြီး ၈ဦး ဒဏ်ရာရခဲ့ကြောင်း ကနဦးသတင်းရရှိတယ်လို့ AAက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

အရပ်သား ၂ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး နေအိမ် အဆောက်အအုံ ၂၀ခန့် လုံး၀နီးပါး ပျက်စီးခဲ့ရကြောင်း အသိပေးပါတယ်။

စစ်တပ်ဟာ ဩဂုတ် ၃ရက်ကလည်း သံတွဲမြို့နယ် ငပလီမြို၊ ဂျိတ္တော (၉) ရပ်ကွက်ရှိ အပြစ်မဲ့ပြည်သူများနေထိုင်ရာ နေရာများကို တိုက်လေယာဉ်အုပ်စုလိုက်ဖြင့် ဗုံးအလုံးရေ (၆၀) နီးပါး ကြဲချတိုက်ခိုက်ခဲ့သလို ဇူလိုင် ၁၉ ရက်၊ ၂၃ရက် ၊ ၂၄ ရက်၊ ၂၇ရက်နဲ့ ၃၁ ရက်တွေမှာလည်း သံတွဲမြို့နယ်က ကျေးရွာတွေကို အကြိမ်ကြိမ် လေကြောင်းဗုံးကြဲခဲ့ရာ ပြည်သူအများအပြား သေဆုံးထိခိုက်မှုရှိခဲ့ပါတယ်။

ပြည်သူတွေအနေနဲ့ စစ်တပ်လေကြောင်းရန်၊ ရေကြောင်းက တိုက်ခိုက်လာတဲ့ ရန်ကို အရင်ထက်ပိုမိုဂရိုက်စိုက်ဖို့လည်း AAက တိုက်တွန်းထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ AAနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ အထိနာခဲ့တာကြောင့် အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လဝက်ခန့်အတွင်း စစ်တပ်က AA ထိန်းချုပ်ရာ မြောက်ဦး၊ သံတွဲ၊ အမ်း ဒေသတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ရာ အရပ်သား ပြည်သူ ၂၀ ဦးနီးပါး သေဆုံးကာ ၄၀ ဦးနီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

Facebook