Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုင်ငံတကာ ရေးရာကဏ္ဍတွေမှာ ရုရှား-တရုတ် ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်သင့်ကြောင်း ရှီကျင့်ဖျင်ပြော

နိုင်ငံတကာ အရေးကိစ္စတွေ ကိုင်တွယ် ဆောင်ရွက်ရာမှာ တရုတ်နဲ့ ရုရှားကြား ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမို မြှင့်တင်သင့်တယ်လို့ တရုတ် သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ အရေးကိစ္စတွေ ကိုင်တွယ် ဆောင်ရွက်ရာမှာ တရုတ်နဲ့ ရုရှားကြား ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမို မြှင့်တင်သင့်တယ်လို့ တရုတ် သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်ဆီ ရောက်ရှိနေတဲ့ ရုရှား လုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂျီ ရွှိုင်ဂူနဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က တွေ့ဆုံချိန်မှာ ရှီက တရုတ်နဲ့ ရုရှားဟာ ဒေသတွင်းနဲ့ နိုင်ငံတကာ အရေးကိစ္စတွေမှာ လက်ရှိထက် ပိုမို ညှိနှိုင်း ပူးပေါင်း လုပ်ဆောင်သင့်တယ်လို့ တိုက်တွန်း အကြံပြုခဲ့တာ ဖြစ်ပါတယ်။

နောက်ပြီး တရုတ်နဲ့ ရုရှားတို့ဟာ နှစ်ဖက် ဆက်ဆံရေးရဲ့ အဆင့်တိုင်းမှာ နီးကပ်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားသင့်တယ်လို့လည်း ရှီက ဆိုပါတယ်။ နှစ်နိုင်ငံဟာ အရေးပါတဲ့ သဘောထား မူဝါဒရေးရာ ကိစ္စတွေမှာလည်း အတူပူးပေါင်းပြီး တံခါးသစ်တွေ ဖွင့်လှစ်နိုင်မှာ ဖြစ်တယ်လို့ ရှီက ဆက်ပြောပါတယ်။

နောက်ပိုင်းမှာ တရုတ် နိုင်ငံခြားရေး ဝမ်ယိကလည်း ရွှိုင်ဂူနဲ့ သီးခြား တွေ့ဆုံခဲ့ပြီး တရုတ်-ရုရှား ဆက်ဆံရေးဟာ မယိမ်းမယိုင်နဲ့ ဆက်လက် တည်တံ့ ခိုင်မာနေမှာ ဖြစ်တယ်လို့ အာမခံ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးတော့ သင့်တော်တဲ့ အခြေအနေမျိုးတွေမှာ လုံခြုံရေး မဟာဗျူဟာဆိုင်ရာ အကြံယူ ဆွေးနွေးမှု အစီအစဉ်သစ်တွေ အကောင်အထည် ဖော်ကြဖို့လည်း ကတိပြုခဲ့ကြပါတယ်။

ရုရှားလုံခြုံရေး ကောင်စီက နောက်ပိုင်းမှာ ကြေညာချက် ထုတ်ပြန်ခဲ့တဲ့အခါ NATO စစ်မဟာမိတ် အဖွဲ့က အာရှဒေသတွင်းမှာ ဩဇာဖြန့်ကျက်ဖို့ လှုပ်ရှားလာတာတွေဟာ လက်ခံနိုင်စရာ မဟုတ်ဘူးလို့ ရုရှားရော၊ တရုတ်ကပါ သဘောတူခဲ့ကြကြောင်း ဖော်ပြ ပါရှိပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံး အာရုံစိုက်ရတဲ့ သတင်းတစ်ပုဒ်ဖြစ်တဲ့ ရုရှားမောင်နှမ ပျောက်ဆုံးမှုဟာ လူသတ်မှုအဖြစ် အတည်ပြု ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

ပိုလန်နိုင်ငံ ပိုင်နက်ထဲ ကျရောက်ခဲ့တဲ့ စစ်လက်နက်ဟာ ရုရှားရဲ့ ခရုစ်ဒုံးကျည် တစ်စင်း ဖြစ်ဖွယ်ရှိကြောင်း ပိုလန် အစိုးရက ပြောပါတယ်။

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။